နေ့စဉ် တီဗွီသတင်းလွှာ - ဗွီအိုအေ VOA ဗီြအို (Burmese)
-
- News
ဗွီအိုအေ မြန်မာဌာန၏ နေ့စဉ်တီဗွီသတင်းလွှာကို ည ၇ နာရီမှ ၇ နာရီခွဲအထိ နေ့စဉ် တိုက်ရိုက် ထုတ်လွှင့်ပေးနေပါသည်။
-
- video
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၁၊ ၂၀၂၄) - မေ ၂၁, ၂၀၂၄
ရဟတ်ယာဥ်ပျက်ကျပြီး ကွယ်လွန်သွားတဲ့ အီရန်သမ္မတ Ebrahim Raisi နဲ့ သူ့ရဲ့အဖွဲ့ဝင် ၇ ဦးရဲ့ စျာပနာကို အီရန်ပြည်သူ သောင်းနဲ့ချီ တက်ရောက်ပါတယ်။ အစ္စရေး ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ ကာကွယ်ရေးဝန်ကြီး Yoav Gallant တို့ကို စစ်ရာဇဝတ်မှုနဲ့ ဖမ်းဝရမ်းထုတ်ဖို့ နိုင်ငံတကာ ပြစ်မှုဆိုင်ရာခုံရုံး ICC ရှေ့နေတွေက ကြိုးပမ်းနေတာဟာ စက်ဆုပ်ဖွယ်ရာ ကောင်းတယ်လို့ အစ္စရေးကာကွယ်ရေး ဝန်ကြီး က ပြောဆိုလိုက်ပါတယ်။တရုတ်မြန်မာနယ်စပ် ကုန်သွယ်ရေးဟာ ပြီးခဲ့တဲ့ နှစ်နဲ့နှိုင်းယှဉ်ရင် အမေရိကန် ဒေါ်လာ ၁၂၇ သန်း ကျော် ကျဆင်းသွားတဲ့အကြောင်း စစ်ကောင်စီ ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက ဖေါ်ပြပါတယ်။
-
- video
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၂၀၊ ၂၀၂၄) - မေ ၂၀, ၂၀၂၄
အီရန်သမ္မတ Ebrahim Raisi ဟာ မနေ့က ရဟတ်ယာဉ်ပျက်ကျပြီး သေဆုံးသွားကြောင်း အီရန်အစိုးရ သတင်း ထုတ်၊ ဂါဇာတောင်ပိုင်း Rafah မြို့က မြေပြင် စစ်ဆင်ရေးတွေကို တိုးမြှင့်ဆောင်ရွက်သွားဖို့ သံန္နိဌာန်ချထားကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီးပြော၊ ယူကရိန်းနိုင်ငံ Kharkiv မြို့အပြင်ဘက် လူစည်ကားတဲ့ အပန်းဖြေစခန်းတခုကို ရုရှားက ဒုံးကျည်နဲ့ တိုက်ခိုက်
-
- video
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၇၊ ၂၀၂၄) - မေ ၁၇, ၂၀၂၄
ဂါဇာအတွက် ပထမဆုံး ရေကြောင်း အကူအညီတွေ အမေရိကန်ဆိပ်ခံတံတားသစ်ကနေ ပို့၊ ခရိုင်းမီးယား ကျွန်းဆွယ်နဲ့ ရုရုားနယ်မြေထဲကို ယူကရိန်းက ဒရုန်းတွေနဲ့ တိုက်ခိုက်ခဲ့လို့ ကလေးငယ်တဦး အပါအဝင် လူ ၂ ဦး သေဆုံးခဲ့သလို၊ ရေနံချက်စက်ရုံတခု မီးလောင်၊ ဒေါ်အောင်ဆန်းစုကြည် မိသားစုပိုင် တက္ကသိုလ်ရိပ်သာလမ်း နေအိမ်ကို လေလံတင်ရောင်းချဖို့ တရားရုံးက သတ်မှတ်ပေးတဲ့ ဈေးနှုန်းကို ပြင်ဆင်ပေးဖို့ အကိုဖြစ်သူ ဦးအောင်ဆန်းဦးဘက်က ကြိုးစားနေ
