ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

အခုနှစ်အတွင်း စစ်တပ်ရဲ့ ထိုးစစ်ဆင်မှုအခြေအနေ

- မြန်မာ စစ်တပ်ဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆိုးဆိုးဝါးဝါး ဆက်လက်ကျူးလွန်နေဆဲ ဆိုတာကို စုံစမ်းတွေ့ရှိထားကြောင်း ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရားအဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြ - ရုရှားနိုင်ငံကို အပို့ခံရတဲ့ မြောက်ကိုရီးယားအလုပ်သမားတွေရဲ့ ဆိုးဝါးတဲ့ အခြေအနေ - အမေရိကန်နဲ့ ရုရှား သမ္မတတွေရဲ့ သောကြာနေ့ ဆွေးနွေးပွဲမှာ ယူကရိန်းအစိုးရပါဝင်ဖို့ လိုကြောင်း ဥရောပသမဂ္ဂက ပူးတွဲကြေညာချက် ထုတ်ပြန် - တရုတ်နဲ့ အမေရိကန်အကြား အခွန်နှုန်းတိုးမြှင့်ရေးကို ဆိုင်းငံ့လိုက် - ပါကစ္စတန်နိုင်ငံ ဘာလိုခစ္စတန်ပြည်နယ်မှာ ပြီးခဲ့တဲ့ လေးရက်တာကာလအတွင်း လက်နက်ကိုင် သူပုန် ၅၀ လောက်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ ပါကစ္စတန်စစ်တပ်က ပြော - ဥရောပနိုင်ငံအတော်များများမှာ အပူလှိုင်းနဲ့ ရင်ဆိုင်နေရ