Young Velog Young Velog
-
- News
အားလုံးပဲ မဂ်လာပါ Tech အကြောင်းကို စိတ်ဝင်စားတဲ့ ညီအစ်ကိုမောင်နှမ တို့အတွက်ဒီလိုအသံလေးတွေနဲ့ Tech နဲ့ပက်သက်တွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဗျ။
-
QR Code ဆိုတာဘယ်လိုအလုပ်လုပ်တာလဲ?
၂ စက္ကန့် ပဲလိုတယ်..........
တကယ်တော့ QR code က ကျွန်တော်တို့နေ့စဥ်လုပ်ငန်းဆောင်တာတွေမှာတကယ့်ကိုလိုအပ်ပြီးမရှိမဖြစ်တဲ့အရာဆိုလည်းမမှားပါဘူး။အရင် QR code ဆိုတာဘာလဲရှင်းပြပေးပါမယ်။
QR Code ရဲ့အရှည်ကောက်ကို Quick Response လို့ခေါ်ပါတယ်။QR Code တွေကိုကျွန်တော်တို့ငွေပေးချေတဲ့နေရာတွေ information ပေးချင်တဲ့အခါတွေ ps တွေ နဲ့ အခုလိုမျိုးကူးစက်
ရောဂါတွေပျင်းထန်နေတဲ့ကာလမှာ ငွေစက္ကူတွေကိုင်စရာလိုပဲနဲ့ လွယ်ကူလျင်မြန်ရိုးရှင်းတဲ့ ဖြေရှင်းနည်းတစ်ခုပေါ့။
QR code တွေကိုစတင်မွေးဖွားလာတာကတော့ ၁၉၉၄ ခုနှစ်လောက်က ဂျပန်နိုင်ငံမှာရှိတဲ့ denso wave company ကနေစတင်တီထွင်ခဲ့တာပါ။အခုဆိုရင် QR code တွေဟာ တကမ္ဘာလုံးမှာအဆင်ပြေပြေနဲ့အသုံးပြုနိုင်နေကြပါပြီ။
QR code တွေနဲ့ ဆင်တူတာကိုထောက်ပြရရင်တော့ တနည်းအားဖြင့် UPC Universal Products Code ပုံစံပဲပေါ့။24hr store တွေက လွယ်ကူလျင်မြန်တယ်ဆိုတဲ့ ဆောင်ပုဒ်တစ်ခုမှာ ဒီလို scan ဖတ်ရတဲ့ နည်းပညာကမရှိမဖြစ်ပဲပေါ့။UPC ကတော့ ကျွန်တော်တို့နဲ့ဝေးတယ် ကျွန်တော်တို့ရဲ့ နေ့စဥ်ဘဝမှာအသုံးပြုဖို့သင့်တော်တာကျတော့ QR code တွေပါပဲ။
QR code ကဘာလို့အသုံးပြုဖို့သင့်တော်ရလဲဆိုတော့ သူ့နာမည်အတိုင်း QR --- Quick Response!
တုံ့ပြန်မှုက တအားမြန်လို့ပါ။လူတစ်ယောက်ကိုဒီတိုင်း
ပါးစပ်ကနေ လမ်းညွန်နေတာထက်စာရင် အဲ့နေရာ location QR code ကို scan ဖတ်ပြီးရှာလိုက်က အများကြီးပိုအဆင်ပြေတယ်။
QR code တစ်ခုကို scan ဖတ်ဖို့ကြာချိန်အားဖြင့်
2 sec ပဲလိုပါတယ်။အဲ့ဒီ 2 sec အတွင်းမှာက သူကကိုယ်ပို့ချင်တဲ့ Data တွေကိုအမြန်နူန်းနဲ့ လွှဲပြောင်းပေးမှာပါ။ဥပမာ - wifi ps ကိုဂဏန်း ၈လုံးလောက်ထိုင်ထည့်နေမဲ့အစား QR Code လေးဖတ်လိုက်ရင် 2 sec ထဲနဲ့ချိတ်ပြီးသားပဲ။ဒါတင်မကသေးဘူး ကိုယ်အသိက
သူငယ်ချင်းတစ်ယောက်ရဲ့ဖုန်းနံပါတ်ကိုတောင်းလို့ ကိုယ်ကပါးစပ်ကရွှတ်ပြီးပြောပြနေမယ်ဆိုရင် အာညှောင်းတာပေါ -
FaceBook မှာတင်နေတဲ့ Video တွေ Quality ကျကျနေတာဘာကြောင့်လဲ အဖြေရှာကြမယ်။
