" ရှေးခေတ်မျိုးနွယ်စုနှစ်ခုရဲ့ ကိုယ်စားပြုသင်္ကေတအရုပ်ဖြစ်တဲ့ ဖီရှိုး "

Z-Lann

တရုတ် ရှေးဒဏ္ဍာရီ နဲ့ကျေးလက်ရိုးရာရှေးပုံပြင်တွေထဲမှာ "ဖီရှိုး၊နဂါး၊ ဇာမဏီ၊ လိပ် နဲ့ ချီလင်" တို့ကိုတွဲပြီး မင်္ဂလာရှိတဲ့ နတ်သတ္တဝါကြီး ၅ ကောင်အဖြစ် သတ်မှတ်ခြင်းခံရပါတယ်။အဲဒီသတ္တဝါတွေထဲက ဖီရှိုးဟာ အန္တရာယ်ကင်းစေပြီး လာဘ်လာဘကောင်းမွန်သလို၊ ၊ အိမ်ထောင်ရေးကံကောင်းစေတဲ့အစွမ်းရှိတယ် လို့ဆိုကြပါတယ်။

"ရာဇဝင်ကျမ်းထဲက ဧကရာဇ် (၅) ပါးမှတ်တမ်း " မှာ ဖီရှိုးတွေဟာ ခြေ ၆ချောင်းပါရှိပြီး ရက်စက်ကြမ်းကြုတ် တဲ့သားရဲအဖြစ် ဖော်ပြထားပါတယ်။မင်ခေတ်  ဂန္ထဝင်စာပေဖြစ်တဲ့ "ချင်းပိုင့်လေ့ချောင်း"မှတ်တမ်းထဲမှာတော့ ဖီရှိုးတွေဟာ ကျား ၊ ကျားသစ် ဒါမှမဟုတ် ဝက်ဝံတို့နဲ့ပုံသဏ္ဌာန်တူပြီး သားမွေးက မီးခိုးရောင်ရှိတယ်လို့ဆိုပါ တယ်။ ဦးခေါင်းနဲ့အမြီးက နဂါး နဲ့ ပုံသဏ္ဍာန်တူပြီး ခန္ဓာကိုယ်အရောင်က ရွှေနဲ့ကျောက်စိမ်းရောင် ရောနေတယ်လို့ ဆိုပါတယ်။ဦးခေါင်းမှာ ဦးချို ရှိပြီး နောက်ကိုလှန်နေပါတယ်။ ပခုံးမှာ ဖြန့်လို့မရတဲ့ အတောင်တစ်စုံလည်း ရှိတယ် လို့ဆိုပါတယ်။ 

ဖီရှိုး သဏ္ဍာန်ပါတဲ့ အသုံးအဆောင် ကိုနောက်ကြောင်းလိုက်ကြည့်မယ်ဆိုရင် ဟန်မင်းဆက် လက်ထက်ကတည်း က တွေ့ရှိခဲ့ပါတယ်။ အဲဒီခေတ်မှာတော့ ဖီရှိုး အများစု ကို ခြေလေးချောင်းရှိတဲ့သားရဲ အဖြစ်ပုံဖော်ကြပြီး ဒါတွေဟာ အာရှတိုက် အနောက်တောင်ဘက်မှ ဆင်းသက်လာဟန်ရှိပါတယ်။

ဒီနေ့ Z-Lann ဇာတ်လမ်းရဲ့ “ပါးစပ်ရာဇဝင် တို့၏ ဒဏ္ဍာရီ”အစီအစဉ်ကနေ တရုတ် ရှေးဒဏ္ဍာရီ နဲ့ကျေးလက်ရိုးရာ ရှေးပုံပြင်တွေထဲမှာ မင်္ဂလာရှိတဲ့သတ္တဝါ အဖြစ်ဖော်ပြခံရတဲ့ ဖီရှိုး သတ္တဝါ အကြောင်းကို ဇာတ်လမ်းပရိသတ်ကြီး အတွက် စိတ်ဝင်စားဖွယ် တင်ဆက်ပေးမှာဖြစ်ပါတယ်။

#ZLann #ZLann_Podcast #ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ #ပီချူး #ဖီရှိုး

露骨な表現を含むエピソードを聴くには、サインインしてください。

この番組の最新情報をチェック

サインインまたは登録して番組をフォローし、エピソードを保存し、最新のアップデートを入手しましょう。

国または地域を選択

アフリカ、中東、インド

アジア太平洋

ヨーロッパ

ラテンアメリカ、カリブ海地域

米国およびカナダ