Episode #3.2: အနုပညာဟာ ဖန်တီးမှုဖြစ်ပြီး မတရားလုပ်ရပ်ဟာ မစားရသေးခင် ဗိုက်ထဲမှာ ပူလောင်နေတဲ့ မီး

Dark Era of Burma

အိပ်လိုက်တယ်။ မနက်ထပြီး အိမ်သာသွားတက်တော့ အင်တာနက်ဖွင့်တာမရဘူး။ ဘာလဲပေါ့ တစ်ခုခုပဲဆိုပြီး ယောက္ခမပြောမှ အာဏာသိမ်းသွားတယ်ဆိုတာ သိခဲ့တာ။ ဆိုင်ကယ်ထုတ်ပြီးတော့ ကွမ်းယာဆိုင်သွားတယ်။ သွားတော့ လူလေးငါးခြောက်ယောက်လောက်က ကွမ်းယာဆိုင်မှာ စကားလည်း မပြောဘူး တစ်ယောက်နဲ့တစ်ယောက် မှုန်ကုတ်ပြီးတော့။ ဟာ မင်းကလည်းမသိဘူးလားကွာ အာဏာသိမ်းလိုက်တာ ဘာညာဆိုပြီး စိတ်ဆိုးမာန်ဆိုးတွေ ဖြစ်နေကြတာ။ အဲ့ချိန်ထိလည်း ထွေထွေထူးထူးမခံစားရဘူး။ မကောင်းမှန်းလည်း သိပြီလေ။

အာဏာသိမ်းလိုက်ရင် ဘယ်လိုဖြစ်မှန်းက သိနေပြီ။ အဲ့တော့ဘယ်လိုမျိုး တုံ့ပြန်ကြမလဲလို့ဆိုပြီး တမြို့လုံးဆိုင်ကယ်နဲ့ ပတ်ကြည့်တယ်။ ဘယ်သူမှကတော့ မျက်နှာမကောင်းဘူး။ စျေးထဲမှာဆိုရင်လည်း စျေးတွေသာ ဝယ်နေကြတာ။ စိတ်တွေတိုပြီး။ နေ့လယ်ခင်းလောက်မှ ကိုလင်းခါးရဲ့ စိတ်ထဲမှာ စ ဖြစ်လာတယ်။ ဟာလာဟင်းလင်းကြီး ဖြစ်သွားတာ။ ဟာ ငါ ဘာဆက်လုပ်ရမလဲ ဆိုပြီးတော့။ ဒီအခြေအနေကြီးက သေချာတယ်။ လုံးဝ မကြိုက်ဘူး။ ဘယ်လိုလုပ်ရမှာလဲဆိုပြီး စတွေးတယ်။ ညနေကျတော့ ဘော်ဒါတွေစုပြီးတော့ ပြောကြတော့ တစ်ခုခုလုပ်ကြမယ်ဆိုပြီး ဘာမှလည်း မလုပ်ဖြစ်ဘူး။ အဲဒီချိန်မှာ ၇၂ နာရီဂျင်းတွေ၊ ဆန္ဒမပြနဲ့ဆိုတဲ့ ဟာတွေလည်း မိခဲ့တယ်။ လိုင်းပေါ်တွေမှာလည်း ဒီအချိန် ဆန္ဒမပြနဲ့ဆိုပြီးတော့ပေါ့။

နေနေတဲ့မြို့က နယ်ခံမဟုတ်ဘူး။ လူငယ်တွေကိုလည်း မသိတော့ ဆန္ဒပြဖို့ကအဆင်မပြေဘူး။ သူငယ်ချင်းငါးယောက်စုပြီး ရန်ကုန်ကိုဆင်းတယ်။ ငါးရက်နေ့မှာ ဆန္ဒစပြကြတယ်။ ဆန္ဒပြလိုက်လို့ စစ်တပ်အနေနဲ့ ပြန်ဆင်းပေးမယ်လို့မမြင်ဘူး။ တစ်ဆင့်ချင်းစီလုပ်ရတာလို့မြင်မိတယ်။ ခုနကပြောသလိုပဲ ၇၂ နာရီဂျင်းကနေပဲ စတယ်။ လမ်းပေါ်မထွက်ကြနဲ့ဆိုတော့ တကယ်လည်း ဘယ်သူမှမထွက်ကြပါဘူး။

စပြတုန်းက မီးတုတ်မီးတုတ် ရှို့ရှို့ကို ထည့်မအော်ခိုင်းဘူး။ အကြမ်းဖက်တယ်ဖြစ်မှာစိုးလို့။ အဲ့လောက်ထိလူတွေ ကိုယ့်ကိုယ်ကိုယ် ထိန်းကြတယ်။ နောက်တစ်ဆင့် စစ်တပ်က ရိုက်လာပြီး နှက်လာပြီဆိုတဲ့အချိန်မှာ ပြန်ခုခံဖို့ မိုလိုတော့တွေ စရှဲတဲ့သူကို လူတွေက ဒလန်ဆိုပြီး သတ်မှတ်ကြတယ်။ လူထုရဲ့အသိက တစ်ဆင့်ချင်းစီပဲ သွားတာ။ အဲ့အချိန်မှာ တက်မယ် ငါတို့တိုက်ကြမယ်ဆိုရင် ဘယ်လူထုမှမပါဘူး။

