Z-Lann

Z-Lann
Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

  1. " မြန်မာလူမျိုးတွေနဲ့ ခွဲခြားထားလို့မရတဲ့ နတ်ကိုးကွယ်မှု ဓလေ့ "

    2時間前

    " မြန်မာလူမျိုးတွေနဲ့ ခွဲခြားထားလို့မရတဲ့ နတ်ကိုးကွယ်မှု ဓလေ့ "

    မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေထဲ နတ်ကိုးကွယ်ယုံကြည်မှု ဓလေ့ထုံးတမ်းတွေကိုချန်ရစ်ထားလို့ မရပါဘူး။မြန်မာလူမျိုးနဲ့ နတ်ကိုးကွယ်မှုဟာ ခွဲခြားလို့မရဘဲ ဗုဒ္ဓပွင့်ထွန်းတော် မမူခင်ကတည်းက မြန်မာ့မြေပေါ်မှာ အထင်အရှားအမြစ်တွယ်နေခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ မြန်မာနိုင်ငံရဲ့ နတ်ကိုးကွယ်မှုဓလေ့က သမိုင်းမတင်မီခေတ်ကတည်းက ရှိခဲ့တာဖြစ်ပြီး တောစောင့်၊တောင်စောင့်နတ်တွေကို ကိုးကွယ်တာက စတယ်လို့ဆိုပါတယ်။မြန်မာ့ရာဇဝင်မှာလည်း နတ်ကိုးကွယ်မှုဓလေ့က ပုခံခေတ်ကတည်းက စခဲ့တာလို့ ဆိုထားပါတယ်။ ဒီနေ့ Z-Lannရဲ့ “သွင်ဟန်ထူးခြား ဓလေ့ထုံးများ” မှာ မြန်မာလူမျိုးတို့ရဲ့ နတ်ကိုးကွယ်ယုံကြည်မှုဓလေ့နဲ့ ပက်သတ်ပြီး စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရတွေကို ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast  #သွင်ဟန်ထူးခြားဓလေ့ထုံးများ #နတ်ကိုးကွယ်ယုံကြည်မှု

    5分
  2. " ကျမ်းဂန်တွေထဲက ထူးခြားလှတဲ့ ဥစ္စာစောင့် "

    2時間前

    " ကျမ်းဂန်တွေထဲက ထူးခြားလှတဲ့ ဥစ္စာစောင့် "

