Saw Wunna's Podcast Saw Wunna
-
- Arts
ကိုယ်တိုင်ရေး အက်ဆေးနည်းနည်းနဲ့ တစ်ခြားဖန်တီးသူတွေရဲ့ ကဗျာ၊အက်ဆေး၊ဝတ္ထုတိုများများကို အလျဉ်းသင့်သလို Podcast ပြုလုပ်ဖို့ရည်ရွယ်ပါတယ်။
-
ရန်ကုန်ဟာ သွေးအေးနေပြီလား
ဒီကာလမှာ ရန်ကုန်ဟာ တကယ်ပဲ သွေးအေးနေပြီလားလို့ ကျနော်အမြဲမေးခွန်းထုတ်ပါတယ်။ ဒီ Episode ကတော့ ကျနော့်မေးခွန်းကို ကျနော်ပြန်ဖြေထားကြည့်တာပါပဲ။ နားထောင်ပေးလို့ ကျေးဇူးတင်ပါတယ်။ စောဝဏ္ဏ ၁၃.၆.၂၀၂၁
-
One Plate Policy
ဝိတ်ဘယ်လိုကျသွားလဲ၊ကျနော်တို့ရဲ့ နေ့လည်စာစားကြတဲ့ ယဉ်ကျေးမှုအကြောင်းနဲ့ လူတွေအကြောင်းနည်းနည်းကို မှတ်မိသလောက် လက်တန်းပြောထားတာဖြစ်ပါတယ်။ တစ်ချို့နေရာတွေ ဖြည့်ပြောဖို့ အချက်အလက်နည်းနည်းကျန်ခဲ့ပေမယ့် အသံသွင်းပြီးပြီးချင်း Upload လုပ်လိုက်ပါတယ်။ နားထောင်ပေးလို့ကျေးဇူးတင်ပါတယ်။ စောဝဏ္ဏ
-
*ကျနော်တို့အခန်းနာမည်က ပြန်ဆုံမယ့် အနောက်စကားဝိုင်း*
လမ်းချိုးလေးကို ကွေ့လိုက်ရင် သံတံခါးအကြီးကြီး တစ်ခု တွေ့လိမ့်မယ်။ လူစိမ်းဆိုရင် အထဲကနေ ဘယ်သူနဲ့တွေ့ချင်လို့လဲလို့ အပြာရောင်လက်ရှည်အကျီကို ခေါက်ဝတ်ထားတဲ့ လူတစ်ယောက်လာမေးရင် ကျနော်တို့ အလုပ်ကို ရောက်ပါပြီ။ခြံထဲကို ဝင်လာပြီဆိုတာနဲ့ မဂ်လာပါ ညီလေးစော၊ဂွဒ်မောနင်းလို့ နှုတ်ဆက်တဲ့ လုံခြုံရေးဦးလေးတစ်ယောက်ကို ကျော်ပြီး ခြံတံခါးအတိုင်းမျက်နှာမူရာအရှေ့ဘက်ကို ခြေလှမ်းနှစ်ဆယ်ခန့်လျှောက်ရင် ကျနော်တို့ အဖွဲ့ရဲ့ ရုံးခန်းကို ရောက်ပါပြီ။ ကျနော်တို့ အဖွဲ့ဆိုတာ မရှက်နဲ့၊ဒီဂျစ်တယ်၊Outreachနဲ့ သင်တန်းရေးရာ ယူနစ်လေးခုပေါင်း ထားတဲ့ လူဆယ့်သုံးယောက်ရှိတဲ့ အဖွဲ့ပါ။ အခန်းရဲ့ အလယ်တည့်တည့်မှာ စားပွဲဝိုင်းခပ်ကြီးကြီးတစ်လုံးရှိပါတယ်။ အဆိုပါ စားပွဲပေါ်မှာ အခန်းထဲက လူတွေ ဝယ်လာတဲ့ လက်ဖက်ရည်၊စမူဆာ၊အီကြာကွေး၊ဆီထမင်း၊အသုတ်၊မုန့်ဟင်းခါး အစရှိတဲ့ မနက်ခင်းအစားအစာတွေကို မကြာခဏတွေ့ရပါတယ်။ အခန်းထဲက ဝိုင်းတော်သားတွေရဲ့ မရိုးရတဲ့ နေ့စဉ်မနက်ခင်းအစားအစာတွေပေါ့။
ကြိုက်နှစ်သက်ရာကို ဝင်ရောက်သုံးဆောင်နိုင်ပါတယ်။
အခန်းနာမည်ပေးဖြစ်ပုံလား?
