အာဏာသိမ်းပြီးနောက် မြန်မာစစ်တပ်နဲ့ သူတို့ ဩဇာခံတွေဟာ ကလေးစစ်သား သုံးမှု အဆမတန် များလာတယ်လ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဇွန်လ ၂၀ ရက်၊ သောကြာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - မြန်မာစစ်တပ်ဟာ တကျော့ပြန် အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလ နောက်ပိုင်း က စလို့ ကလေးစစ်သား အသုံးချမှု တိုးမြင့် လုပ်လာ ခဲ့တာမှာ စစ်မှုထမ်း ဥပဒေ အသက်သွင်းလိုက်တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းက စလို့ အဆမတန် များလာ နေတယ် ဆိုပြီး နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ HRW ပြော - ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ်ကလည်း မနေ့ ဇွန် ၁၉ ရက်စွဲနဲ့ပဲ နိုင်ငံတကာမှာ လက်နက်ကိုင် ပဋိပက္ခတွေထဲ ကလေးသူငယ်တွေကို အသုံးချမှုနဲ့၊ ကလေးသူငယ်တွေ ထိခိုက်ခံစား နေရတဲ့ အခြေအနေတွေ အကြောင်း အသေးစိတ် အစီရင်ခံစာ ထုတ်ပြန်တာမှာ မြန်မာနဲ့ ပတ်သက်ပြီးတော့လည်း အသေးစိတ် အချက်အလက်တွေ ထည့်သွင်းထား - ကုလ အတွင်းရေးမှူးချုပ်ရဲ့ အစီရင်ခံစာ အရ …. မိန်းကလေးငယ် ၁၅ ယောက် အပါအဝင် ကလေးစစ်သားတွေ အဖြစ် စုစောင်းခဲ့တဲ့ အမှု ကိစ္စပေါင်း ၄၈၂ မှု ပေါ်ပေါက်ခဲ့ကြောင်း အတည်ပြုထားနိုင်တာမှာ အများစုဟာ မြန်မာအာဏာသိမ်း စစ်တပ်နဲ့ သူတို့ရဲ့ ဩဇာခံ လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ ဆို - မြန်မာ စစ်တပ်နဲ့ လက်တွဲ အလုပ်လုပ်တဲ့ လက်နက်ကိုင် အဖွဲ့တွေလို့ ဆိုရာမှာ နယ်ခြားစောင့်တပ်နဲ့ ပျူစောထီးလို့ ခေါ်တဲ့ ပြည်သူ့စစ်တွေ အပြင်၊ RSO နဲ့ ARSA တို့လို ရိုဟင်ဂျာ လက်နက်ကိုင် အဖွဲ့တွေကိုပါ ကုလ သမဂ္ဂက ရည်ညွှန်းထား။ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့တွေ ထဲမှာလည်း ကလေးစစ်သား အသုံးချမှု အရေအတွက် တချို့ရှိကြောင်းလည်း ဖော်ပြထားတာတွေ့ရ

- ရှမ်းမြောက်မှာ တရုတ်ဖိအားကြောင့် ကိုးကန့်တပ် MNDAA နဲ့ တအာင်းတပ် TNLA တို့ အပစ်ခတ် ရပ်စဲထားရပြီး ၊ သိမ်းပိုက်ထားတဲ့နယ်မြေ တချို့ကနေ ပြန်ဆုတ်ခွာပေးနေရအချိန် ၊ ရခိုင်ပြည်နယ် တောင်ပိုင်းဒေသက တရုတ်စီမံကိန်းတွေ ရှိနေတဲ့ ကျောက်ဖြူမြို့ မှာတော့ တိုက်ပွဲဟာ ပိုမို ပြင်းထန်လာနေပါတယ်။ အခုတိုက်ပွဲတွေမှာ အာရက္ခတပ်တော် အေအေ က ကျောက်ဖြူမြို့သိမ်းဖို့အထိ ဖြစ်လာနိုင်ပါသလား။ တရုတ်စီမံကိန်းတွေအပေါ် အေအေရဲ့ သဘာထား ဘယ်လိုရှိပါသလဲ .... ဘီဘီစီ သတင်းလွှာ

- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ထဲ စစ်ကောင်စီ တပ်စွဲထားတဲ့ ကန့်ဒေါင့် ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေး တပ်မတော် -PLA နဲ့ မဟာမိတ် တပ်ပေါင်းစုတွေ သိမ်းပိုက်လိုက်ပြီလို့ ကြေညာလိုက်ပါတယ်။ အဲဒီ စခန်းမကျရေး အတွက် စစ်ကောင်စီက လေကြောင်းကော မြေပြင်စစ်ကူတွေ နဲ့ပါ အပြင်းအထန် ခုခံ ခဲ့တဲ့ ကြားကပဲ လက်လွှတ်ခဲ့ရတာ ဖြစ်ပါတယ်။ ကန့်ဒေါင့်ရဲစခန်း တိုက်ပွဲ အကြောင်း ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက်

- အခုနှစ်ကုန်ပိုင်းမှာ ကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အဖွဲ့ ခွဲ အဆင့်ဆင့် ဖွဲ့စည်းတဲ့အခါ နိုင်ငံ့ဝန်ထမ်းကို ဥက္ကဋ္ဌအဖြစ် ခန့်အပ်ခွင့် ရှိတယ် ဆိုပြီး ရွေးကောက်ပွဲ ဥပဒေကို စစ်ကောင်စီက ပြင်ဆင် ပြဌာန်းလိုက်ပါတယ်။ ဘာလို့ အဲဒီလို ခြေလှမ်းမျိုး ပြုလုပ် လာရတာပါလဲ။ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲအပေါ် လေ့လာစောင့်ကြည့်သူတွေရဲ့ အမြင် စုစည်းမှု

- မြန်မာစစ်ကောင်စီကို စစ်လေယာဉ်တွေ … လက်နက်တွေ ရောင်းချပေးနေတဲ့ တရုတ်အစိုးရပိုင် (AVIC - အေ ဗွီ အိုင်စီ) ကုမ္ပဏီ ထံကနေ ဥရောပ လေယာဉ် ကုမ္ပဏီကြီး AirBus က သူတို့ ရင်းနှီးမြှုပ်နှံထားတာတွေကို ပြန် ထုတ်လိုက်ပါတယ်။ လေယာဉ်ထုတ်လုပ်တဲ့ ကုမ္ပဏီတွေထဲ ဥရောပမှာ AirBus ဟာ အကြီးဆုံး ကုမ္ပဏီပါ၊ ဒီကုမ္ပဏီက အခုလို တရုတ်ကုမ္ပဏီမှာ ရင်းနှီးထားတာတွေကို ထုတ်ပယ် လိုက်တဲ့အပေါ် …. အဲဒီလို လုပ်ဆောင်ပေးဖို့ ဆော်ဩနေကြတဲ့ မြန်မာ့အရေး ဆောင်ရွက် ကြသူတွေက ကြိုဆိုကြသလို ၊ သူတို့ လှုပ်ရှား ဆော်ဩနေခဲ့ကြတာတွေရဲ့ အောင်မြင်မှု တခုအနေနဲ့လည်း ဂုဏ်ယူကြပါတယ်။ ဒီကမ်ပိန်း လှုပ်ရှားမှုထဲ ပါဝင်ခဲ့တဲ့ အဖွဲ့တဖွဲ့ဖြစ်တဲ့ ဗြိတိန်အခြေစိုက် Stars of Myanmar Friendship အဖွဲ့နဲ့ ဘီဘီစီ မေးမြန်းခန်း

- နိုင်ငံတကာဘက်ကို ကြည့်ရင်တော့ ….. အစ္စရေးနဲ့ အီရန်တို့ အပြန်အလှန် တိုက်ခိုက်မှုတွေဟာ အခုဆိုရင် ဒုတိယမြောက် သီတင်းပတ်ထဲကို ဝင်ရောက်လာခဲ့ပြီ ဖြစ်၊ အစ္စရေး စစ်တပ်က အီရန်ထဲက ဒါဇင်တချို့ထိအောင် ရှိတဲ့ ပစ်မှတ်နေရာတွေကို တိုက်ခိုက်ခဲ့တာမှာ .... မြို့တော် တီဟီရန် ပရိဝဏ်ထဲမှာ ပါတဲ့ ဒုံးကျည် ထုတ်လုပ်တဲ့ နေရာတွေလည်း ပါဝင်တယ် ဆိုပြီး ထုတ်ပြန်၊ ဒါ့အပြင် အီရန်ရဲ့ စစ်ဘက် သုတေသန ဌာနချုပ်ကိုပါ ဖျက်စီးနိုင်ခဲ့တယ်လို့လည်း ဆို

- အစ္စရေးထဲမှာလည်း အီရန်ရဲ့ ဒုံးကျည်တွေ ကျရောက်

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا