ဥာဏ်သူပုန် ရေဒီယို

BurmaPodcastNetwork

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။ မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။

  1. ဒဏ်ကြေအောင်ဂျင်းအုံခြင်း

    16 AGO

    ဒဏ်ကြေအောင်ဂျင်းအုံခြင်း

    မြန်မာပြည်မှာ ဘာသာလူမျိုး ခေါင်းစဉ်အောက်က အဆင်ခြင်မဲ့ရာဇဝတ်မှုများ နေ့စဉ်ဖြစ်ပွားနေသည်။ ထိုကိစ္စသည် ခုမှဖြစ်နေခြင်းမဟုတ်။ စစ်အာဏာရှင်များကို သက်ဆိုးရှည်စေသည့်အကြောင်းရင်း တစ်ခုမှာလည်း ဘာသာလူမျိုးရေးအရေကို မသူတော်တို့က တစ်ကျိတ်တည်း တစ်ဉာဏ်တည်းခြုံ‌ကြခြင်းကြောင့်ဖြစ်သည်။ ယခုတင်သောအပိုင်းသည် ဉာဏ်သူပုန်ပေါ့ကတ်၏ "အသစ်တင်အဟောင်းပိုင်း" ဖြစ်ပါသည်။ အဟောင်းဆိုသော်လည်း ယခင်ပလက်ဖောင်းအဟောင်းများတွင် တင်ခဲ့ပြီး ယခုနောက်ပိုင်း အသစ်ဖွင့်လှစ်သော ချန်နယ်များတွင် မတင်ရသေးသည့် "ဖောင်းထုစရာအဖြာဖြာ" ကဏ္ဍမှအပိုင်းတချို့ဖြစ်သည်။ ထိုအပိုင်းများထဲမှ ဘာသာရေးဆိုင်ရာဆွေးနွေးထားသည့် အပိုင်း ၂ ပိုင်းကို "ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား" နှင့် ယခုအပိုင်းအဖြစ် BPN ကတည်းဖြတ်ပြီး ပြန်လည်တင်ဆက်ထားပါသည်။ ဘာသာရေးအကြောင်းများမတင်ဆက်မီ ကြိုတင်ရှင်းလင်းချက်ပေးသည့် Disclaimer သဘောဆန်သော မောင်ရင်၏ အစောပိုင်းဆွေးနွေးချက်များကို "ဒဏ်ကြေအောင်ဂျင်းအုံခြင်း"တွင် နားဆင်နိုင်ကြမည်ဖြစ်ပါသည်။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင် ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ #burmapodcastnetwork #myanmarpodcast #rebelwisdom

    12 min
  2. ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား

    2 AGO

    ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား

    ဘာပွဲလုပ်လုပ် ရှေ့ဆုံးတန်းကနေ ပွဲတိုင်းကျော်အခန့်သားထိုင်ခုံချပေးထားရတဲ့ ဌာနဆိုင်ရာဂုဏ်သရေရှိလူကြီးမင်းများရှိပါတယ်။အဲ့ဒီလူကြီးမင်းဆိုသူတွေကနေ လမ်းဘေးမှာအော်ဟစ်နေကြတဲ့ ယစ်ထုပ်လူကြီးမင်းတွေအထိ သူတို့ရဲ့ဂုဏ်သရေဆိုတာကြီးကို ထုံးစံအတိုင်း ဉာဏ်သူပုန်ထထားပါတယ်။ဒီအပိုင်းကနေ နောက်ထပ်အပိုင်းတချို့အတွင်း မြန်မာပြည်က ဝန်ထမ်းလောကနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ကြားသိကြရမှာ ဖြစ်ပါတယ်။ တချိန်က ပြည်သူတွေကို အယောင်ပြယုတ္တိတွေသွင်းပြီး တစ်ပတ်ရိုက်ခဲ့ကြတဲ့ အဖြစ်အပျက်တွေကို ဥပမာ ဥပမေယျတွေနဲ့ အစီစဉ်တင်ဆက်သူမောင်ရင်က ချေးခြောက်ကို ရည်ရွယ်ချက်ရှိရှိ ရေနှူးထားတာတွေ ပါဝင်မှာပါ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    14 min
  3. ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား?

