Z-Lann

Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

  1. “ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ”

    2日前

    “ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ”

    စာပေသမိုင်းကို ကြည့်လိုက်ရင် စကားပုံတွေနဲ့ ဥပမာပေးပြီး ပြောဆိုလာတာဟာ တိုးတက်တဲ့ စာပေယဉ်ကျေးမှုတစ်ရပ်ပါပဲ။ ဒီလိုပြောဆိုသုံးနှုန်းတာကို ကြည့်ပြီး သုံးတဲ့လူမျိုးရဲ့ ဉာဏ်ရည်ဉာဏ်သွေး၊ ရင့်ကျက်မှုနဲ့ အတွေးအခေါ် ကျယ်ပြန့်မှုတွေကို ခန့်မှန်းလို့ရပါတယ်။ဒီနေ့ ကျွန်တော်တို့ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ရွာသမုတ်လျှင် သစ်ငုတ်သော်မှ ကျားဖြစ်ရ” ဆိုတဲ့ စကားပုံလေးအကြောင်း ပြောပြပေးသွားမှာပါ။ ဒီစကားပုံရဲ့ အဓိပ္ပာယ်၊ ဘယ်နေရာမှာ သုံးသင့်လဲ၊ ပြီးတော့ ဒီစကားပုံနဲ့ပတ်သက်တဲ့ ပုံပြင်လေးကိုပါ ပြောပြပေးမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ရွာသမုတ်လျှင်သစ်ငုတ်သော်မှကျားဖြစ်ရ #Burmeseproverbs #proverbs

    7分
  2. “ဥပါဒါန်ကြောင့် ဥပါဒ်ရောက်”

    4日前

    “ဥပါဒါန်ကြောင့် ဥပါဒ်ရောက်”

    “ဥပါဒါန်ကြောင့် ဥပါဒ်ရောက်” ဆိုတာ အလွန်အမင်းစွဲလမ်းတာ၊ ဒါမှမဟုတ် အယူသည်းလွန်းတဲ့အခါမျိုးမှာ ဘေးဒုက္ခနဲ့ ကြုံရတတ်တယ်လို့ ရှေးလူကြီးတွေက ပြောခဲ့ကြတာပါ။ တစ်ခုခုအပေါ်မှာ အရမ်းယုံကြည်လွန်းတဲ့အခါ ကိုယ့်ရဲ့အမြင်ကို မှောင်စေပြီး မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေ ချမိစေနိုင်ပါတယ်။ကိုယ်ကြုံတွေ့နေရတဲ့ကိစ္စတွေမှာ လိုတာထက်ပိုပြီး စိုးရိမ်ပူပန်လွန်းတာကြောင့် စိုးရိမ်သလိုမျိုး ဖြစ်လာတတ်တဲ့အကြောင်းကို “ဥပါဒါန်ကြောင့် ဥပါဒ်ရောက်” ဆိုတဲ့စကားပုံနဲ့ မြန်မာလူမျိုးတွေ ဘယ်လိုဥပမာပေး ခိုင်းနှိုင်းပြောဆိုကြသလဲဆိုတာကို ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ဥပါဒါန်ကြောင့်ဥပါဒ်ရောက် #Burmeseproverbs #proverbs

    5分
  3. "ခဲမှန်ဖူးတဲ့ စာသူငယ်"

    6日前

    "ခဲမှန်ဖူးတဲ့ စာသူငယ်"

