ဇာတ်လမ်း Z-Lann ရဲ့ "World of Wonders Season 3" ကနေ ဒီတစ်ပတ် တင်ဆက်ပေးချင်တာကတော့ သစ်တောတွေထဲက ပုတ်သင်ညိုပန်းပွင့်လို့ တင်စားခေါ်ကြတဲ့ "အရိုးငြမ်းပန်းပွင့်" (Skeleton Flowers) အကြောင်းပဲ ဖြစ်ပါတယ်။ မူလက အဖြူရောင် ပွင့်ချပ်တွေနဲ့ ဒီပန်းလေးတွေဟာ ရေထိလိုက်တာနဲ့ မှော်ဆန်ဆန် ဖောက်ထွင်းမြင်ရတဲ့ ပုံဆောင်ခဲလေးတွေလို ကြည်လင်တောက်ပလာပါတယ်။ ရေခြောက်သွားတဲ့အခါမှာတော့ သူ့ရဲ့ မူလအဖြူရောင်ကို ပြန်ရရှိသွားတာကြောင့် ဒီပန်းလေးရဲ့ ဆဲလ်တည်ဆောက်ပုံက တကယ်ကို အံ့ဩစရာပါပဲ။
ဒီထူးခြားတဲ့ Skeleton Flowers တွေကို ကမ္ဘာပေါ်မှာ တရုတ်ပြည်ရဲ့ အေးတဲ့ဒေသတွေ၊ ဂျပန်နိုင်ငံနဲ့ အမေရိကန်နိုင်ငံက Appalachian တောင်တန်းတွေမှာပဲ တွေ့ရတာမို့ အတော်လေးကို ရှားပါးပါတယ်။ ကြီးမားပြီး ထီးပုံစံနဲ့တူတဲ့ အရွက်တွေကြောင့် Umbrella Leaf လို့လည်း ခေါ်ကြပြီး စိုစွတ်၊ အေးမြတဲ့ ရာသီဥတုကို နှစ်သက်တဲ့ ဒီပန်းလေးအကြောင်း အသေးစိတ်ကိုတော့ “World of Wonders Season 3” အစီအစဉ်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။
#ZLann #ZLann_Podcast #Worldofwonders #အရိုးငြမ်းပန်းပွင့် #SkeletonFlowers
Information
- Show
- Published4 August 2025 at 13:30 UTC
- Length4 min
- RatingClean