NUG တော်လှန်ရေး အစိုးရ အသွင် ပီပြင်ဖို့ အတွင်းစည်းထဲက သူတွေကိုယ်တိုင် ဆော်ဩလာ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

ဇူလိုင်လ ၈ ရက်၊ တနင်္လာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေနဲ့ သူ့လက်အောက်မှာရှိနေတဲ့ တိုက်ခိုက်ရေး အင်အားစုတွေကို စနစ်တကျ စုစည်းနိုင်ခြင်းမရှိသလို သယံဇာတစီမံခန့်ခွဲမှု၊ ရန်ပုံငွေစီးဆင်းမှုအပါအဝင် ပသုံးလုံးယန္တရားကို ထိန်းချုပ်နိုင်တာမျိုး အားနည်းနေတယ်လို့ စစ်အာဏာသိမ်းမှု ဆန့်ကျင်သူ ဒေါက်တာတေဇာစန်းထောက်ပြ၊ NUG ကို ပြင်ဆင်ပြောင်းလဲဖို့နဲ့ စစ်ရေးအရ ခုထက် ပိုစုစည်းနိုင်ဖို့က လက်တွေ့ကျကျ လုပ်နိုင်သလား ဘီဘီစီမြန်မာပိုင်း အထူးသတင်းလွှာ - NUG ပြုပြင်ပြောင်းလဲမှုတွေ တကယ်တမ်း လုပ်ဆောင်နေကြလား၊ NUG ထက် အားကောင်းတဲ့ စုဖွဲ့မှု ပေါ်ပေါက်လာဖို့ လက်တွေ့ ဖြစ်နိုင်လား၊ NUG ယန္တရား ပ သုံးလုံးနဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေရာ မြင်လာရနိုင်လား …. စတာတွေ အကြောင်း လွှတ်တော်ကိုယ်စားပြု ကော်မတီ CRPH အဖွဲ့ဝင် ကိုစည်သူမောင်ရဲ့ ဖြေကြားချက် - မြန်မာနိုင်ငံကနေ အမေရိကန် ကို တင်ပို့မယ့် ကုန်စည်တွေ အားလုံးအတွက် အခွန် ၄၀ ရာခိုင်နှုန်း ကောက်ခံမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မြန်မာစစ်ခေါင်းဆောင်ထံ စာပေးပို့၊ သြဂုတ်လ တစ်ရက်နေ့မှာ ဒီအခွန်ကောက်ခံမှု စတင် အသက်ဝင်တော့မှာ ဖြစ်ပြီး အမေရိကန်ရဲ့ အခွန်တိုးမြှင့် ကောက်ခံမှုက မြန်မာနိုင်ငံကို ဘယ်လို သက်ရောက်မှု ရှိနိုင်သလဲ၊ ဘီဘီစီသတင်းထောက်ရဲ့ သတင်းပေးပို့မှု - စစ်ကောင်စီနဲ့ ကိုးကန့်တပ် MNDAA တို့ လားရှိုးမြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တွေ့ဆုံ ဆွေးနွေးခဲ့စဉ် အတွင်း သိန္နီမြို့ကို ပြန်ပေးဖို့ စစ်ကောင်စီက တောင်းဆိုခဲ့ပေမဲ့ ပြေလည်မှု မရခဲ့၊ အဲ့ဒီနောက်မှာတော့ နှစ်ဘက်စလုံး လားရှိုးမှာ စစ်အင်အား ဖြည့်တင်းမှုတွေ ရှိနေတဲ့ လက်ရှိ လားရှိုးက အခြေအနေတွေ အကြောင်း ဘီဘီစီ သတင်းလွှာ - နိုင်ငံတကာ သတင်းတွေမှာတော့ …. ဂါဇာမှာ စားနပ်ရိက္ခာ ဖြန့်ဖြူးတဲ့ နေရာတွေနဲ့ ဆက်နွှယ်နေတဲ့ လူသေဆုံး ဒဏ်ရာရမှုတွေ တဟုန်ထိုး တိုးလာနေတယ်လို့ ICRC နိုင်ငံတကာ ကြက်ခြေနီအဖွဲ့ ပြော၊ အစ္စရေး ကြီးကြပ်လုပ်ဆောင်နေတဲ့ GHF ဂါဇာလူ့အခွင့်အရေး ဖောင်ဒေးရှင်းအဖွဲ့က စားနပ်ရိက္ခာ ဖြန့်ဖြူးမှုတွေ စလုပ်ခဲ့တဲ့ မေလ ၂၇ ရက်နေ့က စလို့ လူအစုလိုက်အပြုံလိုက် ထိခိုက်သေဆုံးမှုတွေ တိုးလာနေတာကြောင့် ဂါဇာမှာ ကျန်းမာရေးဝန်ဆောင်မှုစနစ် မနိုင်မနင်းဖြစ်နေပြီး ပြိုပျက်သွားခဲ့ရတယ်လို့ ICRC ဆို - ရင်ခွင်ပိုက် ကလေးငယ်တွေနဲ့ လူမမယ် ကလေးငယ်တွေအတွက် သင့်တော်မယ့် ငှက်ဖျားဆေးကို ကမ္ဘာပေါ်မှာ စတင် အသုံးပြုခွင့် ပေး၊ နိုဗာတစ် ကုမ္ပဏီ ထုတ်ဆေးသစ်ကို ဆွစ် အာဏာပိုင်တွေ ခွင့်ပြုပေးတာ ဖြစ်၊ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://bbc.in/36EzLXM #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا