ဒဏ္ဍာရီ၊ ပုံပြင်တွေ အများအပြားရှိနေသလို ထူးဆန်းတဲ့ သတ္တဝါဆန်းတွေအကြောင်းထဲကမှ ကိန္နရီ၊ကိန္နရာအကြောင်းကို မြန်မာလူမျိုးတော်တော်များများ ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ကိန္နရီ၊ကိန္နရာကို ဗုဒ္ဓစာပေ
တွေထဲမှာ တွေ့ရတတ်ပြီး အရှေ့တိုင်းကိုဗုဒ္ဓစာပေတွေ ပျံ့နှံ့သွားတာနဲ့အမျှ နိုင်ငံအသီးသီးမှာ ကိန္နရီ၊ကိန္နရာကို ပုံစံအမျိုးမျိုးနဲ့ ဖော်ပြလာကြပါတယ်။မြန်မာလူမျိုးတွေရဲ့အဆိုအရ ကိန္နရီ၊ကိန္နရာပုံစံဟာ နတ်ဝတ်နတ်စား ပုံစံမျိုးနဲ့တွေ့ရတတ်ပြီး ငှက်ပုံစံ၊လူခေါင်း (သို့) လူပုံစံ၊ မြင်းမျက်နှာပုံစံနဲ့တွေ့ရှိရပါတယ်။ အိန္ဒိယနိုင်ငံမှာ ကိန္နရီ၊ကိန္နရာပုံစံဟာ ကိုယ်အပေါ်ကလူပုံစံ၊အောက်ပိုင်းက ငှက်ပုံစံရှိပြီး အတောင်တွေ၊အမြီးတွေရှိတာကို တွေ့ရပါတယ်။
ရှေးခေတ်မြန်မာဘုရင်တွေနဲ့ ရာဇပလ္လင် ဥကင်လက်ဝဲ၊လက်ယာတွေမှာ ကိန္နရီ၊ကိန္နရာ ကနေတဲ့ပုံစံကိုမင်္ဂလာယူတဲ့အနေနဲ့ ထုလုပ်တတ်ကြပြီး မြန်မာဗေဒင်ကျမ်း ၁၂ရာသီခွင်ရဲ့ မေထုန်ရကာသီမှာ ကိန္နရီ၊ကိန္နရာ
နဲ့ အမှတ်အသားလုပ်ထားတာကို တွေ့ရမှာပါ။ ကိန္နရီ၊ကိန္နရာဟာ တကယ်ပဲ တည်ရှိခဲ့လား၊ပါးစပ်ရာဇဝင်သက်သက်ပဲလားဆိုတာကို သိချင်ရင်တော့ ဒီနေ့ Z-Lannရဲ့ “ပါးစပ်ရာဇဝင်တို့၏ ဒဏ္ဍာရီ” မှာ ကိန္နရီ၊ကိန္နရာ
အကြောင်း စိတ်ဝင်စားဖွယ်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast # ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ
#ကိန္နရီ၊ကိန္နရာ
Informationen
- Sendung
- Veröffentlicht9. Juli 2025 um 14:00 UTC
- Länge6 Min.
- BewertungUnbedenklich