    သည်းထိတ်ရင်ဖို ဂမ္ဘီရဝတ္ထုဇာတ်လမ်းတွေကို ဖတ်ဖူးသူတစ်ယောက်ဆိုရင်”  ဥစ္စာစောင့်” တွေ အကြောင်းကို ကောင်းကောင်းဖတ်ဖူးကြမှာပါ။ ဒါ့အပြင် သိုက်စောင့် ၊ ဥစ္စာစောင့်ဆိုတဲ့ စကားလုံး ဟာလည်း မြန်မာလူမျိုးတွေနဲ့ မစိမ်းတဲ့စကားလုံးပါ။  ဥစ္စာစောင့်တွေ ဆိုတာ လူယောင်ဖန်ဆင်းနိုင်သလို ချောမောလှ သူတွေလို့ဆိုပြီး လူ့ဘဝ နဲ့ နီးစပ်တယ် လို့ထင်ရပေမဲ့ အမှန်တကယ်က ဘဝချင်းက ကွားခြားလွန်းပါတယ်။သူတို့တွေဟာ ဘုမ္မစိုးနတ်မင်းကြီး ရဲ့ လက်အောက်ခံ ပြိတ္တာမျိုးနွယ်ဝင်တွေဖြစ်တယ်လို့ဆိုပါတယ်။  မြန်မာအဘိဓာန်ထဲမှာတော့ ဥစ္စာစောင့် တွေဆိုတာ ရတနာသိုက်ကို စောင့်ရတဲ့ နာနာဘာဝတစ်မျိုးလို့ အဓိပ္ပာယ် ဖွင့်ဆိုပါတယ်။ဥစ္စာစောင့် တွေဆိုတာ အမျိုးမျိုးရှိပြီး တစ်မျိုးက လူ့ဘဝ မိမိတို့ မြှုပ်နှံထား တဲ့ရတနာရွှေငွေ တွေကို စွဲလန်းပြီး သေတဲ့အခါ မကျွတ်မလွတ်ဘဲ မိမိတို့ရဲ့ စည်းစိမ်ဥစ္စာတွေကို ပြန်လည်စောင့်ရှောက်ကြတဲ့ ပြိတ္တာတွေ ဖြစ်တယ်လို့လည်း ဆိုကြပါတယ်။ ဒါဆိုရင် ဥစ္စာစောင့်ဆိုတာ တကယ်ပဲရှိခဲ့တာလား ? ဒါမှမဟုတ် လူတွေဖန်တီးထားတဲ့ ဇာတ်လမ်း ပုံပြင်သက်သက်ပဲလားဆိုတာ သိရအောင်လို့ ဒီနေ့ Z-Lannရဲ့ “ ပါးစပ်ရာဇဝင် တို့၏ ဒဏ္ဍာရီ” အစီအစဉ်လေးကနေ ဥစ္စာစောင့်တွေရဲ့ ထူးခြားချက်တွေအကြောင်း ပြောပြပေးသွားမှာ ဖြစ်တာကြောင့် စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ #ZLann #ZLann_Podcast #ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ #ဥစ္စာစောင့်

    5分
  3. " မင်းလက်မလျှော့သရွေ့ မင်းမှာအခွင့်အရေးဆိုတာရှိနေပါသေးတယ် - ဂျက်မား "

    11時間前

    " မင်းလက်မလျှော့သရွေ့ မင်းမှာအခွင့်အရေးဆိုတာရှိနေပါသေးတယ် - ဂျက်မား "

    တရုတ်စီးပွားရေးသမားတစ်ယောက် ဂျက်မားလို့ပြောလိုက်တာနဲ့ အလီဘာဘာကိုတည်ထောင်ခဲ့သူ၊ စီးပွားရေးလုပ်ငန်းတွေရဲ့ စံပြပုဂ္ဂိုလ်တစ်ယောက်ကို ပြေးမြင်ကြမှာပါ။ဂျက်မာကတရုတ်စီးပွားရေး လုပ်ငန်းတွေရဲ့  နိုင်ငံတကာ သံတမန်တစ်ယောက်ဖြစ်ပြီး ကမ္ဘာမှာ ဩဇာအရှိဆုံး ပုဂ္ဂိုလ်တွေထဲ ကတစ်ယောက်အဖြစ် သတ်မှတ်ခံရသူလည်းဖြစ်ပါတယ်။ ဒီလို အောင်မြင်မှုတွေရရှိနေတဲ့ ဂျက်မားလို လူတစ်ယောက်ရဲ့နောက်ကွယ်မှာ အကြိမ်ကြိမ်ကျရှုံးမှုတွေ၊ ပယ်ချမှုတွေကို ရှိခဲ့ပါတယ်။ မိဘဆွေမျိုးအသိုင်းအဝိုင်းက စီးပွားရေးသမားမဟုတ်လို့ စီးပွားရေးလုပ်ငန်းအကြောင်းကို သေချာမသိခဲ့တဲ့ ဂျက်မားက လွယ်လွယ်နဲ့ လက်မလျှော့ခဲ့ပဲ အဆက်မပြတ်ကြိုးစားခဲ့တာမို့လို့ အခုဆိုရင် ကမ္ဘာအချမ်းသာဆုံးစာရင်းဝင်ဖြစ်လာခဲ့ပြီး အလီဘာဘာရဲ့ ပဲ့ကိုင်ရှင်တစ်ယောက်အဖြစ် ရပ်တည်နေပါပြီ။ ဒီနေ့ မှာတော့ Z-Lann ရဲ့ “အဆိုအမိန့်ထုံး နှလုံးမူ” အစီအစဉ်မှာ ကမ္ဘာကျော်စီးပွားရေးပညာရှင်တစ်ယောက် ဖြစ်တဲ့ ဂျက်မားရဲ့ လေးစားစရာကောင်းတဲ့ အဆိုအမိန့်တွေထဲကတစ်ခုအကြောင်းကိုပြောပြပေးသွားမှာ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #အဆိုအမိန့်ထုံးနှလုံးမူ #ဂျက်မား

