ဘာသာရေးလား၊ လူထုမှိုင်းလား ၊ ကိုစစ်ကတော့ တူအောက်က ပေလေးပါ

Dark Era of Burma

ကိုစစ်

ကြက်ဖနဲ့ ကြ က်မပေါင်းရင် ဘာရလဲ

လူမျိူးရေး၊ ဘာသာရေး၊ မြို့နယ်ဦးစီးမှူးတစ်ယောက်က လူငယ်တစ်ယောက်ကို ပြောလိုက်တဲ့စကား။ ဘယ်လောက်ထိ ယုတ်မာတဲ့ လေသံတွေပါဝင်နေသလဲ။ လူငယ်လေးတစ်ယောက် မှတ်ပုံတင်သွားလုပ်တာကို ပြောတဲ့စကား၊ နောက်ဆုံးဘူတာက လာဘ်ငွေလိုချင်လို့၊ ပိုက်ဆံလိုချင်လို့။ အဲ့ဒါကြောင့် ကြီးကြီးကျယ်ကျယ်ပြောတယ်ဆိုလည်း ပညာမပါဘဲ ပါးစပ်က ထွက်လာတဲ့စကား။

ကိုစစ်သည် ရခိုင်ပြည်နယ်၊ ငပလီကမ်းခြေအနားက ရွာတစ်ရွာတွင်နေထိုင်သည့် ကမန် - ရခိုင် လူမျိုးဖြစ်သည်။ အစ္စလာမ်ဘာသာကို ကိုးကွယ်ပြီး ၂၀၁၂ ခုနှစ်က ဖြစ်ပေါ်ခဲ့သော ဘာသာရေးအဓိကရုဏ်းများကြောင့် မ​ငြိမ်သက်သော ဘဝများကို ကြုံတွေ့ခဲ့ရသည်။ ဗလီသွားပြီး ဝတ်ပြုဖို့ကိုတောင် ခိုးကြောင်ခိုးဝှက်လုပ်ရပြီး ဘာသာရေးဖိနှိမ်မှုတွေနှင့် ကြုံခဲ့ရသည်။ ဘယ်ဘက်ကမှမဟုတ်သော လူတစ်စုက စစ်အစိုးရရဲ့ လက်ပါးစေအဖြစ် ဆောင်ရွက်ကာ ရည်ရွယ်ချက်ရှိရှိ ဘာသာရေးနှင့် သွေးခွဲဖို့ ကြိုးစားခဲ့ကြသည်။

လူတစ်စုက မိန်းကလေးတစ်ဦးကို မုဒိန်းကျင့်၊ သတ်ဖြတ်ပြီး အစ္စလာမ်ဘာသာဝင်တွေ လုပ်တာပါဆိုပြီး ဝါဒ ဖြန့်ခဲ့ကြသည်။ တစ်နိုင်ငံလုံးဆီ ဒီဝါဒဖြန့်မှုဟာ ကူးစက်ရောက်ရှိသွားပြီး အဆိုးရွားဆုံးအနေနှင့် မိတ္ထီလာမြို့တွင် သတ်ဖြတ်၊ မီးရှို့ကြသည်အထိ အဓိကရုဏ်းက ကြီးမားခဲ့သည်။ ထိုအချိန်တွင် ရွေးကောက်ပွဲလုပ်ပြီး ကြံ့ခိုင်ရေးပါတီက အုပ်ချုပ်နေသော်လည်း ထိုပါတီသည် ယခင်က စစ်အစိုးရ၏ ရုပ်သေးရုပ်သဘောဝင်သည့်ပါတီဖြစ်၍ စစ်အစိုးရအုပ်ချုပ်နေသည်လို့ပင် ဆိုရမည်။ အဓိကရုဏ်းတွင်း ပစ်မှုကျူးလွန်ခဲ့သူများကို အစိုးရအနေနှင့် လျစ်လျူရှုခဲ့ကြသည်။ သူတို့၏ ရည်ရွယ်ချက်အတိုင်း ဘာသာရေးသွေးခွဲမှုသည် အဆင့်အတန်းတစ်ခုအထိ အောင်မြင်ခဲ့သည်လို့ ဆိုရမည်။

