မြန်မာမှာပြင်ပရွှေပေါက်စျေးတစ်ကျပ်သားကျပ်သိန်း၈၀အထိ စံချိန်တင်မြင့်၊ ဆိုင်တချို့ပိတ်ထ

ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

မေ လ ၂၃ ရက်၊ သောကြာ ညချမ်း ဘီဘီစီမြန်မာပိုင်း ရေဒီယို အစီအစဉ် - မြန်မာနိုင်ငံထဲမှာ သမိုင်း တလျှောက် ရွှေစျေး အမြင့်ဆုံး ရောက်လာပါတယ်၊ ပြင်ပ ရွှေပေါက်စျေး တစ်ကျပ်သားကို ကျပ်သိန်း ၈၀ အထိ ရှိနေပြီး ရွှေလုပ်ငန်းရှင် အသင်းက သတ်မှတ်စျေးနဲ့ အရောင်းအဝယ် မလုပ်နိုင်တဲ့ ရန်ကုန်နဲ့ မန္တလေးက ရွှေဆိုင် အများစု ရပ်နားထားရ၊ စစ်ကောင်စီကလည်း ရွှေလုပ်ငန်းရှင်တချို့ကို ခေါ်ယူစစ် ဆေး အရေးယူနေတဲ့ အကြောင်း ဘီဘီစီ သတင်းလွှာ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း စစ်တပ်ဘက်က တပ်ရင်း အ လိုက် လက်နက်ချတာ၊ ဗိုလ်မှူးချုပ် အဆင့်ထိ သေဆုံးတာနဲ့ ဗိုလ်မှူးအဆင့် အရာရှိတွေပါ စနိုက်ပါထိပြီး သေဆုံးတာ တွေ ဖြစ်နေ၊ မြို့နဲ့ ၅ မိုင်လောက်ပဲ ဝေးတဲ့ ရဲတပ်ရင်း ၃၂ ကို သိမ်းဖို့ အေအေ က ထိုးစစ်ဆင်နေ၊ မြို့ နဲ့ ထိစပ် ဧရိယာမှာတော့ စစ်ကောင်စီ တပ်ရင်း ၂ ခု ကျန်နေတယ်လို့ စစ်ရေး နီးစပ်သူတွေ ပြော - နှစ်ရက်အတွင်းမှာ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်မှာ ကျောင်းအုပ် ဆရာမတစ်ဦးနဲ့ ခင်ပွန်း ဖြစ်သူတို့ ကျောင်းဝင်း အတွင်းမှာ သတ်ဖြတ် ခံခဲ့ရသလို မကွေးတိုင်း၊ ပခုက္ကူမြို့မှာ ကျောင်းဆရာမတစ်ဦးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးသွားတယ်လို့ စစ်ကောင်စီ သတင်းထုတ်ပြန်လာပါတယ်။ Non - CDM ဝန်ထမ်းတွေကို အရေးယူမယ်လို့ CRPH က ဥပဒေ ထုတ်ပြန်ပြီးတဲ့နောက်ပိုင်း အခုလို ဖြစ်စဥ်တွေ ပေါ်ပေါက်လာခဲ့၊ CRPH ကို ဦးဆောင်သူ ဦးအောင်ကြည်ညွန့် ဘီဘီစီကို ဘယ်လို တုံ့ပြန် ဖြေဆိုသလဲ ဆိုတာနဲ့ ... - ကရင်နီပြည်နယ်အတွင်း ထိုင်းနယ်စပ်က ရွာတရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေရဲ့ ကိုယ်ထိလက်ရောက် ကျူးလွန်မှုတခုဖြစ်ခဲ့၊ ည ၁၀ နာရီကျော်ရင် ဝိုင်ဖိုင် သုံးခွင့် ပိတ်ပင်ထားတဲ့ စည်းမျဉ်းကို ဖောက်ဖျက်လို့ ဆိုပြီး လက်နက်ကိုင် တပ်ဖွဲ့ဝင်တွေက လူတချို့ကို ရိုက်နှက်သလို အမျိုးသမီးတယောက်ကိုလည်း ပါးရိုက် ခဲ့၊ စည်းမျဉ်းဖောက်လို့ လက်နက်ကိုင်တပ်ဖွဲ့က လူထုကို အရေးယူတဲ့အခါ ဒီလို ကိုယ်ထိ လက်ရောက် ကျူးလွန်တာတွေ ဘာကြောင့် ရှိနေတာလဲ ..... လူထုကို စစ်ကောင်စီတပ်က ဖိနှိပ်လို့ တော်လှန်ကြတယ် ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ဝင်တွေက ဒီလို ပြုမူနေကြတာမျိုးက သူတို့ ရည်ရွယ်ချက်တွေနဲ့ ဘယ်လောက် လွဲချော်နေပါသလဲ .... အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်းနဲ့ ဘီဘီစီမေးမြန်းခန်း …… - နိုင်ငံတကာ သတင်းတွေမှာတော့ အီရန်နဲ့ အစ္စရေး အပြန်အလှန် တိုက်ခိုက်မှုတွေရဲ့ နောက်ဆုံး အခြေအနေ အကြောင်း အပါအဝင် ထိပ်တန်းရောက် သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင် နိုင်ပါတယ်။ ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ်စ် နားဆင်ရန် https://bbc.in/36H8bsY ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် https://bbc.in/2TSNLYZ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် -

للاستماع إلى حلقات ذات محتوى فاضح، قم بتسجيل الدخول.

اطلع على آخر مستجدات هذا البرنامج

قم بتسجيل الدخول أو التسجيل لمتابعة البرامج وحفظ الحلقات والحصول على آخر التحديثات.

تحديد بلد أو منطقة

أفريقيا والشرق الأوسط، والهند

آسيا والمحيط الهادئ

أوروبا

أمريكا اللاتينية والكاريبي

الولايات المتحدة وكندا