မြန်မာလူမျိုးတွေရဲ့ ခေါစာပစ်တဲ့ ဓလေ့ကို မေမေတွေ တော်တော်များသိကြမယ်ထင်ပါတယ်။ ခေါစာပစ်ခြင်းဓလေ့ကို မွေးကင်းစနဲ့ လသားကလေးငယ်တွေ အငိုများတာဖြစ်စေ၊ နေမကောင်းတဲ့အခါဖြစ်စေ
ပြုလုပ်တတ်ကြလေ့ရှိပြီး ကလေးသူငယ်တင်မက လူကြီးသူမတွေ နေထိုင်မကောင်းခဏခဏဖြစ်လာရင် ဒါမှမဟုတ် မိမိကိုယ်မှာ ပယောဂအနှောင့်အယှက် ကပ်နေတယ်လို့ ခံစားရတဲ့အချိန်မှာလည်း အန္တရာယ် ကင်းအောင် ခေါစာပစ်ပြီး ယတြာချေတဲ့ အလေ့အထကို ရှေးနှစ်ပေါင်းများစွာကတည်းက လက်ရှိအချိန် အထိကျင့်သုံးကြပါတယ်။
သစ်ပင်ကြီးတွေရဲ့အောက်မှာ ကျင်ငယ်စွန့်မိတာ၊ အချို့နေရာတွေမှာ မပြောသင့်တဲ့ စကားတွေ ပြောဆိုမိပြီဆိုရင် ကျန်းမာရေး ချူချာလာပြီး အဲဒါတွေက ကွင်းပိုင်တွေ၊ ရုက္ခစိုးတွေအပြင် ပရလောကသားတို့က ဖမ်းစား နှောင့်ယှက်ခြင်းဖြစ်တယ်လို့ယုံကြည်ကြပါတယ်။ အဲဒါတွေအပြင် ညအချိန်မတော် သားစိမ်း၊ငါးစိမ်းတွေ သယ်လာမိတာတွေဆိုရင် လည်း ပရလောက သားတွေ ဝင်ရောက်ပူးကပ်တတ်ပါတယ်။ အဲဒီလို အခြေအနေ တွေမှာ သက်ဆိုင်ရာ ပရလောကသားတွေ ကျေနပ်စေဖို့ သူတို့ စားသောက်လိုတဲ့ အစားအစာတွေကို ကျွေးမွေး တဲ့အနေနဲ့ ခေါစာပစ်ကြခြင်းဖြစ်ပါတယ်။
တစ်ရွာတစ်ပုဒ်ဆန်း တစ်ကျောင်းတစ်ဂါထာလိုမျိုးဖြစ်နေတဲ့ ရိုးရာဓလေ့တွေက အခုခေတ်မှာ သိပ်မများတော့ပေမယ့် လုံးလုံးမပျောက်ကွယ်သေးပါဘူး။ ဒီနေ့ Z-Lann ရဲ့ “သွင်ဟန်ထူးခြား ဓလေ့ထုံးများ”
အစီအစဉ်ကနေ ရှေးဓလေ့တွေထဲက တစ်ခုဖြစ်တဲ့ ခေါစာပစ်ခြင်း. ဓလေ့အကြောင်းကို ဇာတ်လမ်းပရိသတ်ကြီး တို့အတွက် တင်ဆက်ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #သွင်ဟန်ထူးခြားဓလေ့ထုံးများ#ခေါစာပစ်ခြင်း
Informationen
- Sendung
- Veröffentlicht6. Juli 2025 um 14:00 UTC
- Länge4 Min.
- BewertungUnbedenklich