နစ်နာဆုံးရှုံးသွားသည်က အစ္စလာမ်ဘာသာဝင်အများစုသာဖြစ်ပါသည်။ အစ္စလာမ်ဘာဝင်ဖြစ်သည်နှင့် လူ့အသိုင်းအဝိုင်းမှာ ပယ်ကြသည်အထိ ဖြစ်ရပ်မျိုးတွေရှိလာသည်။ ထို့​ကြောင့် စီးပွားရေး၊ ပညာရေး၊ လူမှုရေး အဘက်ဘက်က ဆုံးရှုံးထိခိုက်မှုများရှိလာသည်။ အစိုးရအနေဖြင့်လည်း ထိထိရောက်ရောက် ကိုင်တွယ်ဖြေရှင်းခဲ့တာမျိုး မလုပ်ခဲ့ဘဲ ထုံးစံအတိုင်း သူတို့၏ ကိုယ်ပိုင် ရုပ်သံလိုင်းများတွင် သူတို့အလုပ်ဘယ်လောက်လုပ်ကြောင်းဆိုတာတွေသာ လုပ်ကွက်တွေ ထိုင်ပြနေခဲ့သည်။ အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအမည်ခံပြီး လူတစ်စု၏ လက်ပါးစေဖြစ်နေခဲ့သော မဘသ အဖွဲ့သည် ကိုစစ်တို့နယ်ဘက်တွင် သောင်းကျန်းသည့်အနေအထားတစ်ရပ်အထိ ရမ်းကားမှုများဖြစ်ခဲ့သည်။

အလံကြီးတွေလွင့်ပြီး ဆိုင်ကယ်တွေနှင့် ဗရမ်းဗတာ မြို့ထဲ၊ ရွာထဲသို့ ဝင်လာကြပြီဆိုလျင် ပြည်သူတွေဟာ ကြောက်ကြောက်နှင့် နီးစပ်ရာ တောအုပ်၊ တောင်တန်း အစရှိသည်ထဲကို ထွက်ပြေးကြရသည်။ တောထဲတွင် အစားအသောက်လည်း မစားရ၊ အနေဆင်းရဲ၊ အစားဆင်းရဲဖြင့် မဘသတွေ ပြန်ထွက်သွားချိန်ကို စောင့်ကြရသည်။ ထိုသို့ ရှောင်ရှားရင်း အဆိပ်မိသည့်အကောင်များ ကိုက်ခံရ၍သေဆုံးမှုတွေလည်း ဖြစ်ခဲ့သည်။ ကိုစစ်တို့ မိသားစုလည်း အိမ်ကနေ ထွက်ပြေးကြမည်ဆိုတော့ ပိုင်ဆိုင်သည့် ပစ္စည်းတွေကို အိတ်တွေနှင့်ထည့်ရင်း မြေကြီးထဲမြှုပ်ပြီး ဖွက်ခဲ့ရန် ကြံစည်ရသည်။ ထိုအထဲတွင် တီဗီတစ်ခုလည်း ပါပြီး ​အိမ်ကိုပြန်လည် ရောက်ရှိပြီး ဖွင့်ကြည့်သောအခါတွင် ဖွင့်မရတော့ပေ။ ထိုတီဗီကြီးသည် ယခုထက်တိုင် ကိုစစ်အိမ်တွင် ရှိနေသေးသည်။

Чтобы прослушивать выпуски с ненормативным контентом, войдите в систему.

Следите за новостями подкаста

Войдите в систему или зарегистрируйтесь, чтобы следить за подкастами, сохранять выпуски и получать последние обновления.

Выберите страну или регион

Африка, Ближний Восток и Индия

Азиатско-Тихоокеанский регион

Европа

Латинская Америка и страны Карибского бассейна

США и Канада