ဒီVideo ထဲမှာက ကျွန်တော်တို့ နေ့စဥ်တင်တင်နေတဲ့ FaceBook Video Resolution တွေကဘာလို့ တင်ရင်တင်တဲ့အတိုင်းကြည့်မရတာလဲဆိုတာကို အဖြေရှာကြည့်ကြမဲ့ Video လေးပါ။
ပထမဆုံးအနေနဲ့ FaceBook မှာတင်လို့ ကြည်လို့ရတဲ့ အမြင့်ဆုံး Video Quality ကတော့ 2160p ဒါမှမဟုတ် 4K ပါ။အပိုထပ်ဆောင်းပြောရရင်တော့ Video Platform တစ်ခုဖြစ်တဲ့ YouTube မှာဆိုရင်တော့ လက်ရှိအမြင့်ဆုံး
Resolution ဖြစ်တဲ့ 8K အထိ Support ပေးထားပါတယ်။
ကျွန်တော်တို့ facebook မှာနေ့တိုင်း တွေ့နေရတဲ့ Video အများစုကတော့ 1080P Resolution ရှိကြပါတယ်။ဘာလို့လဲဆိုတော့ fb ရဲ့ standard video quality က 1080P ဖြစ်လို့ပါ။ 1080p resolution ကတင်ဖို့လည်းသင့်တော်တယ်။ကြည်လို့လည်း အဆင်အပြေဆုံးဖြစ်ပါတယ်။
ကျွန်တော်ထပ်ပြီးရှင်းပြပေးချင်တာက fb မှာ တချို့ Video Creater တွေက သူတို့ရဲ့ Video တွေကို fb ရဲ resolution အမြင့်ဆုံးဖြစ်တဲ့ 4k နဲ့တင်လိုက်တယ်ပဲထား
ဒါပင်မဲ့ ကျွန်တော်တို့ဖုန်းနဲ့ပြန်ပြီးကြည့်လိုက်တဲ့ အခါကျတော့ resolution က 1080P တို့တခါတလေ 720P အထိတောင်ဖြစ်နေတတ်ကြပါတယ်။
ဒီလို ဖြစ်နေရတဲ့ အဓိကအကြောင်းအရင်းကတော့ နှစ်မျိုးရှိတယ်။
ပထမတစ်မျိုးက ကိုယ်ကြည့်နေတဲ့ Device ရဲ့ Display
Quality ကြောင့်
ဒုတိယတမျိုးကတော့ fb ကြောင့်ပါ။
ပထမတမျိုးကိုရှင်းပြရရင်တော့ ကျွန်တော်တို့ရဲ့ နေ့တိုင်း
သုံးနေတဲ့ ဖုန်းတွေမှာ ရှိတဲ့ Display Quality ပါ။ဒီဖုန်းတွေရဲ့ Display Pannel မှာဆိုရင် ကျွန်တော်တို့ရှေ့ကပြောပြခဲ့တဲ့ Resolution ဆိုတာရှိကြပါတယ်။
အများစုသောဖုန်းတွေမှာတော့ 1080P ရှိတတ်ကြတယ်။
တချို့ကတော့ 720P လောက်ပဲရှိတတ်ကြပါတယ်။
ကျွန်တော်တို့ ကြည့်နေတဲ့ Video က 4k /2160p ရှိနေပင်မဲ့လည်း ကျွန်တော်တို့ကြည့်နေတဲ့ Device က Support ပေးသလောက်ပဲ ကျွန်တော်ကမြင်ရမှာဖြစ်ပါတယ်။
ကြည့်နေတဲ့ Video Quality က 2160P ရှိနေရင်တောင် 720p ပဲရှိတဲ့ ဖုန်းမှာ ဒီ Video ရဲ့ Resolution က 720P ပဲရှိမှာပါ။
ဒီလိုပဲ 1080P ပဲရှိတဲ့ ဖုန်းရဲ့ Screen ပေါ်မှာ 1080p ပဲကျွန်တော်တို့အမြင့်ဆုံးကြည့် -
Oneplus Nord N Series အကြောင်းပြောကြမယ်။
ဒီ တစ်ခေါက် Podcast လေးမှာတော့ Oneplus Nord N Series လေးအကြောင်းကိုအဓိက ရှင်းလင်းပြောပေးသွားမှာပါ။ Oneplus အနေနဲ့လွန်ခဲ့တဲ့ နှစ်ရက်လောက်မှာ သူတို့ရဲ့ ပထမဆုံးသော Budget Phone Lineup ကိုကြောငြာသွားခဲ့တဲ့အကြောင်းလေးပါ။
-