ပြီးခဲ့တဲ့ သင်္ကြန်အကျနေ့က Fmaj7 မှ ကို မာကျူရီ ရဲ့"သင်္ကြန်သီချင်းများ" Podcast ကို နားထောင်ခဲ့ကြတာ ကြိုက်နှစ်သက်မယ်မျှော်လင့်ပါတယ်။ နားမထောင်ရသေးရင် Comment မှာ Link ရှိပါတယ်။ဒီနေ့အတွက်ကတော့ ဥာဏ်သူပုန် ဗားရှင်းပေါ့။ သင်္ကြန်ယဥ်ကျေးမှု၊ ဂီတ၊သံချပ်နဲ့ ရခိုင်ရိုးရာ သင်္ကြန်ပွဲတော်တွေအထိ နားထောင်သူတွေ လိုက်ပါခံစားနိုင်မှာဖြစ်ပါတယ်။ မိတ်ဆွေတို့ သင်္ကြန်မှာ ရေကစားဖို့ အခွင့်မသာရင်တောင် သင်္ကြန်အငွေ့အသက်လေး ရနိုင်ဖို့ ဥာဏ်သူပုန် နဲ့ Fmaj 7 တို့ကနေ သင်္ကြန် Podcast အထူးထုတ် နှစ်ပုဒ်ကို ကိုယ်တိုင်လဲ နားဆင်၊ မိတ်ဆွေများနဲ့လဲ ဝေမျှနိုင်ကြဖို့ BPN ဝိုင်းတော်သားများက ချစ်ခင်လေးစားစွာတင်ဆက်လိုက်ရပါတယ်။
Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန်
https://linktr.ee/burmapodcastnetwork
Informations
- Émission
- FréquenceChaque semaine
- Publiée16 avril 2025 à 13:30 UTC
- Durée25 min
- ClassificationTous publics