    6分
  4. " သူတော်ကောင်း လင်ယောက်ျားကို ကျိန်ဆိုဆဲရေးသည့် အတွက် ပြိတ္တာဘုံဘဝရောက်ခဲ့သူ "

    1日前

    " သူတော်ကောင်း လင်ယောက်ျားကို ကျိန်ဆိုဆဲရေးသည့် အတွက် ပြိတ္တာဘုံဘဝရောက်ခဲ့သူ "

    တစ်ခါက ရက်ကန်းသည်တွေနေထိုင်တဲ့ ပေသကာရရွာကို သံဃာတော်တွေ ဆွမ်းခံကြွလာတဲ့အတွက် ကျေးရွာအတွင်း ဆွမ်း၊ ခဲဖွယ်၊ဘောဇဉ်တို့လှူဒါန်းသူတွေနဲ့ စည်ကားလို့နေပါတယ်။ အဲဒီကျေးရွာအတွင်းမှာ တစ်ကျိပ်တစ်ယောက်ပါဝင်တဲ့ အဖွဲ့အစည်းတစ်ခုကို ဖွဲ့စည်းပြီး အဖွဲ့အစည်းအတွင်းမှ အမျိုးသားတစ်ဦးကို အကြီးအကဲ နာယက အဖြစ်တင်မြှောက်ကြပါတယ်။အကြီးအကဲ နာယကရဲ့ဦးဆောင်မှုနဲ့အတူ တောအုပ်အတွင်း တောရကျောင်းတစ်ခုဖြစ်လာခဲ့ပါတယ်။ အကြီးအကဲနာယကဟာ ကုသိုလ်ရေးမှာတက်တက်ကြွကြွပါဝင် ဆောင်ရွက်ပေမဲ့ အချိန်ကြာမြင့်လာတဲ့အခါ ဇနီးဖြစ်သူကမကြည်ဖြူတော့ပဲ ခင်ပွန်းဖြစ်သူရဲ့ လုပ်ရပ်တွေကို ခါးခါးသီးသီး ပြောဆိုကန့်ကွက်ပါတော့တယ်။ သူတို့ဇနီးမောင်နှံဟာ လူ့ဘဝ ကံကြွင်းရှိသမျှ နေထိုင်ကြပြီး ကွယ်လွန်တဲ့အခါမှာတော့ ခင်ပွန်းဖြစ်သူဟာ တန်ခိုး ကြီးမားတဲ့ရုက္ခစိုးနတ် ဖြစ်လာခဲ့ပါတယ်။ ဇနီးမယားဖြစ်သူကတော့ သူပြုလုပ်ခဲ့တဲ့ အကုသိုလ်ကံတွေ ကြောင့် ……… ဒီကနေ့ Z-Lannရဲ့ “ဗုဒ္ဓခေတ်သရဲတစ္ဆေများ" အစီအစဉ်ကနေ သူတော်ကောင်း လင်ယောက်ျားကို ကျိန်ဆိုဆဲရေးတဲ့အတွက်ကြောင့် ပြိတ္တာဘဝရောက်ခဲ့ရတဲ့ ပြိတ္တာမအကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက် ပြသပေးသွားမှာပဲ ဖြစ်ပါတယ်။#ZLann #ZLann_Podcast #ဗုဒ္ဓခေတ်သရဲတစ္ဆေများ