    7 JUN

    ကိုယ်ကိုးကွယ်တိုင်း အကောင်းဆုံးလား?

    အပိုင်းသစ် မတင်သေးဘူးလားလို့ အမေးများနေတဲ့ ဉာဏ်သူပုန် မိတ်ဆွေများ ခင်ဗျာဒီတစ်ပတ်မှာတော့ လက်ရှိခေတ်ရဲ့ ဘာသာရေးဓလေ့တွေနဲ့ မောင်ရင်တို့ကို ချုပ်ခြယ်မောင်းသွင်းခဲ့ကြတဲ့အကြောင်းအရာတွေ၊ မိရိုးဖလာလုပ်လာတာ မဖျက်ကောင်းဘူးဆိုပြီး ရပ်တန့်နေရတဲ့ အကြောင်းတွေကို ဉာဏ်သူပုန်ထထားပါတယ်။ နောက်ပြီးတော့ လူကြီးတွေနဲ့ ဘာသာရေး အကြောင်းကို မျက်ခွက်ပြောင် ပြောမိလို့ မောင်ရင် ကြုံတွေ့ခဲ့ရတဲ့ အကြောင်းလေးတွေကိုပါ မျှဝေထားတာမို့ တဒင်္ဂစိတ်အပန်းပြေနိုင်စေမယ့် Podcast တစ်ပုဒ်လည်းဖြစ်ပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ရေရှည်ရပ်တည်နိုင်ဖို့ပံ့ပိုးကူညီနိုင်ပါတယ်ခင်ဗျာ။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    15 min
  4. Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

    16 ABR

    Special_EP: ဉာဏ်သူပုန်ရဲ့ နှစ်ဦးဂီတလက်ဆောင်

    ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က Fmaj7 မှ ကို မာကျူရီ ရဲ့"သင်္ကြန်သီချင်းများ" Podcast ကို နားထောင်ခဲ့ကြတာ ကြိုက်နှစ်သက်မယ်မျှော်လင့်ပါတယ်။​ နားမထောင်ရသေးရင် Comment မှာ Link ရှိပါတယ်။ဒီနေ့အတွက်ကတော့ ဥာဏ်သူပုန် ဗားရှင်းပေါ့။ သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဥာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လဲ နားဆင်၊ မိတ်ဆွေများနဲ့လဲ ဝေမျှနိုင်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်လေးစားစွာတင်ဆက်လိုက်ရပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    25 min
  5. စာကြည့်တိုက် နဲ့ AI