ဒီလိုပါ၊ ကျနော်တို့ စီမံချက်နာမည်က မရှက်နဲ့လေ။လူငယ်တွေအတွက် မျိုးဆက်ပွားနဲ့လိင်မှုဆိုင်ရာကျန်းမာရေးအချက်အလက်တွေကို Facebook ပေါ်ကနေ လူငယ်ဆန်ဆန် ပေါ့ပေါ့ပါးပါးလေ့လာနိုင်အောင် မှန်ကန်အချက်အလက်အခြေပြုအကြောင်းအရာတွေ ထုတ်လုပ်ကြတာပေါ့။စကားလုံးခပ်ကြီးကြီးသုံးရရင် SBCC လို့ အတိုကောက်ခေါ်တဲ့ လူမှုအပြုအမူဆိုင်ရာပြောင်းလဲခြင်းအတွက်ဆက်သွယ်ရေးပေါ့။ မြန်မာလို အတော်ရှည်၊ရှုပ်တယ်နော်။ ဘိုလိုဆို Social and Behavioral Change Communication လို့ခေါ်တယ်ဗျာ။
နာမည်ပေးဖြစ်ပုံကတော့ဗျာ လိင်မှုဆိုင်ရာကိစ္စတွေ ပြောတာဆိုတော့ အနောက်တံခါးက အင်း...ကိုယ -
ကာတွန်းတွေအကြောင်း နည်းနည်းပါ
ကာတွန်းတွေအကြောင်း နည်းနည်းပါ
ကာတွန်းတွေဟာ ခေတ်ရဲ့ ပြောစကားတွေပါပဲ။ ကာတွန်းဦးဘဂျမ်းတို့လက်ထက်ကနေ ခုအာဏာရှင် စနစ်အထိ ကာတွန်းတွေ ဆီကနေ ဖွင့်ဟပြောဆိုလာတဲ့ ပုံရိပ်တွေနဲ့ စကားလုံးတွေဟာ ခေတ်ကို ပြောပြဖို့ ကြိုးစားနေကြတဲ့ အနုပညာပါပဲ။ ကာတွန်းဆရာတွေဟာ ခေတ်ကို မျက်ခြေမပြတ်ဘူး။ ခေတ်ကိုစောင့်ကြည့်တယ်။ ခေတ်ကို ဝေဖန်မျက်လုံးနဲ့ကြည့်ရှု့တယ်။ခေတ်ကို ရင်ဘတ်နဲ့ခံစားတယ်။ ခေတ်ကို ကာတွန်းတွေအဖြစ်နဲ့ ပြန်လည်သွန်ချထုတ်ဖော်လေ့ရှိပါတယ်။နိုင်ငံတစ်ခုရဲ့ အသိဉာဏ်ရေချိန်နဲ့ခေတ်စနစ်တွေကိုလေ့လာချင်ရင် ကာတွန်းတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ဒီနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်နေတဲ့နိုင်ငံလား၊ဖွတ်ကြောပြာစုဖြစ်နေတဲ့နိုင်ငံလား။လူ့အခွင့်အရေးကိုဦးစားပေးတဲ့နိုင်ငံလား။ဒီမိုကရေစီနိုင်ငံလား။အာဏာရှင်နိုင်ငံလား။
နိုင်ငံသားတွေရဲ့ နိုင်ငံရေးရေချိန်မြှင့်နေသလား သိချင်ရင် ကာတွန်းတွေကို လေ့လာကြည့်ပါ မိတ်ဆွေ။
ကျနော်တို့ မပြောနိုင်တဲ့ စကားလုံးမျိုး၊ကျနော်တို့ မမြင်နိုင်တဲ့ ရှု့ထောင့်မျိုးကို ကာတွန်းတွေကနေ တစ်ဆင့်ပြောပြနေပါတယ်။
ကာတွန်းတွေဟာ ကလေးဘဝ၊ကြီးကောင်ဝင်စအရွယ်၊လူပျိုပေါက်နဲ့ အသက်အရွယ်အိုမင်းလာချိန်အထိ ကျတော်တို့ကို စွဲဆောင်နေပါတယ်။
