အညာဒေသရဲ့ ယဉ်ကျေးမှုဓလေ့ဖြစ်တဲ့ ဖက်ရွက်တွေနဲ့ ပြုလုပ်ထားတဲ့ ဖက်စိမ်းကွမ်းတောင်က နူးညံ့ပျော့ပြောင်းတဲ့ ငှက်ပျောဖက်ကို အနုပညာမြောက် ဖန်တီးထားတဲ့ ကွမ်းတောင်ချိုးခြင်း လက်မှုပညာရပ်တစ်ခုဖြစ်သလို ဖက်စိမ်းကွမ်းတောင် ချိုးကြရာမှာလည်း ဒေသ တစ်ခုနဲ့ တစ်ခု ပုံသဏ္ဌာန် ကွဲပြားမှုတွေရှိပါတယ်။
ရှေးမြန်မာ ဘိုးဘွား တို့က မြန်မာမိန်းမပျိုတို့အနေနဲ့ ဣန္ဒြေ ၊သိက္ခာ နဲ့ ကိုယ်ကျင့်တရားကို ထိန်းသိမ်း စောင့်ရှောက်နိုင်ဖို့၊ အပျိုစင်ဘဝကို တန်ဖိုးထားနိုင်စေဖို့၊ နူးညံ့သိမ်မွေ့တဲ့ မိန်းကလေးတွေဖြစ်လာစေဖို့ ရည်ရွယ်ခဲ့တဲ့ ဖက်စိမ်းကွမ်းတောင်ကိုင် ဓလေ့က အလွန်တရာမှ ချစ်ခင်နှစ်သက်ဖွယ် ကောင်းတဲ့ ဓလေ့တစ်ခုဖြစ်ပါတယ်။
ဒီလို မြန်မာမိန်းကလေးတို့ တန်ဖိုးထားရာ ဖက်စိမ်းကွမ်းတောင်ရိုးရာဓလေ့အကြောင်းကို ဇာတ်လမ်းရဲ့ “ သွင်ဟန်ထူးခြား ဓလေ့ထုံးများ “ အစီအစဉ်ကနေ တင်ဆက်ပြသ ပေးသွားမှာဖြစ်လို့ ဝင်ရောက်ကြည့်ရှုဖို့ ဖိတ်ခေါ်လိုက်ပါတယ် ဇာတ်လမ်း ပရိသတ်ကြီးရေ။
#ZLann #ZLann_Podcast #သွင်ဟန်ထူးခြားဓလေ့ထုံးများ #ဖက်စိမ်းကွမ်းတောင်ဓလေ့
Informationen
- Sendung
- Veröffentlicht9. Juli 2025 um 14:00 UTC
- Länge5 Min.
- BewertungUnbedenklich