    7分
  5. " ဗုဒ္ဓဝင်ပုံပြင်၊ ဂမ္ဗီရ ဇတ်လမ်းတွေမှာ ဇော်ဂျီတွေနဲ့ပျော်မွေ့တတ်ပြီး လှည့်စားဖျားယောင်း

    1日前

    " ဗုဒ္ဓဝင်ပုံပြင်၊ ဂမ္ဗီရ ဇတ်လမ်းတွေမှာ ဇော်ဂျီတွေနဲ့ပျော်မွေ့တတ်ပြီး လှည့်စားဖျားယောင်း

    ဂမ္ဗီရဝတ္ထု တွေနဲ့ ဗုဒ္ဓစာပေကျမ်းဂန်တွေထဲမှာ သူယောင်သီးကနေ ဖြစ်ပေါ်လာပြီး ဇော်ဂျီတို့နဲ့ ပျော်မွေ့လေ့ရှိတဲ့ ရှိတဲ့ သူယောင်မယ်တွေအကြောင်းကိုမြန်မာလူမျိုးတော်တော်များများရင်းနှီးကျွမ်းဝင်နေမယ်လို့ထင်ပါ တယ်။။ပါးစပ်ရာဇဝင်တွေထဲကအရဆိုရင်သူယောင်ပင်တွေကနေ လူမိန်းမသဏ္ဌာန်ရှိတဲ့ အသီးတစ်မျိုး သီးလာပြီး ဇော်ဂျီတောင်ဝှေ့နဲ့ထိတွေ့လိုက်ရင် အလွန်တရာချောမောတဲ့မိန်းမပျိုတွေအဖြစ် ပြောင်းလဲသွားတယ်လို့ ဆိုကြပါတယ်။ သူယောင်မယ်တွေကို တကယ်မြင်တွေ့ဖူးကြတာမျိုးမရှိကြပေမယ့် ဗုဒ္ဓစာပေငါးရာ့ငါးဆယ်ဇာတ်တော် ၊အလမ္ဗုသာဇာတ်တော်တွေထဲမှာ သူယောင်မယ်တွေအကြောင်းကိုအကျယ်တဝင့်ပြောဆိုထားတာကိုဖတ်ရှုရ ခြင်းအားဖြင့် သူယောင်မယ်တွေတကယ်ရှိခဲ့တဲ့ သက်သေသာဓက လို့ဆိုနိုင်ပါတယ်။ဒီလိုမျိုးဆန်းကြယ်ပြီး ထူးဆန်းတဲ့ ရာဇဝင်တွေထဲက သူယောင်မယ်တွေရဲ့အကြောင်းကို  Z-Lannရဲ့ “ပါးစပ်ရာဇဝင်တို့၏ ဒဏ္ဍာရီ” မှာပြောပြပေးသွားမှာဖြစ်လို့ စိတ်ဝင်စားရင် ကြည့်ရှု့နိုင်ပါတယ်။#ZLann #ZLann_Podcast #ပါးစပ်ရာဇဝင်တို့၏ ဒဏ္ဍာရီ #thuyoungmal

    6分
  6. " စီးပွားလာဘ်လာဘတိုးစေတဲ့ ဖုန်းရွှေပညာရပ် "

    1日前

    " စီးပွားလာဘ်လာဘတိုးစေတဲ့ ဖုန်းရွှေပညာရပ် "

