The Institute for Strategy and Policy – Myanmar

‘ISP နှင့်အတူ မိနစ် ၃၀’ အမှတ်စဉ်-၉ (အယူအဆမှတ်စု)

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို တွန်းလှန်ခဲ့တဲ့ ‘နွေဦးတော်လှန်ရေး’ရဲ့ အစောပိုင်း ကြန်အင်လက္ခဏာဟာ လက်နက်ကိုင်တော်လှန်ရေး မဟုတ်ပေမဲ့ နောက်ပိုင်းမှာတော့ လက်နက်ကိုင်တိုက်ပွဲဟာ အဓိကလက္ခဏာ ဖြစ်လာခဲ့ပါတယ်။ စစ်ရေးအောင်ပွဲတွေ၊ ကိုယ့်ရဲ့ အသာစီးရမှုတွေကို ဆုပ်ဆုပ်ပိုင်ပိုင် ယန္တရားစနစ်အတွင်း အောင်မြင်မှုအဆင့် တက်လှမ်းရနိုင်ဖို့ (institutionalized gains) ဘယ်လောက်အရေးကြီးပါသလဲ။ ဒါတွေကို အခုပေါ့ကတ်စ်မှာ နားထောင်ဖို့ ဖိတ်ခေါ်ပါရစေ။