Mahasi Dhamma Podcast - မဟာစည်တရားတော်များ

Buddha Sasana Nuggaha Organization

မဟာစည်ဆရာတော်ဘုရားကြီး ဟောကြား‌တော်မူခဲ့သည့် တရားတော်များမှာ ၁၃၈၅-ခုနှစ် သီတင်းကျွတ်လအထိ စာရင်းများအရ ၄၅၀-ပုဒ် ခန့် ရှိပါသည်။ မဟာစည်ဆရာတော်ဘုရားကြီးနှင့် မင်းကွန်းဆရာတော်ဘုရားကြီးတို့ မေးမြန်းဖြေဆိုထားသည့် ဆဋ္ဌသံဂါယနာတင် ပါဠိတော်အမေးအဖြေများ ကိုထည့်သွင်းမည်ဆိုလျှင် တရားတော်စာရင်းမှာ ယခုထက် ပိုမိုပါလိမ့်မည်။ ခေတ်အဆက်ဆက် တိပ်ရီကော်ဒါ၊ ကက်ဆက်၊ CD-DVD ဖွင့်စက်၊ MP3 ဖွင့်စက် တို့ဖြင့် စဉ်ဆက်မပြတ် ဖြန့်ချိလာခဲ့သည့် မဟာစည်တရားတော်များကို ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့က ၁၃၈၅-ခုနှစ် သီတင်းကျွတ်လ မှ စ၍ အင်တာနက်ပေါ်မှ နာယူနိုင်သည့် Mahasi Dhamma Podcast - မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) အဖြစ် ကမ္ဘာအရပ်ရပ်မှ တရားလိုလားသူများနာယူတော်မူနိုင်ရန် ထုတ်လွင့်ပေးလျက်ရှိပါသည်။ မဟာစည်တရားတော်များ-ပေါ့ဒ်ကပ်(စ်) ကို Apple iTune, Google Podcast, Amazon Music နှင့် အခြားကျော်ကြားသည့် Podcast Directories များပေါ်တွင် ကြေငြာလွင့်တင်ထားရှိပါသည်။ မဟာစည်ပေါ့ဒ်ကပ်(စ်)ဓမ္မဒါနကုသိုလ်၊ အကြံပြုလိုသည်များနှင့် အသေးစိတ်သိလိုသည်များကို မဟာစည်ကျမ်းစာအုပ်အရောင်းဆိုင်၊ အမှတ် ၁၆၊ သာသနာ့ရိပ်သာလမ်း၊ ဗဟန်းမြို့နယ်၊ ရန်ကုန်မြို့။ဖုန်း- (+၉၅၉) ၉၅၂၁၉၈၈၀၂၊ အီးမေးလ်- mahasi.meditationcenter@gmail.com သို့ ဆက်သွယ်ဆောင်ရွက်နိုင်ပါသည်။ ----------------------------------------------- မဟာစည် တရားတော်များကို နာယူသည့်အခါ တရားတော်အချို့တွင် အနည်းငယ် အသံ မကြည်လင်ခြင်း၊ အသံ‌ နှေးခြင်း၊ အသံ မြန်ခြင်းတို့ ပါရှိသည်ကို သတိပြုမိကြပါလိမ့်မည်။ အကြောင်းမှာ အသံဖမ်းယူစဉ်က အသုံးပြုခဲ့သည့် ၇” တိပ်ရီကော်ဒါစက်များ၏ နည်းပညာနှင့် တိပ်ခွေများကို ကော်ပီပွားရယူသည့်အခါ တိပ်ရီကော်ဒါစက် မော်တာမြန်နှုူန်းများ အနည်းငယ် ကွာခြားခြင်းကြောင့် ဖြစ်ပါသည်။ မဟာစည် မီဒီယာအဖွဲ့အနေဖြင့် ၁၃၈၅-ခုနှစ

