ဗုဒ္ဓံ ဓမ္မံ သံဃံ

ဒါန သီလ အခြေခံ သမထဝိပဿနာ ရှုမှတ်ပွားနည်းများ - အပိုင်း (၁) ဒါနခန်း

ဗုဒ္ဓဘာသာဝင်သူတော်စင်တိုင်း သိထားသင့်သည့် ဒါန သီလ အခြေခံ သမထဝိပဿနာ ရှုမှတ်ပွားနည်း စာအုပ်ကို သာသနာရေး ဝန်ကြီးဌာနမှ ကြီးမှုးထုတ်ဝေ ခဲ့ပါသည်။ ဟောကြားခဲ့သူမှာ ဗန်းမော်ဆရာတော်ကြီး ဒေါက်တာ ဘန္နဒ္ဒကုမာရာ ဘိဝံသဖြစ်သည်။

ဤစာအုပ်ကို ဒါနခန်း၊ သီလခန်း၊ သမထဘာဝနာခန်း၊ ဝိပဿနာဘာဝနာခန်း၊ လက်တွေ့ကျင့်ခန်း ဟူ၍ အခန်း (၅)ခန်းဖြင့် ဖော်ပြထားသည်။

ပါဠိစာသားများဖတ်ရှု့ရာတွင် လိုအပ်ချက်များရှိပါကလည်း သည်းခံပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။