    မြန်မာလို “ဖုန်းရွှေ” လို့ ခေါ်နေကြတဲ့ တရုတ်ရိုးရာ ပညာ Feng Shui (風水) ရဲ့ အသံထွက် အမှန်ကတော့ “ဖုန်းဆွေ” လို့ ထွက်ပါတယ်။ ဖုန်း (風) ဆိုတဲ့ တရုတ်ဝေါဟာရက “လေ” ကို ဆိုလိုတာ ဖြစ်ပြီး ဆွေ (水) ဆိုတာက “ရေ” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် ဆိုရရင် ဖုန်းရွှေပညာရပ်ဟာ လေနဲ့ ရေကို အခြေခံထားတဲ့ သဘာဝကျတဲ့ ပညာရပ်တစ်ခုလို့ ဆိုရပါမယ်။   ကောင်းကင်နဲ့မြေကြီးကြားမှာ သဟဇာတ ဖြစ်အောင် နေထိုင်ရင်း ကောင်းမွန်တဲ့ (氣 - qi) ချိဆိုတဲ့ ဓာတ်တွေကို တည်ဆောက်နေထိုင်ခြင်းဟာ ဖုန်းရွှေပညာရပ်ပါပဲ။ ဖုန်းရွှေဆိုတာ တရုတ်လူမျိုးတို့ရဲ့  နေရာချထားမှုအတတ်ပညာဖြစ်ပြီးတော့ နေအိမ်၊သင်္ချိုင်းအုတ်ဂူ စတာတွေအတွက် အရပ်မျက်နှာရွေးချယ်တည်ဆောက်တဲ့နေရာမှာ အဓိကအသုံးချပါတယ်။  ဒီနေ့ Z-Lann ရဲ့ “ သွင်ဟန်ထူခြား ဓလေ့ထုံးများ ”အစီအစဉ်မှာ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀၀၀ကျော်လောက်မှာ ပေါက်ဖွားခဲ့တဲ့ အိုဟောင်းနေတဲ့ လောဂီပညာရပ်တစ်ခုဖြစ်တဲ့ ဖုန်းရွှေပညာရပ်အကြောင်းကို ပြောပြပေးသွားမှာ ဖြစ်လို့ စိတ်ဝင်စားရင် ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ #ZLann #ZLann_Podcast # သွင်ဟန်ထူးခြား ဓလေ့ထုံးများ #ဖုန်းရွှေ

    7分
  7. အရှေ့ဘက်တိုင်းသားတို့ရဲ့ အစားအသောက်ယဉ်ကျေးမှုအတွက် မရှိမဖြစ် "တူ"

    2日前

    အရှေ့ဘက်တိုင်းသားတို့ရဲ့ အစားအသောက်ယဉ်ကျေးမှုအတွက် မရှိမဖြစ် "တူ"

    လူသားတွေ အစားအသောက်စားသုံးရာမှာ အစားအစာတွေကို ကျန်းမာရေးနှင့်ညီညွတ်ဖို့၊ အရသာကောင်းမွန်ဖို့ရှိဖို့အပြင် အစားအသောက်အတွက် အပြင်အဆင်နဲ့ စားတဲ့အခါမှာ ကျင့်သုံးကြတဲ့ ယဉ်ကျေးမှုတွေထိ ပါဝင်ပါတယ်။ တစ်ကမ္ဘာလုံးအနှံ့ အစားအသောက်ယဉ်ကျေးမှုမှာ သဏ္ဍာန်နဲ့ ဟန်ပန်များစွာရှိသလို အစားအသောက်စားတဲ့အခါ ပါးစပ်ထဲရောက်ဖို့ ခပ်ယူရတဲ့ စားပွဲတင်အသုံးပစ္စည်းတွေဟာလည်း အလွန်အရေးပါလှပါတယ်။ အနောက်တိုင်းမှာ ဇွန်း၊ ခက်ရင်း၊ ဓားတို့ကို အသုံးပြုကြပြီး အရှေ့ဘက်မှာတော့ အားလုံးသိကြတဲ့အတိုင်း တူ ကို အသုံးပြုကြပါတယ်။ တူ အသုံးပြုတဲ့ယဉ်ကျေးမှုဟာ တရုတ်နိုင်ငံကဖြစ်ပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၄၀၀၀ ကျော်ကတည်းက စတင်သုံးစွဲလာခဲ့တာဖြစ်ပါတယ်။ ဒီနေ့ရဲ့ "သွင်ဟန်ထူးခြားဓလေ့ထုံးများ" အစီအစဉ်မှာတော့ အရှေ့တိုင်းသားတွေ အစားအသောက်စားရာမှာအသုံးပြုတဲ့ "တူ" အကြောင်းကိုတင်ဆက်ပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #သွင်ဟန်ထူးခြားဓလေ့ထုံးများ #တူ #chopsticks #foodculture #chinese