  1. 11 APR

    ယောဂီအသစ်တို့အား အစညွှန်ကြားချက် ဝိပဿနာအလုပ်ပေးတရားတော်

    မဟာစည်သာသနာ့ရိပ်သာ “ယောဂီအသစ်တို့အား အစညွှန်ကြားချက် အလုပ်ပေးတရားတော်” စတင်ဖွင့်လှစ်ခြင်း   ဓမ္မမိတ်ဆွေ သူတော်စင်အပေါင်းတို့ခင်ဗျား -   မဟာစည်သာသနာ့ရိပ်သာကြီးတွင် တရားဝင်သည့် ယောဂီများအား ဝိပဿနာအလုပ်ပေးတရားတော် မနာယူမီ ဆရာတော်ကြီးများက ဩဝါဒပေးလေ့ရှိပါသည်။ ✨ ၃၈-မိနစ် အလုပ်ပေးတရားဖြစ်ပေါ်လာပုံ ယခုအခါ ၂၀၂၂ ခုနှစ် မှတ်တမ်းများကို ပြန်လည်ပြုစုရာမှ ကျေးဇူးတော်ရှင် မဟာစည်ဆရာတော်ဘုရားကြီး၏ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” လက်နှိပ်စက်စာမူနှင့် ၈-မိနစ်ကြာအသံဖိုင် ကို ရှာဖွေတွေ့ရှိခဲ့ပါသည်။ “ယောဂီအသစ်တို့အား အစညွှန်ကြားချက်” ဟု ခေါင်းစဉ်ပေးထားသဖြင့်၊ ဝိပဿနာအလုပ်ပေးတရားတော် တိပ်ခွေမဖွင့်မီ ယောဂီများအား ဩဝါဒပေးသည့် ဆရာတော်များ အကိုးအကားပြုနိုင်ရန် နှင့် ကနဦးဩဝါဒပေးနိုင်ရန် ပြုစုတော်မူခဲ့ခြင်း ဖြစ်ပါသည်။   ယခုအခါ မဟာစည် သံဃာတော်များ၏ ဩဝါဒကို ခံယူကာ၊ မူလဖွင့်နေကျ မိနစ် (၃၀) အလုပ်ပေးတရားတော်၏ ရှေ့တွင် ဤ ၈-မိနစ် တရားတော်ကို ထည့်သွင်း၍ စုစုပေါင်း (၃၈) မိနစ်အဖြစ် ဖွင့်လှစ်ရန် ဗုဒ္ဓသာသနာနုဂ္ဂဟအဖွဲ့ချုပ်မှ အတည်ပြုခဲ့ပြီး ဖြစ်ပါသည်။   🗓️ မည်သည့်အချိန်တွင် စတင်နာယူနိုင်သလဲ? မဟာစည် ၇-ရက် သင်္ကြန်တရားစခန်း ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၁ ရက် (၁၃၈၇ ခုနှစ်၊ နှောင်းတန်ခူးလဆုတ် ၁၀ ရက်) နေ့လယ် ၃:၀၀ ခန့်တွင် သင်္ကြန်တွင်းတရားအားထုတ်ရန် ရောက်ရှိလာသည့် ယောဂီများသည် ပထမဆုံးအကြိမ်အဖြစ် ဤတရားတော်ကို စုပေါင်းနာယူကြမည်ဖြစ်ပါသည်။  ဓမ္မမိတ်ဆွေများအနေဖြင့်လည်း အောက်ပါနေရာများမှ နာယူတော်မူနိုင်ပါသည်။Mahasi App https://app.mahasi.org.mm/download/index.htmlYouTube https://www.youtube.com/watch?v=5lbNAPO20uU   မဟာစည်သာသနာ့သမိုင်းဝင် ယောဂီအသစ်တို့အား အစညွှန်ကြားချက်-ဝိပဿနာအလုပ်ပေးတရားတော်ကို နာယူပွားများ အားထုတ်နိုင်ကြပါရန် နိဗ္ဗာန်အကျိုးမျှော်၍ နှိုးဆော် တိုက်တွန်းအပ်ပါသည်။   #Mahasi #Vipassana #Dhamma #MahasiApp #မဟာစည် #အလုပ်ပေးတရား #သာသနာပြု # ယောဂီအသစ်တို့အားအစညွှန်ကြားချက်

    39 min

About