    မြန်မာစကားပုံတွေဟာ အလွန်စိတ်ဝင်စားဖို့ကောင်းပါတယ်။ ဒီနေ့မှာ ပြောပြသွားချင်တဲ့ ဓလေ့သုံးဥပမာစကားပုံတစ်ခုကတော့ "ခဲမှန်ဖူးတဲ့ စာသူငယ်" ဆိုတဲ့ စကားပုံလေးပဲ ဖြစ်ပါတယ်။ ခဲမှန်ဖူးတဲ့ စာသူငယ်ဟာ လူကိုမြင်တိုင်း ကြောက်လန့်နေတတ်သလို ဒုက္ခရောက်ဖူးသူတိုင်းဟာလည်း အန္တရာယ်အရိပ်အယောင်ကိုတွေ့တိုင်း ထိတ်လန့်တုန်လှုပ်နေတတ်ကြောင်းကို "ခဲမှန်ဖူးတဲ့ စာသူငယ်" ဆိုတဲ့ စကားပုံလေးနဲ့ အဓိပ္ပာယ်ရှိရှိ ဖော်ပြထားပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ "ခဲမှန်ဖူးတဲ့ စာသူငယ်" ဆိုတဲ့ စကားပုံလေးအကြောင်းကို ဇာတ်လမ်းပရိသတ်ကြီး ဗဟုသုတရရှိစေဖို့အတွက် ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ခဲမှန်ဖူးတဲ့_စာသူငယ် #Burmeseproverbs #proverbs

    7分
  4. "ပြင်လွန်း ဖင်ချွန်း"

    8月18日

    "ပြင်လွန်း ဖင်ချွန်း"

    စကားပြောဆိုရာမှာ ကိုယ်ပြောလိုတဲ့အကြောင်းအရာ ပေါ်လွင်ထင်ရှားစေဖို့နဲ့ ရှေးက မှားယွင်းဆောင်ရွက်ခဲ့တာတွေကို နှောင်းလူတွေ ရှောင်လွှဲနိုင်စေဖို့အတွက် ရှေးလူကြီးတွေဟာ တိုတိုနဲ့ ထိမိပေါ်လွင်စေအောင် စကားပုံတွေနဲ့ ခိုင်းနှိုင်းပြောဆိုခဲ့ပါတယ်။ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ ပြောပြပေးသွားချင်တဲ့ စကားပုံလေးကတော့ “ပြင်လွန်း ဖင်ချွန်း” ဆိုတဲ့စကားပုံလေးပဲ ဖြစ်ပါတယ်။ ဒီစကားပုံလေးကတော့ အိုးလုပ်တဲ့အခါမှာ စိတ်တိုင်းမကျလို့ ထပ်ခါတလဲလဲ ပြင်လွန်းတာကြောင့် အိုးဖင်ချွန်းသွားသလိုမျိုး၊ စိတ်မကျေနပ်တိုင်း ပြင်လွန်းရင်လည်း ပုံပျက်ပန်းပျက် ဖြစ်သွားနိုင်တဲ့အကြောင်းကို သတိချပ်စေတဲ့ စကားပုံလေးပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ပြင်လွန်းဖင်ချွန်း #Burmeseproverbs #proverbs

    6分
  5. "နွားကွဲ ကျားဆွဲ"

    8月16日

    "နွားကွဲ ကျားဆွဲ"

    မြန်မာလူမျိုးတို့ရဲ့ ရှေးလူကြီးတွေ ချန်ထားခဲ့တဲ့ အဆုံးအမ၊ ရှေးထုံးနဲ့ စကားပုံတွေဟာ သွေးထွက်အောင် မှန်တတ်တယ်ဆိုတာကို ကျွန်တော်တို့အားလုံး လက်ခံရပါမယ်။ ရှေးထုံးကို မပယ်နဲ့ ဆိုသလို ရှေးလူကြီးတွေရဲ့ အဆုံးအမစကားတွေဟာ ရှေ့ပြေးနိမိတ်တွေလို့ ဆိုလို့ရပါတယ်။ဥပမာပေးရမယ်ဆိုရင် နွားကွဲ ကျားဆွဲဆိုတဲ့ စကားပုံလေးကို ကြည့်ပါ။ ကိစ္စပြဿနာတစ်ခုခုကို အားလုံးအတူတူ ညီညီညာညာ ပူးပေါင်းမဆောင်ရွက်ဘဲနဲ့ တစ်ယောက်တစ်ပေါက် စိတ်ဝမ်းကွဲပြီး မညီမညွတ်ဖြစ်နေမယ်ဆိုရင် ပြင်ပအန္တရာယ် ဝင်ရောက်ပြီး ဆုံးရှုံးတတ်ကြောင်း သတိပေးထားပုံကို ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ တင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #နွားကွဲကျားဆွဲ #Burmeseproverbs #proverbs