    5分
  8. " လူယောင်ဖန်ဆင်းနိုင်တယ်ဆိုတဲ့ ငမိုးရိပ်မိကျောင်း "

    2日前

    " လူယောင်ဖန်ဆင်းနိုင်တယ်ဆိုတဲ့ ငမိုးရိပ်မိကျောင်း "

    ကမ္ဘာပေါ်မှာ လူယောင်ဖန်ဆင်းနိုင်တဲ့ သမန်းဝံပုလွေတွေ၊ မြန်မာပြည်မှာ လူယောင်ဖန်ဆင်းနိုင်တယ်ဆိုတဲ့ သမန်းကျားတွေ ရှိတယ်လို့ ဆိုကြသလို လူယောင်ဖန်ဆင်းနိုင်တဲ့ မိကျောင်းတွေရှိတယ်ဆိုတာ ယုံကြည်ကြတဲ့သူ တွေများ ရှိကြလားခင်ဗျ။ ရာဇဝင်သမိုင်းတွေထဲမှာ အမြဲမြင်တွေ့ရတဲ့ လူယောင်ဖန်ဆန်းနိုင်တဲ့ ငမိုးရိပ်မိကျောင်းအကြောင်းကို တော်တော်များများ ဖတ်ဖူးကြမှာပါ။ ငမိုးရိပ်မိကျောင်းဟာ သိကြားမင်းရဲ့ ရေစင်ကြောင့် မွေးဖွားလာတဲ့ နတ်မိကျောင်းလို့ ဆိုကြပြီး ဥက္ကလာပ မင်းကြီး၊ မယ်လမု တို့နဲ့ ဆက်စပ်နေတယ်လို့ဆိုပါတယ်။  ငမိုးရိပ်မိကျောင်းအကြောင်းကို မြန်မာတို့ရဲ့ပါးစပ်ရာဇဝင်မှာ လက်ရှိအချိန်ထိ ပုံပြင်တစ်ပုဒ်လို လူပြောများနေဆဲပါ။ ယုံကြည်ကြတဲ့ လူအချို့ရှိသလို အချို့တွေကလည်း ဒါတွေဟာ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ် လို့ဆိုကြ သူတွေ ရှိပါတယ်။ ဒါဆိုရင် လူယောင်ဖန်ဆင်းနိုင်တဲ့ ငမိုးရိပ်မိကျောင်းဟာ တကယ်ပဲ တည်ရှိခဲ့တာလား ၊ စိတ်ကူးယဉ်ဇာတ်လမ်းတစ်ပုဒ်လား ဆိုတာကို သိချင်ရင်တော့  ဒီနေ့ Z-Lann ရဲ့ “ ပါးစပ်ရာဇဝင် တို့၏ ဒဏ္ဍာရီ” အစီအစဉ်ကနေ ငမိုးရိပ်မိကျောင်း အကြောင်းကို စိတ်ဝင်စားဖွယ် တင်ဆက်ပြသသွားမှာဖြစ်လို့ အဆုံးထိ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။ #ZLann #ZLann_Podcast #ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ #ငမိုးရိပ်မိကျောင်း

    7分

番組について

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

その他のおすすめ

露骨な表現を含むエピソードを聴くには、サインインしてください。

この番組の最新情報をチェック

サインインまたは登録して番組をフォローし、エピソードを保存し、最新のアップデートを入手しましょう。

国または地域を選択

アフリカ、中東、インド

アジア太平洋

ヨーロッパ

ラテンアメリカ、カリブ海地域

米国およびカナダ