Wai's Postbox

Wai

Undelivered Letters From The Red Mailbox

الحلقات

  1. ❝ငယ်ငယ်တုန်းက အိမ် ❞

    ٢٤ يناير

    ❝ငယ်ငယ်တုန်းက အိမ် ❞

    အိမ်လို့ပြောလိုက်ရင် ဘာကို သတိတရ အောက်မေ့မိလဲ။ ဘာကို ပြေးမြင်လဲ။ အမေရိကန်မော်ဒန်ကဗျာဆရာမကြီး ဂါးထရု(ဒ်) စတိုင်းန်ရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်မှာ နာမည်ကြီးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ 'There is no there there' 'အဲဒီမှာ အဲဒီမှာ မရှိတော့ဘူး' တဲ့။ ဆရာမကြီး စတိုင်းန်ဟာ သူမရဲ့မွေးရပ်ဇာတိကို နှစ်၃၀ကျော်လောက်မှပြန်ရောက်ပြီး အရာရာဟာ လုံးဝပြောင်းလဲသွားတာတွေ့လိုက်ရတယ်။ သူမ ခလေးဘဝကနေခဲ့တဲ့အိမ်ရယ် သစ်ပင်တွေရယ် ဆော့ကစားခဲ့တဲ့နေရာတွေလည်း မရှိတော့ဘူး။ သူမ တွေ့ချင်တဲ့အရာတွေ၊ လွမ်းနေခဲ့ရသမျှဆီပြန်ရောက်လာတဲ့အခါ အဲဒီလွမ်းစရာတွေဟာ ဘာတစ်ခုမှမရှိတော့ဘူး။ လွမ်းလို့ပြန်လာခါမှ လွမ်းစရာဟာ မရှိတော့ဘူး။ သူ့ရဲ့ ဇာတိမြို့ကို ပြန်ရောက်နေပေမယ့် သူ့မြို့ မဟုတ်တော့သလိုပဲ ဒီမြို့နဲ့ သူနဲ့ကြား နီးစပ်နွေးထွေးမှု မရှိတော့သလိုပဲ။ တွေးတွေးပြီးလွမ်းခဲ့ လွမ်းလွမ်းပြီးတွေးခဲ့တာဟာ ဘယ်မှာမှ မရှိတော့ဘူး' There is no there there ။လို့ ရင်နာနာနဲ့ မှတ်တမ်းတင်ခဲ့တာပါ။

    ١٣ د
  2. ٢٧‏/٠٩‏/٢٠٢٥

    သော့ခတ်ထားတဲ့ အခန်းထဲက ထူးဆန်းတဲ့ လူသတ်မှု

    တိုက်ခန်းအဆောင် တစ်ခုမှာ အခန်းတွေက ကပ်နေတော့ ဘေးအခန်းတွေက ရန်ဖြစ်သံ၊ ရယ်မောသံ၊ ငိုကြွေးသံ၊ ဆူညံသံတွေကို အတိုင်းသားကြားနေရတယ်။ အဲ့ဒီအခန်းတွေထဲ အခန်း တစ်ခန်း ကတော့ တခြားအခန်းတွေထက်ကို  ပို ဆူညံတယ်။ အဲ့ဒီအခန်းမှာလူငယ် ကောင်လေး တစ်ယောက်တည်းနေထိုင်တာ။ညဘက်ဆို သီချင်းတွေ အကျယ်ကြီး ဖွင့်တတ်တယ်၊ ဂိမ်းကို ဆူညံနေအောင် ဆော့တတ်တယ်၊ အနံ့ပြင်းတဲ့ အစားအစာတွေကို ညအချိန်မတော်မှာ လုပ်စားတတ်တယ်။  တစ်ခါတစ်လေ သူ့လိုပဲ ဆူညံတဲ့ သူငယ်ချင်းတွေ ခေါ်လာတတ်သေးတယ်။ …. ထူးထူးဆန်းဆန်း လူငယ်အခန်းက တိတ်ဆိတ်နေလို့ အဆောင်နေသူတွေ အံဩနေကြတယ်။ အဆောင်ပြောင်းသွားတာလား၊ ဒါမှမဟုတ် ခရီးသွားနေတာလား။ တစ်ရက်။ နှစ်ရက်။ သုံးရက်။ ..... အဆောင်ပိုင်ရှင် ရောက်လာတယ်။ တိတ်ဆိတ်လွန်းနေတဲ့ ကောင်လေးအခန်းကို  ဖွင့်လိုက်တယ်.....။

    ١٢ د
  3. ٢١‏/٠٩‏/٢٠٢٥

    ညစျေး (Night Market)

    ကျွန်တော်ရဲ့ ဇာတိမြို့လေးက တောင်ကြားက ခပ်ခေါင်ခေါင်နေရာလေး။ ကျနော့် မိဘတွေ အဘွားရှိရာ မြို့ဆီ ကျနော့်ကို ကျောင်းတက်ဖို့လိုက်ပို့ကြတယ်၊   အဖွားရဲ့ မြို့လေးက ဆောင်းတွင်းမှာ သိသိသာသာ အေးလာတယ်၊  ညဘက်ဆို အပြင်ထွက်တဲ့သူလည်း နည်းလာတယ်၊ မဖြစ်မနေက လွဲရင် အပြင်မထွက်ကြတော့သလိုပဲ။ ကျောင်းမှာ ကျနော့်အတန်းဖော်က တီးတိုးပြောတယ်။ ညစျေးကြီး ပေါ်လာတော့မယ်တဲ့၊ သူ့ကြည့်ရတာလည်း တခုခု ဖြစ်နေသလိုပဲ။ .... ကျောင်းမှာ အချိန်ပို စာသင်ချိန်တွေ လျှော့လိုက်တယ် ညနေ ခပ်စောစောပြန်ရတယ်၊  မိဘတွေကလည်းသူတို့ ကလေးတွေကို လာလာကြိုကြတယ်။ အရင်လို ကျောင်းဆင်းချိန် ဆော့ကစားတာတွေလည်း မရှိတော့ဘူး။  မြို့က ဘာနဲ့ တူလာလဲဆိုတော့ တခုခုကို တိတ်တိတ်လေး ခပ်သုတ်သုတ် လုပ်နေကြသလိုမျိုးပဲ။ တရက် ကျနော် ကျောင်းသွားတော့ လက်ဖက်ရည်ဆိုင်နားက အဖြတ် .... ညစျေးကြီး အကြောင်း လူတွေ တိုးတိုး တိုးတိုးနဲ့ စကားဝိုင်းဖွဲ့နေကြတယ်။  မြို့ရဲ့ ကျဉ်းမြောင်းတဲ့လမ်းကြားတွေထဲ လမထွက်တဲ့ညတွေမှာ  ညစျေးကြီး ရုတ်တရက် ပေါ်လာမှာတဲ့။

    ١٩ د

حول

Undelivered Letters From The Red Mailbox