ဒီကောင်တွေက အဆိုးဆုံးအကြမ်းတမ်းဆုံးလုပ်တော့ လူတွေက အသည်းတွေပါနာကုန်တာ။

အဲ့လောက်ထိမလုပ်ရင်လည်း ခုလောက်အနေအထားထိ တော်လှန်ရေးက ဖြစ်ချင်မှဖြစ်မယ်။ ဒီကောင်တွေကပဲ အကုန်ပုံဖော်တာ။ သူတို့လုပ်သမျှကို လိုက်တုန့်ပြန်ရင်းနဲ့ ဒီအခြေအနေရောက်ရတာ။  တစ်ခါတည်း လူထုက လက်နက်ကိုင်တိုက်မယ်ဆိုပြီး တန်းပြီးဖြစ်တာမဟုတ်ဘဲ တော်လှန်ရေးက တစ်ဆင့်ချင်းသွားတယ်ဆိုတာ ဒီအချက်က ပြနေတယ်။ လူထုက ဘယ်အဆင့်ရောက်ရင် ဘာလုပ်ရမယ်ဆိုတာ သိနေတဲ့ သဘောမျိုးပဲ။

ကားနဲ့လိုက်တိုက်ခံရတာ၊ ပြေးနေတုန်း ဘေးနားကတစ်ယောက်ရဲ့ ခါးကို ကျည်ထိသွားတာမျိုးတော့ ကြုံဖူးခဲ့တယ်။ လူအုပ်ရဲ့ နောက်မှာ လိုက်တဲ့သူတွေကို သံမှိုတွေရိုက်ထည့်ထားတဲ့ တုတ်တွေပေးထားရတယ်။ ကားနဲ့လိုက်တိုက်တဲ့အခါ ပစ်ချခဲ့ဖို့။ ဘီးပေါက်ပြီး ဆက်မလိုက်နိုင်အောင်လို့ ပြင်ဆင်ရတဲ့အပိုင်းတွေ ရှိတယ်။ နယ်မြို့တွေမှာဆိုရင် နှစ်ငါးလုံးပြီးကတည်းက လျော့သွားတာ။ ပြောက်ကျားပြတဲ့ ဗကသစစ်ကြောင်းတွေလောက်ပဲရှိတာ။ ဆန္ဒပြချင်လို့ သပိတ်စစ်ကြောင်း လိုက်ရှာရတာမျိုးတွေရှိတယ်။

ဆန္ဒပြတယ်၊ တောထဲရောက်တယ်။ အဲ့ကနေ လေ့ကေကော်၊ ပြီးတော့ တစ်ဘက်ခြမ်းကို ရောက်သွားတယ်။ အဲ့ကာလတွေမှာ တွေ့ခဲ့ရတဲ့ လူငယ်တွေရဲ့ နှစ်ဆယ်ရာခိုင်နှုန်းလောက်က သေသွားပြီ။ တော်တော်လေးကို ရင်းနှီးပြီးပေါင်းသင်းခဲ့ကြတဲ့သူတွေ။ သေသွားတဲ့ပုံစံတွေကလည်း မျိုးစုံပါပဲ။ တော်လှန်ရေးစပြီး လုပ်ခဲ့တည်းကနေ ခုထိမှာ တချို့က ဒလန်ဖြစ်တဲ့သူလည်း ဖြစ်သွားပြီ။ အဲ့လိုဒလန်ဖြစ်လို့ ပြန်အလျော့ခံလိုက်ရလို့ သေသွားကြတယ်။ တော်လှန်ရေးကို ပါးစပ်က အမြဲပြောနေတဲ့သူတွေက ဒလန်ဖြစ်သွားတာလည်း ကြုံဖူးတယ်။ ဒီကာလကြီးမှာ အမျိုးစုံတာ တော်တော်ကြီးကို ကြုံလိုက်ရတယ်။

ဇွန်လမှာ ကိစ္စလေးတစ်ခုကြောင့် ရှောင်ရတယ်။ မိန်းမကလည်း cdm ဆိုတော့ ။ အစကတော့ နှစ်ပတ်လောက်ပဲ ရှောင်ပြီး သူတို့ ကိစ္စကိုမေ့သွားလောက်တဲ့အခါမှာ ပြန်မလို့။ ဖြစ်ချင်တော့ အဲ့အတွင်းမှာ အိမ်ကို လာရှာတယ်။ အိမ်ထဲထိတော့မဝင်ဘဲ အပြင်ကနေ ဓာတ်မီးနဲ့ထိုး၊ ဘေးအိမ်ကလူတွေကိုမေးပြီး ပြန်သွားတယ်။

ရှောင်ရတဲ့ ခံစားချက်

အစက နှစ်ပတ်လောက်ဆိုပြီး ထွက်လာတော့ ပျော်ပွဲစားထွက်ရသ

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا