Dawei Watch Podcast

စက်တင်ဘာလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့

- ရန်ကုန်-ထားဝယ်ကားလမ်းပိတ်ထားလို့ ထားဝယ်မှာ ကြက်ဥအပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ပြီး ဈေးမြင့်တက်နေတဲ့အကြောင်း

- ရေဖြူမြို့နယ် ဖားချောင်းရွာက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့အခြေအနေ

- တနင်္သာရီမြို့နယ် သိန်ခွန်းရွာမှာ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာ

- ဂဏဝိမုတ်ကူးတို့ဂိုဏ်း လောင်းလုံးမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူသွားတဲ့အကြောင်း

- ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာ ၆ ဦး WY ဆေးပြားတွေနဲ့အတူ အဖမ်းခံရတဲ့အခြေအနေ

- ကားထားပြီး ယာဉ်မောင်းထွက်ပြေးသွားလို့ တရားမဝင် ဝင်လာတဲ့ မြန်မာလေးဆယ်လောက် အဖမ်းခံရတာ

စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။