ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 8 HR AGO

    ပြည်တွင်း ပြန်ဝင်လာကြတဲ့ မြန်မာနိုင်ငံသား ကျားဖြန့်အလုပ်သမားတွေကြောင့် ကျားဖြန့်လုပ်ငန်

    - ထိုင်းနယ်စပ် ကျားဖြန့်လောင်းကစားရုံတွေကနေ ထွက်ပြေးလာပြီး ပြည်တွင်း ပြန်ဝင်လာကြတဲ့ မြန်မာနိုင်ငံသားတွေကြောင့် ကျားဖြန့်လုပ်ငန်း ကျယ်ပြန့်လာမှာကို စိုးရိမ်နေ - တော်လှန်ရေးအင်အားစုတွေ အားကောင်းတဲ့ ဒေသတချို့မှာ စစ်ဗိုလ်ချုပ်ဟောင်းတွေ ရွေးကောက်ပွဲ ဝင်ပြိုင်မယ် - မလေးရှားနိုင်ငံ အာဆီယံ ထိပ်သီးအစည်းအဝေး မြန်မာ့အရေးအပေါ် ဘယ်လို သက်ရောက်မလဲ - ဂါဇာဒေသ တည်ငြိမ်အေးချမ်းရေး နိုင်ငံတကာတပ်ဖွဲ့အတွက် တပ်ဖွဲ့ဝင်တွေ စေလွှတ်ဖို့ နိုင်ငံအတော်များများက စိတ်ဆန္ဒရှိကြကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးပြော - ရုရှားကို တိုက်ဖို့အတွက် တာဝေးပစ်လက်နက်တွေ ထပ်ထောက်ပံ့ဖို့ မဟာမိတ်နိုင်ငံတွေကို ယူကရိန်း သမ္မတ တိုက်တွန်း - အိန္ဒိယနိုင်ငံ ဒေလီမှာ ပထမဆုံးအကြိမ် ဓာတုနည်းနဲ့ မိုးရွာအောင် ဖန်တီး - တရုတ်နဲ့ အမေရိကန်အကြား စိုးရိမ်စရာကိစ္စရပ်တွေကို ပြေလည်အောင် လုပ်နိုင်မယ့်နည်းတွေ ရှိတယ်လို့ တရုတ်ကုန်သွယ်ရေးဝန်ကြီးပြော

    15 min
  2. 1 DAY AGO

    မြဝတီမြို့နယ် ကေကေပါ့ခ် (KK Park) နယ်မြေတွေကနေ နိုင်ငံခြားသား အလုပ်သမား ရာနဲ့ချီ ထိုင်းဘက်ခြမ်း

    - မြဝတီမြို့နယ်ထဲက ကေကေပါ့ခ် (KK Park)နယ်မြေတွေကနေ နိုင်ငံခြားသား အလုပ်သမားတွေ ထိုင်းဘက်ခြမ်းနဲ့ မြဝတီမြို့ပေါ် ထွက်ပြေးလာကြ - မောင်တောမြို့နယ် တောင်ပိုင်းအထိ အာဆာအဖွဲ့က အရပ်သားတွေကို ဝင်ရောက်ဖမ်းဆီး၊ သတ်ဖြတ်တာတွေ လုပ်လာနေတယ်လို့ အေအေ ထုတ်ပြန် - ၂၀၂၅ - ၂၀၂၆ ပညာသင်နှစ်အတွက် ၁၂ တန်း (Grade 12 )သင်ရိုးထဲက တချို့ကို လျှော့ချမယ်လို့ ပညာရေးဝန်ကြီးဌာန ထုတ်ပြန် - ချားလ်စ်ဘုရင်နဲ့ ပုပ်ရဟန်းမင်းလီယို ဗာတီကန်နန်းတော်က ဘုရားကျောင်းမှာ အတူဝတ်ပြု - တရုတ်အစိုးရ ကွန်မြူနစ်ပါတီက အတည်ပြုလိုက်တဲ့ ငါးနှစ်စီမံကိန်းထဲမှာ စီးပွားရေး စိန်ခေါ်ချက်တွေကို အဓိထားဖြေရှင်းဖို့ ဖော်ပြထား - သိမ်းဆည်းထားတဲ့ ရုရှားပိုင်ဆိုင်မှုတွေကို ယူကရိန်းရဲ့ စစ်ရေးတိုက်ခိုက်မှုမှာ သုံးရေး ဥရောပမဟာမိတ်နိုင်ငံတွေက အတည်ပြုပေးဖို့ ယူကရိန်းသမ္မတ တိုက်တွန်း - ဂါဇာဒေသထဲ နိုင်ငံခြားသား သတင်းထောက်တွေ ဝင်သတင်းယူခွင့် အစ္စရေးတရားရုံးချုပ်က အချိန်ထပ်ဆွဲ သတ်မှတ်လိုက်တဲ့အတွက် နိုင်ငံခြားသားသတင်းထောက်တွေ စိတ်ပျက်ခဲ့ရ

