ဒေါ်အောင်ဆန်းစုကြည် မွေးနေ့ ဆုတောင်းတာ၊ လွတ်မြောက်ရေး အတွက် လျှပ်တပျက် တောင်းဆို ဆန္ဒပြတာ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

- အမေရိကန် နဲ့ ဗြိတိန် နိုင်ငံတွေကလည်း ဒေါ် အောင်ဆန်းစုကြည်ကို ပြန်လွှတ်ပေးဖို့ စစ်တပ်ကို ထပ်လောင်းတောင်းဆို၊ တစ်ချိန်တည်းမှာပဲ ဥရောပသမဂ္ဂနဲ့ ဒိန်းမတ်သံရုံးတွေ ကလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ရည်ညွှန်းတဲ့ ဓာတ်ပုံတွေကို သူတို့ရဲ့ လူမှုကွန်ရက် စာမျက်နှာတွေမှာ ဖော်ပြကြ - အိန္ဒိယ သံရုံးဆိုရင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် ၈၀ နှစ်ပြည့်မွေးနေ့အတွက် ရန်ကုန်၊ ဗဟန်းမြို့နယ်မှာရှိတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD)ရုံးချုပ်ရဲ့ ရှေ့မျက်နှာစာ ခြံတံခါးသံပန်းအရှေ့ စာတစ်စောင်နဲ့အတူ ဂုဏ်ပြုပန်းခြင်း ပို့ - နိုင်ငံတကာကို ကြည့်ရင် …. ပဋိပက္ခ သီတင်းတစ်ပတ် ပြည့်မြောက်ချိန် ၊ အီရန်ပစ်ခတ်တဲ့ ဒုံးကျည်တွေဟာ အစ္စရေးနိုင်ငံထဲ သိသာ ကြီးမားတဲ့ ပျက်စီး ထိခိုက်မှုတွေ ပေါ်ပေါက်လာစေခဲ့။ အစ္စရေးရဲ့ လေကြောင်းရန်ကာ စနစ်ကို ဖြတ်သန်းဝင်လာတဲ့ အီရန်ရဲ့ ဒုံးကျည်တွေဟာ တဲလားဗိဗ် မြို့ နဲ့ ဘက်ရှီးဘားမြို့က ဆေးရုံ အပါအဝင် အစ္စရေး နိုင်ငံ နေရာတချို့မှာ ကျရောက်ခဲ့ - တခါ၊ အစ္စရေးရဲ့ တိုက်ခိုက်မှုတွေဟာလည်း အခု တချီမှာ သူတို့ရဲ့ ဆောက်လက်စ ရေအားသုံး ဓာတ်ပေါင်းဖို တစ်လုံးကို ပစ်မှတ်ထားလာတယ်လို့ အီရန်ဘက်က ဆို၊ ဒီ ဓာတ်ပေါင်းဖို ထိခိုက် ပျက်စီး သွားပေမယ့် ရေဒီယို သတ္တိကြွ ပစ္စည်းတွေ ယိုစိမ့်တဲ့ အန္ဒရာယ်မျိုး မရှိဘူးလို့လည်း အီရန် အာဏာပိုင်တွေပြော - အမေရိကန်ရဲ့ သဘောထားကို ကြည့်ရင်တော့ အစ္စရေးနဲ့ ပူးပေါင်းပြီး အီရန်ကို တိုက်မယ်လို့တော့ သမ္မတ ထရမ့် မကြေညာ သေးပေမဲ့လည်း တိုက်ခိုက်ကောင်း တိုက်ခိုက် လာဖွယ် ရှိတဲ့ အစီအစဉ်ကို သူ သဘောတူထားတယ်လို့ ဆို - ရုရှား စီးပွားရေး ဝန်ကြီး မက်ဇင်မ် ရီရှက်နီကော့ဗ် Maxim Reshetnikov က သူ့ တိုင်းပြည်ဟာ စီးပွားရေး ကျဆင်းတော့မယ့် အခြေအနေကို ရောက်လု ရောက်ခင် ဖြစ်နေပြီလို့ စိန့်ပီတာစဘာ့ဂ် မြို့မှာ လုပ်တဲ့ နိုင်ငံတကာ စီးပွားရေး ဖိုရမ်မှာ ဖွင့်ဟ ဝန်ခံ၊ ဒါဟာ … ယူကရိန်း စစ်ပွဲ တာရှည်လာခဲ့ပြီး အနောက်နိုင်ငံတွေရဲ့ ဝိုင်းဝန်း ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ ရုရှား အပေါ် သက်ရောက် လာတာ ဖြစ် - ထိုင်းနိုင်ငံမှာတော့ လက်ရှိ ညွန့်ပေါင်း အစိုးရထဲကနေ ဒုတိယ အကြီးဆုံး ဘွမ်းဂျိုင် ထိုင်း Bhumjaithai ပါတီ နှုတ်ထွက်သွားပြီ ဖြစ်တဲ့ အတွက် ညွန့်ပေါင်း အစိုးရ ပြိုကျဲလု ဆဲဆဲ အခြေအနေကို ရောက်သွား၊ ကမ္ဘာဒီယားနဲ့ကြား နယ်မြေ ပိုက်နက်နဲ့ ပတ်သက်ပြီး အဆိုးရွားဆုံး ပဋိပက္ခ ဖြစ်နေချိန်မှာ ထိုင်း ဝန်ကြီးချုပ် ပေထုံတန် ရှင်နာဝပ်ရဲ့ အပြုအမူ အပြောအဆိုတွေဟာ ထိုင်းရဲ့ ဂုဏ်သရေ သိက္ခာကို ထိခိုက် ပျက်စီး စေတယ် ဆိုပြီး လမ်းခွဲသွားတဲ့ ဘွမ်းဂျိုင် ထိုင်း ပါတီက ဆို - ကမ္ဘာဒီးယား လက်ရှိ ဝန်ကြီးချုပ်ရဲ့ ဖခင်၊ ဩဇာအာဏာ ကြီးလှတဲ့ ဝန်ကြီးချုပ်ဟောင်း ဟွန်ဆင်နဲ့ ဝန်ကြီးချုပ် ပေထုံတန် တယ်လီဖုန်းကနေ စကားပြောကြတဲ့ အခါ၊ “ဦးလေး” ဆိုပြီး ခေါ်ဝေါ် သုံးနှုံးခဲ့တာက အစ ၊ ထိုင်း နိုင်ငံအတွက် လုံလောက်အောင် ရပ်တည်ချက် မခိုင်မာ ခဲ့ဘူး ဆိုပြီး ဝေဖန်နေတာ ဖြစ်၊ အဲဒီ စကားပြောဆိုမှုကို ကမ္ဘောဒီယား ဘက်ကနေ ဖွင့်ချ ခဲ့တဲ့ အပေါ် ထိုင်း နိုင်ငံခြားရေး ဌာနက ပြစ်တင် ရှုတ်ချ နေ ….. စတဲ့ ထိပ်တန်း မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

Щоб прослухати епізоди з відвертим змістом, потрібно ввійти в систему.

Стежте за оновленнями для цього шоу

Увійдіть або зареєструйтеся, щоб стежити за шоу, зберігати епізоди й отримувати найновіші оновлення.

Виберіть країну або регіон

Африка, Близький Схід та Індія

Азіатсько-Тихоокеанський регіон

Європа

Латинська Америка та Кариби

Сполучені Штати Америки та Канада