Dawei Watch Podcast

Dawei Watch

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

  1. စက်တင်ဘာလ ၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    -59 MIN

    စက်တင်ဘာလ ၈ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - သရက်ချောင်းမှာ စစ်အာဏာရှင်တပ်က နေအိမ်သုံးဆယ်ကျော်ကို မီးထပ်ရှို့တဲ့အကြောင်း - ရက်ရှည်စစ်ရှောင်နေရတဲ့ ထားဝယ်အရှေ့တောဒေသခံထောင်ချီ စားနပ်ရိက္ခာနဲ့ ကျန်းမာရေး အခက်ကြုံနေတဲ့ အခြေအနေ - ကလိန်အောင်-မလွှဲတောင်လမ်းပိုင်းပစ်ခတ်မှု ယာဉ်မောင်းနဲ့ ယာဉ်အကူသေဆုံးပြီး ကားတစ်စီးမီးလောင်တဲ့အကြောင်း - ရေဖြူမြို့နယ် တောင်ရင်းအင်းရွာမှာ စစ်အာဏာရှင်တပ်က နေအိမ်နှစ်ဆယ်လောက်ကို မီးရှို့ပြီး ရွာသားနှစ်ဦးကိုဖမ်းဆီးတဲ့ သတင်း - ထိုင်းမှာ မြန်မာဇနီးမောင်နှံနှစ်ဦး ပစ္စည်းနဲ့ငွေသား တန်ဖိုး ဘတ်ရှစ်သောင်းလောက် အလစ်သုတ်ခံရ တဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    7 min
  2. စက်တင်ဘာလ ၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    -3 J

    စက်တင်ဘာလ ၅ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    မင်္ဂလာပါရှင် တနင်္သာရီသတင်း အစီအစဉ်ကနေကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ကို Dawei Watch အဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါ။ ဒီနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့ - ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ စိုးရိမ်ရတယ်လို့ သားဖြစ်သူပြောတဲ့အကြောင်း - သရက်ချောင်းက သစ်ယားတောင်ကျောင်း ကျောင်းငယ်တစ်ဆောင်မီးလောင်ပြီး ကိုရင်ကြီးတစ်ပါး ပျံလွန်သွားတဲ့သတင်း - တိုက်ပွဲကြောင့် ပိတ်မိနေတဲ့ ကုန်စိမ်းတွေကို ထားဝယ်ကို လှေနဲ့ကဲ့နေတဲ့အခြေအနေ - ကုန်ပစ္စည်းပိတ်ဆို့မှုကြောင့် တနင်္သာရီက ကျေးရွာအချို့ မှာ အမျိုးသမီးလစဉ်သုံး ရှားပါးပြီးစျေးတက်နေတဲ့အကြောင်း - ထားဝယ်အရှေ့တော ဝကုန်းရွာမှာ တိုက်ပွဲရက်ဆက်ဖြစ်နေတဲ့သတင်း - ရွှေနဲ့ဘတ်ဈေးအခြေအနေ စတဲ့သတင်းတွေကို နားဆင်ရမှာပါ။

    7 min
  3. စက်တင်ဘာလ ၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    -4 J

    စက်တင်ဘာလ ၄ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်မှာ ဆွမ်းတော်ကြီးတင်ပွဲကျင်းပမယ့်အချိန် သစ်သီးပြတ်လပ်နေတဲ့သတင်း - မြိတ်မှာ ငရုတ်သီး ၁၀တောင့် ကျပ်တစ်ထောင်ပေးရပြီးကုန်ပစ္စည်းပြတ်လို့ အသုပ်ဆိုင်နဲ့ မုန့်ဆိုင်အချို့ရပ်နားရမယ့်အ ခြေအနေ - အထွေထွေကုန်စျေးနှုန်းမြင့်နေချိန် ဝဥရာသီဖွင့်‌ဈေး မနှစ်ကထက်ဈေးနည်းတဲ့အကြောင်း - ရန်ကုန်-ထားဝယ် ကားလမ်းပိတ်နေလို့ ထားဝယ်မှာ ငရုတ်သီးစိမ်းတစ်ပိဿာ ကျပ်ငါးသောင်းဖြစ်လာတဲ့သတင်း - လောင်းလုံးမြို့ပေါ်နေအိမ်တွေက စားနပ်ရိက္ခာနဲ့ တန်ဖိုးရှိပစ္စည်းတွေကို စစ်အာဏာရှင် တပ်သားတွေ မကြာခဏ ဝင်ယူနေတဲ့အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  4. စက်တင်ဘာလ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    -5 J

    စက်တင်ဘာလ ၃ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ထားဝယ်အရှေ့တောမှာ စစ်ကြောင်းထိုးနေတဲ့အတွက် ဒေသခံတွေ အသွားအလာသတိပြုဖို့ တိုင်းကွပ်ကဲရေးအဖွဲ့ ပြောတဲ့ အကြောင်း - ကော့သောင်း တည်းခိုခန်းတစ်ခုမှာ အမျိုးသားအလောင်းတွေ့ပြီး သံသယရှိသူနှစ်ဦးကိုဖမ်းထားတဲ့ သတင်း - တနင်္သာရီ သိန်ခွန်းရွာဝန်းကျင်မှာ တိုက်ပွဲဖြစ်၊ စစ်အာဏာရှင်တပ် လေယာဉ်နဲ့နှစ်ကြိမ် ဗုံးကြဲတဲ့အကြောင်း - တနင်္သာရီတိုင်းမှာ လေယာဉ်လက်မှတ် ဝယ်ရခက်နေတဲ့အခြေအနေ - မုဒုံမှာ စရဖ တစ်ဦးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့က ပစ်သတ်လိုက်တဲ့ အကြောင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    8 min
  5. စက်တင်ဘာလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    -6 J

    စက်တင်ဘာလ ၂ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရန်ကုန်-ထားဝယ်ကားလမ်းပိတ်ထားလို့ ထားဝယ်မှာ ကြက်ဥအပါအဝင် အခြေခံစားသောက်ကုန်တွေ ပြတ်လပ်ပြီး ဈေးမြင့်တက်နေတဲ့အကြောင်း - ရေဖြူမြို့နယ် ဖားချောင်းရွာက စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့အခြေအနေ - တနင်္သာရီမြို့နယ် သိန်ခွန်းရွာမှာ လေးရက်ဆက် တိုက်ပွဲဖြစ်ပွားခဲ့တာ - ဂဏဝိမုတ်ကူးတို့ဂိုဏ်း လောင်းလုံးမြို့နယ် သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ပျံလွန်တော်မူသွားတဲ့အကြောင်း - ထိုင်းနိုင်ငံ ကော့ဖငန်းကျွန်းက မြန်မာ ၆ ဦး WY ဆေးပြားတွေနဲ့အတူ အဖမ်းခံရတဲ့အခြေအနေ - ကားထားပြီး ယာဉ်မောင်းထွက်ပြေးသွားလို့ တရားမဝင် ဝင်လာတဲ့ မြန်မာလေးဆယ်လောက် အဖမ်းခံရတာ စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    11 min
  6. စက်တင်ဘာလ ၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    1 SEPT.

    စက်တင်ဘာလ ၁ရက် တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်

    Dawei Watch က စီစဉ်တင်ဆက်နေတဲ့ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို နားဆင်ရမှာပါ။ ဒီနေ့အတွက် တင်ဆက်ပေးမယ့် သတင်းတွေကတော့ - ရေဖြူမြို့နယ် မရမ်းချောင်းရွာမှာ မိသားစုတစ်စု မိုင်းနင်းမိလို့ ကလေးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရတဲ့ အကြောင်း - စစ်အာဏာရှင်တပ်ပိတ်ဆို့မှုကြောင့် တနင်္သာရီက ရွာတချို့မှာ ဓာတ်မြေဩဇာကို ပိဿာချိန်နဲ့ပဲ ဝယ်သုံးနေရတဲ့ အခြေအနေ - စစ်ဘေးရှောင်ထောက်ပံ့ငွေကိစ္စနဲ့ ထိန်းသိမ်းထားသူသုံးဦးကို မော်ဒန်ပန့်အဖွဲ့ ပြန်လွှတ်တဲ့ အကြောင်း - ချင်းမိုင်မှာ ထိုင်းကျောင်းသားတွေကို ဓားနဲ့ ခုတ်တယ်ဆိုပြီး မြန်မာငါးဦး အဖမ်းခံရတဲ့သတင်း - အာဖဂန်နစ္စတန်မှာ အင်အားပြင်းငလျင်ကြောင့် လူ ၆၀၀ ကျော် သေဆုံးပြီး ၁၅၀၀ ကျော်ဒဏ်ရာရတဲ့ သတင်း စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။ တနင်္သာရီနေ့စဉ်သတင်း အစီအစဉ်ကို YouTube မှာ မလွတ်တမ်းနားဆင်နိုင်ဖို့ Subscribe လုပ်ထားကြဖို့ ပန်ကြားအပ်ပါတယ်။

    9 min
  7. တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    30 AOÛT

    တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ

    ကမ္ဘာတစ်ဝန်းဖြစ်ပျက်နေတဲ့ အဖြစ်အပျက်များစွာကို Dawei Watch ပရိသတ်တွေ သိရှိစေဖို တစ်ပတ်အတွင်း နိုင်ငံတကာရေးရာ အစီအစဉ်ကို တင်ဆက်လိုက်ပါတယ်။ ဒီတစ်ပတ် နိုင်ငံတကာရေးရာမှာတော့ - မက္ကဆီကိုလွှတ်တော်ထဲတွင် ထိုးကြိတ်ရန်ဖြစ် - စပိန်တွင် ခရမ်းချဉ်သီး ပစ်ပေါက်ပွဲတော် လူ ၂ သောင်းကျော် ဆင်နွှဲ - အိန္ဒိယတွင် ဆည်ရေဖောက်ချမှုကြောင့် ပါကစ္စတန်ပြည်သူများ အရေးပေါ်ပြောင်းရွှေ့ - တရုတ်ကျောင်းသားများ မရှိပါက အမေရိကန် တက္ကသိုလ်များ ထိခိုက်မည်ဟု ထရမ့်ဆို - တေလာဆွစ်နှင့် ဘောလုံးသမား တရားဝင် စေ့စပ် - အယ်ဂျီးရီးယားတွင် သမ္မတက ဝန်ကြီးချုပ်ကို ရာထူးမှ ရပ်နား - အိန္ဒိယတွင် အဆောက်အဦ ပြိုကျမှုကြောင့် လူ ၁၇ ဦးသေဆုံး စတဲ့သတင်းတွေကို တင်ဆက်ပေးသွားမှာပါ။

    6 min

Notes et avis

5
sur 5
2 notes

À propos

တနင်္သာရီတိုင်းထဲ တစ်ပတ်အတွင်း ဖြစ်ပျက်ခဲ့တဲ့ ထူးထူးခြားခြားသတင်းတွေကို သောတရှင်တွေ နားဆင်နိုင်ဖို့ တစ်ပတ်အတွင်းသတင်းကဏ္ဍကို တင်ဆက်လိုက်ပါတယ်။

Vous aimeriez peut‑être aussi