ရှေးခေတ်သူဌေးတို့ ဈေးကြီးပေးဝယ်စားကြတဲ့ “မကန်းခံတွင်း ခြင်္သေနင်း” ဆိုတဲ့ မကန်းသတ္တဝါကောင်အကြောင်းကို သိတဲ့လူနည်းမယ်လို့ ထင်ပါတယ်။ ဒဏ္ဍာရီပုံပြင်စကားတွေထဲမှာ မကန်းသတ္တဝါက ခန္ဓာကိုယ်မှာ အကြေးခွံတွေအကွက်များသဖွယ်ထနေပြီး ဆင်နှာမောင်း ၊ခြေလေးဖက်နဲ့ အမြီးပါရှိတဲ့သတ္တဝါဆိုပြီးဖော်ပြလေ့ရှိပြီး တချို့ကတော့ စိတ်ကူးယဉ်ဖန်တီးထားတဲ့ ဒဏ္ဍာရီလာ သတ္တဝါဆိုပြီး ယူဆကြပါတယ်။
ဒါပေမယ့် မကန်းကို ရှေးခေတ်စာဆို၊ တခြားသောရာသီဘွဲ့လေးချိုးတွေထဲမှာ ထည့်သွင်းဆိုထားခဲ့ကြပြီး ပုဂံခေတ်သာ့သာနာ အဆောက်အအုံတွေမှာလည်း နံရံဆေးရေးပန်းချီအဖြစ် ရေးဆွဲထားကြတာကို
မြင်တွေ့ရမှာပါ။ မင်းဘူးဆရာတော် ဦးသြဘာသရေးသားခဲ့တဲ့ မဟာဇနက ဇာတ်တော်ကြီးထဲမှာဆိုရင်“သင်္ဘောသား ခုနစ်ရာတို့သည် ငါးလိပ်၊မကန်းတို့၏ အစာဖြစ်လေကုန်၏” ဟု ဆိုထားပြီး ပြာသိုလ မကာရရာသီခွင်မှာ မကန်းကောင်အရုပ်ရှိနေတာကို ကြည့်ချင်းအားဖြင့် မကန်းဟုခေါ်တဲ့ ရေသတ္တဝါရှိနေခဲ့တာက အမှန်ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေ့ Z-Lannရဲ့ “ပါးစပ်ရာဇဝင်တို့၏ ဒဏ္ဍာရီ” မှာ မကန်းကောင်ရဲ့ဒဏ္ဍာရီလာသမိုင်းနဲ့ စိတ်ဝင်စားစရာကောင်းတဲ့ ဗဟုသုတတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ
#mythmakan #မကန်းကောင်
Information
- Show
- PublishedJuly 13, 2025 at 2:00 PM UTC
- Length5 min
- RatingClean