
ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း
ခွဲစိတ်ခန်းမှ ရင်ခွဲရုံ ရောက်သွားတဲ့ စစ်ဘေးရှောင်မိခင်လောင်း
စစ်တပ်အာဏာသိမ်းနောက်ဆက်တွဲ ပြသာနာတွေဟာ တရားဥပဒေစိုးမိုးမှုကင်းမဲ့တာ ၊ ဒေသတွင်း တာဝန်ယူမှုကင်းမဲ့လာတာ ၊ စီးပွားရေးကျဆင်းလာတာ ၊ CDM ပြုလုပ်သူတွေများလာတာကြောင့် အစိုးရယန္တရား ကောင်းကောင်းမလည်ပတ်နိုင်တော့တာ စတဲ့နည်းမျိုးစုံသောပြသာနာတွေဟာ ဖြစ်ပေါ်နေပါတယ်။
တရားဥပဒေစိုးမိုးမှုကင်းမဲ့လာခဲ့တာကြောင့် ခိုးယူလုယက်မှုတွေကလည်း ပေါများလာခဲ့ပါတယ်။ အလားတူပဲ တာဝန်ယူမှုတွေဟာလည်း ပေါ့ဆလာခဲ့ပါတယ်။ တစ်ဖက်မှာလည်း တိုက်ပွဲတွေက ဖြစ်နေတာကြောင့် ပြည်သူတွေဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
CDM ပြုလုပ်တဲ့သူတွေလည်းများလာတာကြောင့် ကာလတိုသင်တန်းပေးပြီး ကျွမ်းကျင်မှုမရှိတဲ့သူတွေကို လိုအပ်တဲ့နေရာမှာ တာဝန်ခန့်အပ်ပေးနေတာတွေလည်း စစ်ကော်မရှင်ကပြုလုပ်ခဲ့ပါတယ်။
ဒီလို ကျွမ်းကျင်မှုမရှိတဲ့ ဝန်းထမ်တွေကြောင့်လည်း ပြည်သူတွေဟာ မသေသင့်ပဲနဲ့ သေဆုံးသွားရတာတွေရှိနေပါတယ်။
ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်ရှောင်မိခင်တစ်ဦးက ဆေးရုံမှာကလေးသွားမွေးရင် မိခင်ကော ၊ ကလေးပါ သေဆုံးသွားရတဲ့ အကြောင်းကို လာရောက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။
လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည်ကို ပြောင်းသုံးထားပါတယ်။
ကျနော်ကတော့ စိုင်းဆိုင်လျန်ပါ။
Fitxa tècnica
- Programa
- FreqüènciaSetmanal
- Publicació8 de setembre del 2025, a les 6:56 UTC
- Durada5 min
- QualificacióApte