လူတွေအပြောများကြတဲ့ ရေဆင်ဆိုတဲ့ သတ္တဝါက တကယ်ပဲ တည်ရှိတာလား ?
ဆင်သမားတို့ရဲ့ အဆိုအရ ရေဆင်ဟာ တကယ်တည်ရှိပြီး လက်သီးဆုပ်အရွယ်အစားပဲရှိတယ်လို့ဆိုပါတယ်။ ဒါ့အပြင် ရေဆင်တွေက ရေထဲမှာ ငါးတွေလိုနေနိုင်ပြီး ကုန်းပေါ်မှာလည်း နာရီအနည်းငယ် အသက်ရှုနေထိုင်နိုင်တယ်လို့ ဆိုပါတယ်။
ရေဆင်တွေက ရေထဲက ရေမှော်ပင်တွေကို စားသောက်ပြီး ညအခါမှကုန်းပေါ်တက်တတ်ကြပါတယ်လို့ ဆိုပါတယ်။ ကျောက်ဆောင်ကျောက်တုံးတွေပေါတဲ့ ရေအိုင်တွေမှာ အနေများတဲ့ ရေဆင်တွေက အဆိပ်အလွန်ပြင်းတယ်လို့လည်း ဆိုပါတယ်။ ရေဆင်ရှိတဲ့နေရာတွေကို ကုန်းဆင်တွေတောင် မလာရဲကြဘဲ ရေဆင်ကိုက်ရင် ချက်ချင်းသေတတ်တယ်လို့လည်း သိရပါသေးတယ်။
မြန်မာ့ဒဏ္ဍာရီလာ သတ္တဝါဆန်းတွေအကြောင်းကို ရှေးဟောင်းကျမ်းဂန်တွေထဲမှာ အကျယ်တဝင့် ဖွင်ဆိုထားကြပေမယ့် ရေဆင်နဲ့ပတ်သက်တာကို သေချာရေးသားထားခြင်းလည်း မတွေ့ရပါဘူး။ ဒီနေ့ Z-Lannရဲ့ “ ပါးစပ်ရာဇဝင်တို့၏ ဒဏ္ဍာရီ” အစီအစဉ်ကနေ ရေဆင်ရဲ့ ဖြစ်ပေါ်လာပုံနဲ့လူသိနည်းတဲ့ ထူးခြားချက်တွေအကြောင်းကို စိတ်ဝင်စားဖွယ်ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။
#ZLann #ZLann_Podcast #ပါးစပ်ရာဇဝင်တို့၏ဒဏ္ဍာရီ #ရေဆင်
Information
- Show
- Published12 July 2025 at 14:00 UTC
- Length6 min
- RatingClean