Dawei Watch Podcast

Dawei Watch

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

  1. စက်တင်ဘာလ ၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    13 GIỜ TRƯỚC

    စက်တင်ဘာလ ၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မှာ ဆွမ်းတော်ကြီးတင်ပွဲကျင်းပမယ့်အချိန် သစ်သီးပြတ်လပ်နေတဲ့သတင်း - မြိတ်မှာ ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရပြီးကုန်ပစ္စည်းပြတ်လို့ အသုပ်ဆိုင်နဲ့ မုန့်ဆိုင်အချို့ရပ်နားရမယ့်အ ခြေအနေ - အထွေထွေကုန်စျေးနှုန်းမြင့်နေချိန် ဝဥရာသီဖွင့်‌ဈေး မနှစ်ကထက်ဈေးနည်းတဲ့အကြောင်း - ရန်ကုန်-ထားဝယ် ကားလမ်းပိတ်နေလို့ ထားဝယ်မှာ ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ်ငါးသောင်းဖြစ်လာတဲ့သတင်း - လောင်းလုံးမြို့ပေါ်နေအိမ်တွေက စားနပ်ရိက္ခာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို စစ်အာဏာရှင် တပ်သားတွေ မကြာခဏ ဝင်ယူနေတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 phút
  2. စက်တင်ဘာလ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    1 NGÀY TRƯỚC

    စက်တင်ဘာလ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အရှေ့တောမှာ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ အသွားအလာသတိပြုဖို့ တိုင်းကွပ်ကဲရေးအဖွဲ့ ပြောတဲ့ အကြောင်း - ကော့သောင်း တည်းခိုခန်းတစ်ခုမှာ အမျိုးသားအလောင်းတွေ့ပြီး သံသယရှိသူနှစ်ဦးကိုဖမ်းထားတဲ့ သတင်း - တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတဲ့အကြောင်း - တနင်္သာရီတိုင်းမှာ လေယာဉ်လက်မှတ် ဝယ်ရခက်နေတဲ့အခြေအနေ - မုဒုံမှာ စရဖ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်သတ်လိုက်တဲ့ အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 phút
  3. စက်တင်ဘာလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    2 NGÀY TRƯỚC

    စက်တင်ဘာလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရန်ကုန်-ထားဝယ်ကားလမ်းပိတ်ထားလို့ ထားဝယ်မှာ ကြက်ဥအပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ပြီး ဈေးမြင့်တက်နေတဲ့အကြောင်း - ရေဖြူမြို့နယ် ဖားချောင်းရွာက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့အခြေအနေ - တနင်္သာရီမြို့နယ် သိန်ခွန်းရွာမှာ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာ - ဂဏဝိမုတ်ကူးတို့ဂိုဏ်း လောင်းလုံးမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူသွားတဲ့အကြောင်း - ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာ ၆ ဦး WY ဆေးပြားတွေနဲ့အတူ အဖမ်းခံရတဲ့အခြေအနေ - ကားထားပြီး ယာဉ်မောင်းထွက်ပြေးသွားလို့ တရားမဝင် ဝင်လာတဲ့ မြန်မာလေးဆယ်လောက် အဖမ်းခံရတာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 phút
  4. စက်တင်ဘာလ ၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    3 NGÀY TRƯỚC

    စက်တင်ဘာလ ၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရေဖြူမြို့နယ် မရမ်းချောင်းရွာမှာ မိသားစုတစ်စု မိုင်းနင်းမိလို့ ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ အကြောင်း - စစ်အာဏာရှင်တပ်ပိတ်ဆို့မှုကြောင့် တနင်္သာရီက ရွာတချို့မှာ ဓာတ်မြေဩဇာကို ပိဿာချိန်နဲ့ပဲ ဝယ်သုံးနေရတဲ့ အခြေအနေ - စစ်ဘေးရှောင်ထောက်ပံ့ငွေကိစ္စနဲ့ ထိန်းသိမ်းထားသူသုံးဦးကို မော်ဒန်ပန့်အဖွဲ့ ပြန်လွှတ်တဲ့ အကြောင်း - ချင်းမိုင်မှာ ထိုင်းကျောင်းသားတွေကို ဓားနဲ့ ခုတ်တယ်ဆိုပြီး မြန်မာငါးဦး အဖမ်းခံရတဲ့သတင်း - အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရတဲ့ သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 phút
  5. တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    5 NGÀY TRƯỚC

    တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ - မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ် - စပိန်တွင် ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော် လူ ၂ သောင်းကျော် ဆင်နွှဲ - အိန္ဒိယတွင် ဆည်ရေဖောက်ချမှုကြောင့် ပါကစ္စတန်ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ - တရုတ်ကျောင်းသားများ မရှိပါက အမေရိကန် တက္ကသိုလ်များ ထိခိုက်မည်ဟု ထရမ့်ဆို - တေလာဆွစ်နှင့် ဘောလုံးသမား တရားဝင် စေ့စပ် - အယ်ဂျီးရီးယားတွင် သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်နား - အိန္ဒိယတွင် အဆောက်အဦ ပြိုကျမှုကြောင့် လူ ၁၇ ဦးသေဆုံး စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    6 phút
  6. ဩဂုတ်လ ၂၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    6 NGÀY TRƯỚC

    ဩဂုတ်လ ၂၉ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အရှေ့တောကို စစ်အာဏာရှင်တပ်က အင်အားရာချီထပ်ဖြည့်ပြီး စစ်ကြောင်းထိုးနေတဲ့အကြောင်း - စစ်မှုထမ်းအကြောင်းပြငွေတောင်းမှု တိုင်ကြားသူမရှိလို့ အရေးမယူနိုင်ဘူးလို့ တိုင်းစစ်မှုထမ်းဆင့်ခေါ်ရေးအဖွဲ့ပြောတဲ့သတင်း - ထိုင်းကို တရားမဝင်လာတဲ့ မြန်မာတွေ နေ့စဉ်နီးပါး အဖမ်းခံနေရတဲ့အခြေအနေ - ရေဖြူ နဘုလယ်ဒေသကို စစ်ကြောင်းထိုးနေလို့ ဒေသခံတွေထွက်ပြေးနေရတဲ့အကြောင်း - ထိုင်းဝန်ကြီးချုပ်ပေထုတ်တန် ရာထူးက ရပ်နားခံရတဲ့သတင်း - ရွှေနဲ့ဘတ် ဈေးကွက်အခြေအနေ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 phút
  7. ဩဂုတ်လ ၂၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    28 THG 8

    ဩဂုတ်လ ၂၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - စစ်အာဏာရှင်တပ်ကန့်သတ်မှုကြောင့် တနင်္သာရီတိုင်းကို ဆိုလာနဲ့ လျှပ်စစ်ပစ္စည်းအပါ ကုန်ပစ္စည်းအချို့ ပို့ဆောင်မှုရပ်လိုက်တဲ့သတင်း - မြိတ် လသာရွာမှာ ကုန်ကားတစ်စီးကို လက်နက်ကိုင်အဖွဲ့တစ်ခုကမီးရှို့တဲ့အကြောင်း - တနင်္သာရီတိုင်းသား စစ်မှုထမ်းသင်တန်းဆင်းတွေ ရခိုင်စစ်မြေပြင်မှာ သေဆုံးမှုများနေတဲ့သတင်း - ရေဖြူဒေသခံ စစ်ဘေးရှောင်ခုနစ်ရာကျော် အရေးပေါ် အကူအညီလိုနေတဲ့အခြေအနေ - ရေဖြူ၊ ဖားချောင်းကျေးရွာအုပ်စုမှာ သုံးရက်ဆက် ပစ်ခတ်မှုဖြစ်ခဲ့တဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    10 phút

Xếp Hạng & Nhận Xét

5
/5
2 Xếp hạng

Giới Thiệu

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Có Thể Bạn Cũng Thích