    5 ABR

    စာကြည့်တိုက် နဲ့ AI

    ဉာဏ်သူပုန်မိတ်ဆွေတွေအားလုံး အကြပ်အတည်းကာလမှာ တဒင်္ဂဂယ်ပေါက်တွေတွေ့ပြီး ဖြေသာနိုင်ကြပါစေလို့ မောင်ရင်က နှုတ်ခွန်းဆက်လိုက်ပါတယ်။"သိပ္ပံကို စိတ်ဝင်စားတဲ့ ကလေးတွေဟာ လက်တွေ့ဘဝစာသင်ခန်းထဲ မှာတော့ အဲ့လိုမဟုတ်နေပါဘူး။ မောင်ရင်တို့ လီပေါင်းတွေကို ဘုန်းကြီးစာကျက်သလိုကျက်ခဲ့ရတာ။ ပြီးတော့ ၁၁ ၁၁ လီနဲ့ ၁၁ ၁၂ လီဆို ဝါးတားတားပဲ။ ခုနေခါ လီပေါင်းဖြောင့်အောင်ဆိုတတ်တာတောင် ကိုယ့်ကိုယ်ကိုကျေးဇူးတင်နေရတဲ့ မဟာသိပ္ပံပညာရှင်ကြီးတွေပေါ့ဗျာ။အဟုတ်ကို ဘွဲ့ရစာမတတ်ခေတ်။ မောင်ရင်တို့မျိုးဆက်ဟာ ခင်ညွှန့်ထရိန်းဆိုပြီးတောင် စကြသေးတယ်။ ခုခေတ်မျိုးဆက်ဆို မင်းအောင်လှိုင်ထရိန်းပေါ့AI ဆိုတာပေါ်လာတော့ အာဏာနဲ့ နည်းပညာဆိုတာ ပေါင်းစပ်ပြီး စိတ်ကူးယဉ်သိပ္ပံကား မပြောနဲ့ လက်တွေ့ဘဝမှာ နှစ်ခုပေါင်းစပ်ပြီး ပြဿနာပိုကြီးလာပါတယ်။ "ဥပမာပြောရရင် စကစရဲ့ တန်ပြန်ဒရုန်းနဲ့ ထောက်လှမ်းရေးကိရိယာ တွေဟာ အခုတဖန် ခေါင်းပြန်ထောင်လာတာကို ကိုယ့်လူတို့မြင်ကြရမှာပါ။ တစ်ဖက်မှာလည်း ကိုယ်တင်လိုက်တဲ့ ပုံတစ်ပုံကြောင့် အချိန်မရွေး တစ်ရွာလုံးပြာကျသွားနိုင်တယ်။ စေတနာကနေ ဝေဒနာကို ရုတ်ချည်းပြောင်းသွားနိုင်တယ်။ ကိုယ်တင်တဲ့ ကောင်းသတင်းကို ဆိုးသတင်းဖြစ်စေချင်တဲ့အင်အားစု လည်းရှိတယ်။ ကိုယ်က သူပုန်ထနေရတာဆိုတော့ ကိုယ်ကသတိမထားတဲ့အခါ ကိုယ့်လုပ်ရပ်တွေကို လူတွေက အလွယ်တကူနဲ့ စကစလေသံငှားပြီး ကိုယ့်ကို လူယုတ်ဇာတ်သွင်း ပစ်နိုင်တယ်ဆိုတာ မမေ့ကြဖို့ လက်တို့ချင်တယ်။ တော်လှန်ရေးကို တော်လှန်ရေးပုံစံနဲ့ မသွားရင် နှောင့်နှေးကြန့်ကြာတာ ပျက်စီးရတာတွေ ဖြစ်ကြလေ့ရှိတယ်။"မောင်ရင်ရဲ့ ငယ်ဘဝ အကြောင်းလိုမျိုး မိတ်ဆွေတို့ရဲ့ ငယ်ဘဝမှာ မှတ်မှတ်ရရ အကြောင်းလေးတွေရှိရင်လည်း ပြောခဲ့ကြပါဦးနော်Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ပံ့ပိုးကူညီနိုင်ကြပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    19 min
  6. သက်ရှိဥာဏ်သူပုန် ဗားရှင်း ၂၀၂၄

    1 FEB

    သက်ရှိဥာဏ်သူပုန် ဗားရှင်း ၂၀၂၄

    "ဒီအာဏာသိမ်းမှု ၄ နှစ်ရှိသွားတဲ့ကိစ္စကို ဘယ်လိုခေါင်းစဉ်တပ်မလဲ စဉ်းစားရတာ အတော်ခွကျတဲ့ကိစ္စပါ။ ဖေဖော်ဝါရီ ၁ ရက်နေ့ ရောက်တိုင်း စစ်အာဏာသိမ်းမှုနဲ့ ပတ်သက်ပြီး စည်းရုံးဆော်ဩတာတွေ လုပ်တဲ့အခါ ဘယ်လို ခေါင်းစဉ်တပ်ရမလဲ စဉ်းစားရတာက အလွန်ခွကျကြောင်း ဒီထဲမှာ ပါဝင်နေသူတိုင်း ကြုံကြရပါတယ်။ ဟုတ်တယ်လေ… အာဏာသိမ်း ၄ နှစ်ပြည့်လား၊ အာဏာသိမ်း နှစ်ပတ်လည်လား၊ အာဏာသိမ်း ရတုလား ဘာလား၊ ဒီကိစ္စဟာအနိဌာရုံကိစ္စကြီးဗျာ။ ဘယ်သူက မင်္ဂလာခေါင်းစဉ်တပ်ချင်မလဲ။ တပ်ရင် ကိုယ့်လူတို့ လည်း ကြံခိုင်ရေးက ခင်ရီတို့၊ မဘသက ဝီရသူတို့၊ ပျူစောထီးခေါင်း ဝါသဝတို့ စစ်တပ်လော်ဘီအောက်တန်းစား တစ်အုပ်တို့နဲ့ တန်းညီသွားမှာ။"အပေါ်ကစကားက စစ်အာဏာသိမ်း ၄ နှစ်ပြည့် အတွက် မောင်ရင်ရဲ့ "ဥာဏ်သူပုန်ဗားရှင်း ၂၀၂၄" ပေါ့ကတ်စ်ထဲက ဥာဏ်သူပုန်ထမှု အချို့ ဖြစ်ပါတယ်။ Burma Podcast Network ရဲ့ Platforms တွေကနေ ပေါ့ကတ်စ်အပြည့်အစုံကို နားသောတဆင်နိုင်ပါပြီ။Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝ ဆိုင်ရာအတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    23 min
  7. သဘာဝဘေးမှတ်စု