-
- video
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၆၊ ၂၀၂၄) - မေ ၁၆, ၂၀၂၄
ယူကရိန်းအရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ လိုအပ်တယ်ဆိုတာကို ရုရှား နဲ့ တရုတ် သဘောတူတယ်လို့ တရုတ်သမ္မတ Xi ကပြော၊
ဂါဇာမြောက်ပိုင်းမှာ အစ္စရေးတင့်ကားမီးလောင်မှုအတွင်း အစ္စရေးစစ်သား ၅ ယောက်သေဆုံးခဲ့ကြောင်း အစ္စရေးစစ်တပ်ပြော၊
မြန်မာနိုင်ငံအတွက် လူသားချင်း စာနာထောက်ထားမှု အကူအညီတွေ ပေးနိုင်ရေးနဲ့ အာဆီယံ အစည်းအဝေးတွေမှာ မြန်မာနိုင်ငံ ပါဝင်နိုင်မယ့် အခြေအနေတွေကို စစ်ကောင်စီနဲ့ အာဆီယံကိုယ်စားလှယ်တွေ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးကြပါတယ်။ -
- video
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၅၊ ၂၀၂၄) - မေ ၁၅, ၂၀၂၄
ရုရှားရဲ့ ထိုးစစ်အသစ်တွေနဲ့ ရင်ဆိုင်နေရတဲ့ ယူကရိန်းနိုင်ငံသားတွေ စိတ်ဓာတ်တက်ကြွလာစေရေးအတွက် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးအားပေး၊ ဂါဇာတောင်ပိုင်း Rafah မှာ အစ္စရေးရဲ့ ထိုးစစ် ချက်ခြင်း ရပ်တန့်ဖို့ EU ဥရောပသမဂ္ဂတောင်းဆို၊ တရုတ်အစိုးရရဲ့ ကြားဝင်စေ့စပ်မှုအရ မြန်မာစစ်ကောင်စီနဲ့ တိုင်းရင်းသားလက်နက်ကိုင် ညီနောင်မဟာမိတ် ၃ ဖွဲ့ တို့ ကူမင်းမြို့မှာ မနေ့ကစတင် ဆွေးနွေး
-
- video
နေ့စဉ် တီဗွီသတင်းလွှာ (မေ ၁၄၊ ၂၀၂၄) - မေ ၁၄, ၂၀၂၄
အမေရိကန် စစ်လက်နက်အကူအညီတချို့ ယူကရိန်းကို ရောက်နေပြီး ဖြစ်ပြီး ထပ်ပြီး ရောက်လာဖို့လည်း ရှိတယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ယူကရိန်း သမ္မတ ဇာလန်းစကီး နဲ့တွေ့ဆုံချိန်မှာ ပြော၊ဂါဇာဒေသတောင်ပိုင်း Rafah မြို့ကနေ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ စွန့်ခွာ ထွက်ပြေးတဲ့သူ ၄ သိန်းခွဲ နီးပါး ရှိမယ်လို့ ခန့်မှန်းကြောင်း ပါလက်စတိုင်း ဒုက္ခသည်ရေးရာ ကုလသမဂ္ဂအေဂျင်စီပြော၊မြန်မာနိုင်ငံက ပဋိပက္ခတွေအကြား ပြည်တွင်း အိုးအိမ်စွန့်ခွာ ထွက်ပြေးသူ IDP အရေအတွက် ၁၃ သိန်း လောက် ရှိတဲ့အကြောင်း IDMC ခေါ် ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးသူများ လေ့လာစောင့်ကြည့်ရေးအဖွဲ့က အစီရင်ခံစာ ထုတ်ပြန်။