    6分
  6. "လေဖမ်း ဝါးလုံးတန်းချည်"

    8月14日

    "လေဖမ်း ဝါးလုံးတန်းချည်"

    စကားပုံဆိုတာ ကိုယ်ပြောချင်တဲ့အကြောင်းအရာကို တိုတိုနဲ့ ထိထိမိမိ ပေါ်လွင်အောင် ပြောဆိုနိုင်တဲ့ အရေးအသားတစ်မျိုးဖြစ်ပါတယ်။ စာပေယဉ်ကျေးမှုမှာလည်း အလွန်အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုပါ။ ဒီနေ့မှာ ဇာတ်လမ်း-Z Lann ကနေပြောပြချင်တဲ့ စကားပုံကတော့ "လေဖမ်းဝါးလုံးတန်းချည်" ဖြစ်ပါတယ်။ မဖြစ်နိုင်တဲ့အရာကို ကြံစည်လုပ်ကိုင်တာ၊ ဒါမှမဟုတ် အခြေအမြစ်မရှိတဲ့ စကားကို အတည်ယူပြီး ဆောင်ရွက်တာတွေကို ရည်ညွှန်းတာပါ။ လေထဲမှာ တန်းချည်သလို၊ မမြင်ရတဲ့ လေကို ဒန်းလုပ်စီးသလို မဖြစ်နိုင်တာတွေကို ပြောဆိုတာကို ဥပမာပေးထားတာပဲ ဖြစ်ပါတယ်။ #zlann #ZLann_Podcast #မြန်မာစကားပုံများ #လေဖမ်းဝါးလုံးတန်းချည် #Burmeseproverbs #proverbs

    6分
  7. "အပွေးမြင် အပင်သိ"

    8月13日

    "အပွေးမြင် အပင်သိ"

    စကားပုံဆိုတာ ကိုယ်ပြောချင်တဲ့ အကြောင်းအရာကို ပိုပေါ်လွင်အောင် ပြောနိုင်တဲ့ အရေးအသားမျိုး ဖြစ်ပါတယ်။ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ မြန်မာစကားပုံတွေရဲ့ အဓိပ္ပာယ်အပြင် နိုင်ငံတကာစကားပုံတွေနဲ့ ဘယ်လို ဆက်စပ်နေလဲဆိုတာကို တင်ဆက်ပေးသွားမှာပါ။ဒီနေ့ပြောပြချင်တဲ့ စကားပုံကတော့ "အပွေးမြင် အပင်သိ" ဖြစ်ပါတယ်။ သစ်ပင်ရဲ့ အခေါက်ကိုကြည့်ပြီး ဘယ်လိုအပင်မျိုးလဲဆိုတာ သိနိုင်သလို၊ လူတစ်ယောက်ရဲ့ အမူအရာနဲ့ စကားပြောပုံကိုကြည့်ပြီး သူ့ရဲ့စိတ်နေစိတ်ထားနဲ့ အရည်အချင်းကို သိနိုင်တယ်လို့ ဆိုလိုတာပဲဖြစ်ပါတယ်။ ဒီစကားပုံကို "အပွေးမြင် အပင်သိ၊ အသွေးမြင် အသွင်သိ" လို့လည်း တွဲပြီး သုံးလေ့ရှိပါတယ်။ #ZLann_Podcast #မြန်မာစကားပုံများ #အပွေးမြင်အပင်သိ #Burmeseproverbs #proverbs

    6分

番組について

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!