ဒီစာသားကို ဖတ်မိလို့ ကာတွန်းဆရာတစ်ယောက်ယောက်ရေးဆွဲတဲ့ ကာတွန်းတစ်ကွက်၊ကာတွန်းဇာတ်ဆောင်တစ်ကောင်ရဲ့ ပုံရိပ်ကို မိတ်ဆွေတို့ မျက်လုံးထဲမှာ မြင်ယောင်သွားမိမယ်ဆိုရင် အဆိုပါပုံရိပ်ဟာ မိတ်ဆွေတို့ရဲ့ နှလုံးသားနဲ့အသိဉာဏ်မှာ မှီတွယ်နေတဲ့ ကာတွန်းပုံရိပ်ဖြစ်ပါတယ်။
အဆိုပါ ပုံရိပ်ကို ထပ်တွေးကြည့်ပါ။ ဘာကြောင့် ဒီကာတွန်းဖြစ်နေရပါသလဲလို့ မေးခွန်းထုတ်ကြည့်ပါ။
ရလာတဲ့ အဖြေဟာ ကျနော်တို့နဲ့ ကာတွန်းကြား -
-
မင်းနဲ့ငါ တစ်ညတာ(နေမျိုး)
မင်းနဲ့ငါ တစ်ညတာ
မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့။
ငါလည်း ပြောစရာရှိတာတွေကို မပြောတော့ဘူး။
မင်းကြီးပြင်းခဲ့တဲ့မြို့။ မင်းငယ်ဘ၀။
ငါကြီးပြင်းခဲ့ရာမြို့။ ငါ့ငယ်ဘ၀။
ငါတို့ရဲ့ အမှတ်ရစရာတွေ။ငါတို့ရဲ့ ခံစားခဲ့ရမှုတွေ။
ငါတို့သီခဲ့ကြတဲ့တေးတွေရင်ထဲမှာပဲ သိမ်းထားလိုက်ကြစို့။
လူဆိုတာ ပျော်ရွှင်စရာတွေ့ရင် ပြုံးရယ်မှာပဲ။
၀မ်းနည်းစရာတွေ့ရင် ငိုမိမှာပဲ။အကျပ်အတည်းတွေ့ရင် ရုန်းကန်မှာပဲ။
ငါတို့ မမြင်နိုင်သေးတဲ့ တရားဓမ္မတွေ၊ ငါတို့မသိသေးတဲ့ သံဝေဂတွေ သူ့အတိုင်းပဲ ရှိနေပါစေကွာ။
ဘယ်အရာကို ပိုကောင်းအောင် လုပ်နိုင်မလဲ။ဒါကို ငါစဉ်းစားမိသလို
ဘယ်အရာကို ပိုဆိုးမသွားအောင် လုပ်ထားနိုင်မှာလဲ။ မင်းလည်း စဉ်းစားမိမှာပါကွာ။
တို့ ဒီနေ့အဖို့ ပေါင်မုန့်ကလေးတစ်လုံးကောင်းကောင်းဖုတ်မယ်။
သလဲပင်ကလေးကို ရေလောင်းမယ်။ အဝေးကရောက်လာမယ့် စာပို့သမားကိုလည်း စောင့်မျှော်မယ်။
မင်းလည်း ပြောစရာရှိတာတွေ မပြောနဲ့တော့။
ငါလည်း ပြောစရာရှိတာတွေ မပြောတော့ဘူး။
အတွေ့အကြုံ ဖြတ်သန်းမှု မတူပေမယ့်
ခံစားချက်တွေဟာ ဒီအတိုင်းပဲ။ကမ္ဘာကြီးဟာလည်း တစ်ခုတည်း။
မနက်လင်းရင် အရှေ့အရပ်က ထွက်ပေါ်လာမယ့် နေမင်းကြီးကို ငါတို့ စောစောထကြည့်ကြမယ်။ငါတို့ ငြင်းခုံဖို့ မလိုတော့ဘူး။ ငါတို့ ဆွေးနွေးဖို့ မလိုတော့ဘူး။
စက်သီးကြိုးနဲ့ ကျောက်တုံးရေတွင်းထဲကရေကို ငါငင်မယ်။ မင်းက သလဲပင်ကလေးကို လောင်းပါ။ တကယ်တော့ ပေါင်မုန့်တစ်လုံးထက် ပေါင်မုန့်နှစ်လုံးက ပိုကောင်းတာပေါ့ကွာ။ ဒါပေမဲ့ ပေါင်မုန့်တစ်လုံးတည်း မင်းဖုတ်ခဲ့လည်း ငါကျေနပ်ပြီ။ မီးဖိုထဲကမီးတွေ ငြိမ်းသွားလို့ အအေးဓာတ် စတင်ဖြစ်ပေါ်လာခဲ့ရင် မင်း ငါ့အနားကို တိုးပါ။ မင်းကို ငါပွေ့ဖက်ထားမယ်။ နွေးအောင်ပေါ့။ ဒီထက်မပိုဘူး