#စောင့်ရခြင်း ငါ့ချစ်သူလာလိမ့်မယ် လက်လေးတွေဆန့်တန်းဖွင့်လှစ်လိုက်ပြီး ငါ့ကိုဖက်သိုင်းလိမ့်မယ်။ ငါ့ကြောက်စိတ်များကို နားလည်မယ် ငါ့အပြောင်းအလဲတွေကို လေ့လာလိမ့်မယ်။ သွန်းချလာတဲ့အမှောင်ထဲကနေ ပိန်းပိတ်မှောင်တဲ့ညထဲကနေ တက္ကစီတံခါးကိုတောင် ဆောင့်မပိတ်အားတော့ဘဲ ဆွေးမြေ့နေတဲ့ တံခါးမုဒ်ကို ဖြတ်ကာ အပေါ်ထပ်ကို အပြေးကလေးတက်လာမယ်။ မေတ္တာရယ်၊ မေတ္တာရဲ့ချမ်းမြေ့မှုရယ်နဲ့ လောင်ကျွမ်းလို့ပဲ။ မိုးရေ တစက်စက်ကျရင်း အပေါ်ကိုပြေးတက်လာမယ် တံခါးကိုမခေါက်တော့ဘူး။ ငါ့ဦးခေါင်းကို သူ့လက်ကလေးတွေနဲ့ ပွေ့ယူလိုက်မယ်။ ပြီး သူ့အပေါ်အင်္ကျီကို ကုလားထိုင်ပေါ် ပစ်ချလိုက်တဲ့ခါ ကြမ်းပြင်အပေါ်ကို လျှောကျသွားပြီး ပြာလဲ့လဲ့အပုံတစ်ပုံ ဖြစ်သွားလိမ့်မယ်။ #ယက်ဖ်တူရှင်ကို Yevgeny Yevtushenko - Waiting #မောင်သာနိုး - ဘာသာပြန်
المعلومات
- البرنامج
- تاريخ النشر٣ أبريل ٢٠٢٤ في ٣:٤١ م UTC
- مدة الحلقة١ من الدقائق
- الموسم١
- الحلقة١
- التقييمملائم