"World of Wonders" အစီအစဉ်ကနေ ပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတစ်ပတ် တင်ဆက်ပေးချင်တာကတော့ ထူးခြားတဲ့ ရုပ်သွင်နဲ့ "ကမ္ဘာ့အကြီးဆုံး နှုတ်သီးပိုင်ရှင်" လို့ တင်စားခေါ်ဝေါ်ကြတဲ့ Shoebill အကြောင်းပဲ ဖြစ်ပါတယ်။ မူလက မီးခိုးရောင် အမွေးအတောင်တွေနဲ့ ဒီငှက်ကြီးတွေဟာ ရေထဲမှာ ရှိနေတဲ့အခါ သစ်သားတုံးကြီးနှစ်တုံး ပိတ်ထားသလို ထူးခြားတဲ့ ပုံသဏ္ဌာန်ရှိတဲ့ နှုတ်သီးကြောင့် လူသိများပါတယ်။ သူတို့ရဲ့ နှုတ်သီးဟာ ကြီးမားတဲ့ ငါးတွေ၊ မြွေတွေ၊ လိပ်နဲ့ မိကျောင်းပေါက်လေးတွေကိုပါ အလွယ်တကူ ဖမ်းဆီးစားသောက်နိုင်တာကြောင့် တကယ့်ကို အံ့ဩစရာပါပဲ။
ဒီထူးခြားတဲ့ Shoebill ငှက်တွေကို ကမ္ဘာပေါ်မှာ အာဖရိကအရှေ့ပိုင်းဒေသက ရွံ့ထူပြီး ရေဖုံးလွှမ်းနေတဲ့ နေရာတွေမှာပဲ တွေ့ရတာမို့ အတော်လေးကို ရှားပါးပါတယ်။ အမြင့် ၅ ပေနဲ့ အလေးချိန် ၁၆ ပေါင်အထိ ရှိတတ်ပြီး၊ တောင်ပံတွေကို ၇ ပေအထိ ဆန့်တန်းနိုင်တဲ့အတွက် အကြီးဆုံးငှက်မျိုးစိတ်တွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။ စိုစွတ်၊ အေးမြတဲ့ ရာသီဥတုကို နှစ်သက်တဲ့ ဒီငှက်အကြောင်း အသေးစိတ်ကိုတော့ “World of Wonders” အစီအစဉ်မှာ ဆက်လက်နားဆင်နိုင်ပါတယ်။
#ZLann #ZLann_Podcast #Worldofwonders #Shoebill
情報
- 番組
- 配信日2025年8月1日 5:40 UTC
- 長さ5分
- 制限指定不適切な内容を含まない