2 min.

ကိုယ်လိုချင်တာ နွေးထွေးတဲ့ လက်ဖဝါး . မိုးရ‪ဲ‬ လက်ဖက်ရည်ချို

    • Boeken

◾️ ကိုယ်လိုချင်တာ နွေးထွေးတဲ့ လက်ဖဝါး

မြက်ခင်းပြင်တွေက ဘယ်တော့မှ အဆုံးသတ် မရှိပေမယ့် မင်း ပင်ပန်းနေမှုကို ကိုယ် သိတယ်။ အလုပ်ခွင်ကနေ နေအိမ်ကို ပြန်ရောက်လာတဲ့ အမျိုးသမီးတစ်ယောက်က သူ့ခန္ဓာကိုယ်ပေါ်မှာရှိတဲ့ အဝတ်အစားတွေ အကုန်လုံးကို တစစီ ချွတ်ချပစ်ချင်ခဲ့သလို ပင်ပန်းမှုမျိုး။ ငိုနေတဲ့ မျက်ရည်တွေက ကလေးတစ်ယောက်ရဲ့ ရင်ထဲကနေ လှိုက်တတ်လာတဲ့ လှိုင်းလုံးတွေလို ဝမ်းနည်းမှုမျိုး။ လှိုင်းလုံးတွေ ပြန်လည်ကျဆင်းသွားတဲ့အခါမှာတော့ ကမ်းခြေမှာ ဘယ်လိုခြေရာလက်ရာမှ မထားရှိခဲ့သလို မျက်ရည်တွေ။ ကိုယ်တို့တိုင်းပြည်မှာ နေ့စဉ်နေ့တိုင်း နေဝင်၊ နေထွက်နေပုံက ကိုယ် ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်တစ်ခုထဲကလို အမျိုးသမီးတစ်ယောက်က သူနဲ့ လိင်ဆက်ဆံခဲ့တဲ့ လူတိုင်းကို ရှင်နဲ့မှ ပထမဆုံး ပြီးမြောက်ခဲ့ဖူးတာပါလို့ ထပ်တူပြောဆိုနေတဲ့ အတိုင်းပဲ။ ဒါပေမဲ့ ကိုယ်ကိုယ်တိုင်လည်း နေမင်းရဲ့ အရှေ့ဘက်ကို အဓိပ္ပာယ်မရှိ လမ်းလျှောက်ရင်း တချိန်ချိန််မှာ လဲကျသေဆုံးသွားရမယ့် ဆိုက်ဘေးရီးယားက လယ်သမားတစ်ယောက် ဆိုတာမျိုးတော့ မဖြစ်ချင်ခဲ့ပါဘူး။ ကိုယ်တို့အားလုံးဟာ သေဆုံးခဲ့ပြီးသား။ လွင်ပြင်တွေကို ဖြတ်လာစဉ်ကတည်းက လေညှင်းတွေနဲ့ ခွဲခွါခဲ့ပြီးသား။ ကိုယ်တို့ မျက်နှာတွေအပေါ်မှာတော့ အမြဲတစေ ဇာပုဝါစတွေနဲ့ပဲ ဖုံးလွှမ်းထားခဲ့တယ်။ ဖြစ်ခဲ့သမျှ အရာရာကို လက်ခံနိုင်စွမ်း ဆိုတာမျိုး မရှိရင် တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မင်းရဲ့ ရင်သားတွေအပေါ် နောက်တစ်ခါ ကိုယ် တိုးဝင်အိပ်စက်နိုင်လိမ့်မယ်လို့ ယုံကြည်နိုင်စွမ်း ဆိုတာလည်း ဘယ်တော့မှ ရှိလာမှာ မဟုတ်ပါဘူး။ အိပ်မက်ဆိုတာ တကယ်ရှိခဲ့ရင်တော့ အဲဒီအိပ်မက်က မင်းရဲ့ နွေးထွေးတဲ့ လက်ဖဝါးတွေနဲ့ ကိုယ့်ရဲ့ ပါးပြင်ကို ထိကပ်ထားဖို့ပေါ့။

◾မိုးရဲ