- ဒေါ်စု အသက် ၈၀ ပြည့် မွေးနေ့အမှတ်တရ လန်ဒန်မှာ လူ အယောက် ၈၀ နဲ့ ပုံဖော်

- ပဲခူးတိုင်း မင်းလှမြို့ အရှေ့ခြမ်း၊ ရန်ကုန်- ပြည်လမ်းပေါ်မှာ ရှိတဲ့ စစ်ကွင်း တာဆုံဂိတ်နဲ့ ဆင်အိုင် ချောင်းပေါက် ကျေးရွာမှာရှိတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဒေသကာကွယ်ရေးအဖွဲ့တွေ ပူးပေါင်း တိုက်ခိုက် ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် အရာရှိတစ်ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ သေဆုံး၊ လက်ရှိ ပဲခူးတိုင်းအနောက်ခြမ်းက စစ်ရေး အခြေအနေတွေ အကြောင်း ဘီဘီစီ သတင်းထောက်ရဲ့ သတင်းပေးပို့ချက် - တခါ၊ မန္တလေးတိုင်းဒေသကြီး တောင်သာမြို့နယ်နဲ့ ညောင်ဦးမြို့နယ်တွေ ဘက်မှာ စစ်တပ်နဲ့ ပီဒီအက်ဖ်တို့ စစ်ရေးတင်းမာနေပြီး စစ်ရှောင်နေသူတွေ များတဲ့အပြင် ကျောင်းဆရာမတချို့ ဖမ်းဆီးခံရ၊ သတ်ဖြတ် ခံရတာရှိတယ်လို့ သတင်းထွက်ပေါ်၊ ငလျင်ကြောင့် စာမေးပွဲ ပြန်ဖြေရတဲ့ တက္ကသိုလ်ဝင်တန်း ကျောင်းသားတချို့ ပြန်သွားရတယ်လို့ စစ်တပ်က စာထုတ်ပြန် စွပ်စွဲချက်တွေလဲ ရှိနေ - နိုင်ငံတကာဘက်မှာတော့ ….. အစ္စရေး စစ်တပ် ရဲ့ လတ်တလောအကျ ဆုံး တိုက်ခိုက်မှုတွေ အတွင်း အီရန်ရဲ့ နျူကလီယာ အစီအစဉ်အတွက် အရေးကြီးတဲ့ စက်ရုံ နှစ်ခု ကို ထိမှန်ခဲ့တယ်လို့ နျူကလီယာ စောင့်ကြည့်ရေး ကုလသမဂ္ဂ အဖွဲ့ IAEA က ပြော၊ ယူရေနီယမ် သန့်စင်တဲ့ စက် အတွက် အရေးကြီးတဲ့ အစိတ်အပိုင်းတွေ ထုတ်လုပ်ရာ မြို့တော် တီဟီရန်နဲ့ ကာရာ့ဂျ်က နေရာနှစ်ခု ထိမှန်ခဲ့တာ ဖြစ်တယ်လို့ ဆို - အီရန်ကလည်း ဒုံးကျည်တွေ အမြောက်အများ လက်တုံ့ပြန် ပစ်ခတ် နေပေမယ့်၊ အများစုကို အစ္စရေးရဲ့ လေကြောင်းရန်ကာ စံနစ်က ခုခံ ဖျက်စီးနိုင်တာ တွေ့ရ၊ ဒါပေမယ့်လည်း လေကြောင်းရန်ကာ စနစ်ရဲ့ ကုန်ကျစရိတ်က တစ်ညကို ဒေါ်လာ သန်း ၂၅၀ လောက် ရှိ - ယူကရိန်းနိုင်ငံ ကိယက်ဗ်မြို့တော်ကို ရုရှားက တနင်္လာည ကနေ အင်္ဂါနေ့ထိအောင် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့တဲ့ အတွက်၊ လူ ၂၃ ယောက် သေဆုံး၊ ဒဏ်ရာရသူ အယောက် ၁၃၀ ကျော်လည်း ရှိ၊ သေဆုံးသူတွေ အတွက် ဝမ်းနည်းပူဆွေးဖွယ်နေ့ အဖြစ် ကိယက်ဗ်မှာ ဒီကနေ့ ကြေညာထား - ဒီ အချိန်မှာပဲ၊ ကနေဒါမှာ ထိပ်သီး အစည်းအဝေး လုပ်နေကြတဲ့ စက်မှုထိပ်သီး ၇ နိုင်ငံ G7 ခေါင်းဆောင်တွေက ယူကရိန်းကို ပိုမို ထောက်ပံ့ ကူညီမယ် ဆိုပြီး ကတိပြု - အင်ဒိုနီးရှားနိုင်ငံ ဖလောရက်စ် ကျွန်းပေါ်မှာ ရှိတဲ့ လီဝိုတိုဘီ လာကီ-လာကီ ဆိုတဲ့ မီးတောင်ဟာ မနေ့ အင်္ဂါနေ့က စပြီး ပြာပူတွေကို ကောင်းကင်ထက် မှုတ်ထုတ်နေ၊ အပန်းဖြေ ခရီးသွားတွေ အလာများရာ ဘာလီကျွန်း အနီးမှာ ဖြစ်တဲ့ အတွက် လေယာဉ် ခရီးစဉ် တော်တော်များများ ဖျက်သိမ်း ထားရ - ထိုင်ဝမ် ကိုယ်တိုင်လုပ်တဲ့ ပထမဆုံး ရေငုပ်သင်္ဘော ကနဦး စမ်းသပ်မှု အားလုံး ပြီးဆုံးသွားပြီလို့ ထိုင်ဝမ်က ကြေညာ၊ အဲဒီ ရေငုတ်သင်္ဘောကို ဝေလငါး တစ်မျိုးရဲ့ နာမည် နာဝယ်လ် Narwhal လို့ နာမည်ပေးထား .... စတဲ့ ထိပ်တန်း မြန်မာနဲ့ နိုင်ငံတကာ သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM #ဘီဘီစီမြန်မာပိုင်း #ရေဒီယို
정보
- 프로그램
- 주기매일 업데이트
- 발행일2025년 6월 18일 오후 2:15 UTC
- 길이30분
- 등급전체 연령 사용가