The Institute for Strategy and Policy – Myanmar

“ရှိသင့်တဲ့ အားနဲ့ မာန်၊ ဟန်နိုင်မှ …” ကုန်သွယ်စီးဆင်းမှု ပြတ်တောက်ခဲ့သော လမ်းများနှင့် လ

စစ်ကိုင်း-မန္တလေး ငလျင်ကြီးလို သဘာဝဒုက္ခတွေနဲ့ စစ်ရေးပဋိပက္ခတွေရဲ့ အကျိုးဆက်တွေကြောင့် ဖြစ်လာတဲ့ ကျပ်တည်းမှုတွေအပြင် ကုန်သွယ်စီးပွားလမ်းကြောင်း ပြတ်တောက်ခံနေရတဲ့ ကာလအတွင်းမှာ ပြည်သူတွေရဲ့ စားဝတ်နေရေးက ဘာတွေဖြစ်နေလဲ၊ ဘယ်လိုတွေရုန်းကန်နေရတာလဲ၊ ဘယ်ကများ အကူအညီတွေ ရနေသေးသလဲ။ အခုပေ့ါကတ်စ်မှာ ပြည်တွင်း ကုန်သွယ်စီးပွားပိတ်ဆို့မှုတွေအကြားက ပြည်သူတွေရဲ့ ကြံ့ကြံ့ခံရင်ဆိုင်နိုင်စွမ်းအပေါ် စစ်တမ်းတွေ့ရှိချက်တွေကို အခြေခံပြီး သုတေသနရှုထောင့်ကနေ တင်ပြသွားမှာပါ။