    28/09/2024

    သဘာဝဘေးမှတ်စု

    ယာဂီတိုင်ဖွန်းမုန်တိုင်းကြောင့် မြန်မာဟာ မူရင်းစွဲရှိတဲ့ ဒုက္ခတွေရဲ့ စံချိန်ကိုကျော်လွန်ပြီး လူဦးရေရဲ့ ၃ ပုံ ၁ ပုံဖြစ်တဲ့ ပြည်သူ ၁၈ သန်းကျော်က အကူအညီလိုအပ်နေတဲ့ ဘဝကို ရောက်နေပါတယ်။ ဒီလိုရေကြီး၊ မြေပြို၊ မုန်တိုင်းတိုက်၊ မိုးခေါင်၊ မိုးကြီး၊ အပူလိုင်းဖြတ် စတဲ့ဘေးတွေဟာ မောင်ရင်တို့ ခေတ်သစ်ကမ္ဘာရဲ့ သာမန်နေ့တွေပါပဲ All friend ဆိုတဲ့သဘောတွေ ဖြစ်လာမှာမို့ ဒါတွေနဲ့ လိုက်လျောညီထွေ နေသားကျအောင် ကြံဖန်အသက်ရှင်ကြရမယ့် အခြေအနေတစ်ခုဖြစ်နေပြီလို့ ပညာရှင်တွေက ပြောနေကြပြီ ဖြစ်ကြောင်း မောင်ရင်က “သဘာဝဘေးမှတ်စု” ဆိုပြီး ဉာဏ်သူပုန်ထထားပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    20 min

Calificaciones y reseñas

5
de 5
3 calificaciones

Acerca de

တောထဲ တောင်ထဲမှာ ဆင်းရဲ ပင်ပန်းကြီးစွာ ဖြတ်သန်းခဲ့ကြ ဖြတ်သန်းနေကြဆဲဖြစ်တဲ့ လူငယ်များစွာသည် ခေတ်ကြီးရဲ့ အရွေ့ကို တွန်းပို့ဖို့ ဥာဏ်သူပုန်ထခဲ့ကြသော မိတ်ဆွေများဖြစ်ပါတယ်။ ထိုမိတ်ဆွေတွေ ကျင်လည် ကျွမ်းကျင်ရာ အင်တာနက် ကမ္ဘာ၊ စာအုပ် စာတမ်းတွေ၊ တက္ကသိုလ်တွေကို ကျောခိုင်းပြီး တွေးခြင်း ခေါ်ခြင်း အမှု နဲ့ မေးခွန်းထုတ်ခြင်းကို မကျင့်သုံးနိုင်ကြတဲ့ ကာလတွေမှာ လွတ်သွားသော ကွက်လပ်များအား ဝင်ရောက်ဖြည့်စွက် ဥာဏ်သူပုန် ထရခြင်းဖြစ်ပါတယ်။ မြန်မာပြည်ကြီး မှ ချစ်ခင်ရသော ဥာဏ်သူပုန် မိတ်ဆွေများ ရေဒီယို နားဆင်ရင်း တဒင်္ဂဂယ်ပေါက်များ ရှာဖွေ့နိုင်ကြပါစေဗျာ။

También te podría interesar