    15 min
  3. 2 DAYS AGO

    Spy Balloon လို့ယူဆရတဲ့ မိုးပျံပူဖောင်းတွေ တော်လှန်ရေးတပ်တွေရှိရာ မြန်မာပြည်အလယ်ပိုင်းနယ်မြေရဲ

    - စစ်တပ်ရဲ့ Spy Balloon လို့ ယူဆရတဲ့ မိုးပျံပူဖောင်းတွေကို တော်လှန်ရေးတပ်တွေရှိတဲ့ မြန်မာပြည် အလယ်ပိုင်းနယ်မြေရဲ့ ဝေဟင်မှာ မကြာခဏ တွေ့လာနေရတယ်လို့ ဒေသခံတွေပြော - ထန်းရှောက်ခံကျေးရွာမှာ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တိုက်ပွဲအတွင်း ရိုဟင်ဂျာ ရာနဲ့ချီ အေအေ က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အခင်းဖြစ်ရာနေရာကို မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကိုယ်တိုင် လာရောက် စစ်ဆေးကြည့်ဖို့ အေအေ ဖိတ်ခေါ် - မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်မှာ လိုက်နာရမဲ့စည်းကမ်းတွေ များတာကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ပိုအခက်အခဲ ဖြစ်စေနိုင်တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ဆို - မြန်မာနိုင်ငံက ကျားဖြန့်စခန်းတွေနဲ့ ဆက်နွှယ်နေတဲ့ စက်ပစ္စည်း နှစ်ထောင်ကျော်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုတွေ စတားလင့်ခ် ဖြတ်တောက်လိုက် - ဂါဇာအရေး ရှေ့လျှောက် ခက်ခဲတဲ့ လုပ်ငန်းတာဝန်တွေ ရှိနေကြောင်း အမေရိကန် ဒုသမ္မတပြော - ယူကရိန်းမှာ ရုရှားရဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၇ ဦးသေဆုံး - ဆူဒန်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကူပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မယ်လို့ RSF လက်နက်ကိုင်တပ်ဖွဲ့ ခြိမ်းခြောက် - ဘေဒူး တရုတ်ကုမ္ပဏီက မောင်းသူမဲ့ တက္ကစီကားတွေကို ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇင်ဘာလကစလို့ အစမ်းမောင်းနှင်မယ်

    15 min
  4. 3 DAYS AGO

    ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းတွေ ထုတ်ပြန်၊ အရည်အချင်း သတ်မှတ်ချက် မ

    - ဂျပန်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ခန့်အပ် - ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်၊အရည်အချင်း သတ်မှတ်ချက် မပြည့်မီလို့ ပယ်ချခံရသူတချို့ ရှိနေ - မန္တလေးကနေ လားရှိုးအထိ ပြည်ထောင်စုလမ်းမတလျှောက် လမ်းပိုင်း ကားအသွားအလာတွေ ပြန်ရှိလာ - ဖမ်းဆီး ထောင်ချခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တချို့ ပြန်လွတ်လာ - ဂါဇာဒေသထဲ သွားတဲ့ ဂိတ်စခန်း အားလုံး မဖွင့်တဲ့အတွက် ကယ်ဆယ်ရေးအထောက်အပံ့ အားလုံး မပို့နိုင်သေး - ယူကရိန်း မြောက်ပိုင်း ချာနီဟစ်ဗ်မြို့မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်လပ်နေ - ပြင်သစ်သမ္မတဟောင်း ဆာကိုးဇီး ပဲရစ်မြို့အကျဉ်းထောင်မှာ သူ့ရဲ့ ထောင်ဒဏ် ၅ နှစ် စတင်ကျခံ - ဆူဒန်မှာ နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ ခါတွန်မြို့လေဆိပ် ပြန်ဖွင့်ခါနီး တစ်ရက်အလို အနားကနေရာတစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရ

    15 min
  5. 5 DAYS AGO

    မဲဆွယ်ရင် စစ်တပ်နဲ့ အစိုးရကို ထိခိုက်တဲ့ အသုံးအနှုန်းတွေ မသုံးဖို့ ရွေးကောက်ပွဲကော်မရှင်

    အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - မဲဆွယ်ရင် စစ်တပ်နဲ့ အစိုးရကို ထိခိုက်တဲ့ အသုံးအနှုန်းတွေ မသုံးဖို့ ရွေးကောက်ပွဲကော်မရှင်က သတိပေး - ကမ္ဘာကျော် လုဗ်ပြတိုက်က သမိုင်းဝင် ရတနာတွေ အခိုးခံရ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    16 min

About

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

More From BBC

You Might Also Like