ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. HACE 1 D

    ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် လျှော့ချပေးချိန်မှာပဲ ရွေးကောက်

    စက်တင်ဘာ ၂၂ ရက်၊ တနင်းလာနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - ရွေးကောက်ပွဲအတွက် လိုအပ်တဲ့ ကိုယ်စားလှယ်လောင်း အရေအတွက် လျှော့ချပေးချိန်မှာပဲ ရွေးကောက်ပွဲကန့်ကွက်သူတွေကို ပိုဖမ်းဆီးနေ - ပြင်သစ်ကလည်း ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုဖို့ ရှိနေ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    30 min
  2. HACE 4 D

    အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ လေးနိုင်ငံကိုယ်စားလှယ်အဖွ

    - ဆူဒန်မှာ ဗလီကျောင်း ဒရုန်းတိုက်ခိုက်ခံရအပြီး လူ ၇၀ ကျော် သေဆုံး - မြန်မာနိုင်ငံကို လာဖို့ရှိတဲ့ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် ပျက်သွား - ဆားလင်းကြီးမြို့နယ်မှာ ကိုယ်ဝန်ဆောင်သည်နဲ့ ကလေးမိခင်တွေ အပါအဝင် အမျိုးသမီး ၉ ဦး သတ်ဖြတ်ခံခဲ့ရမှု အရေးယူပေးဖို့ NUG ကို တိုင်ကြားထား - ကေအိုင်အေ ထိန်းချုပ်ထားတဲ့ တရုတ်နယ်စပ်ကံပိုင်တည်ကနေ မြန်မာ-အိန္ဒိယနယ်စပ် ပန်ဆောင်မြို့အထိ ကုန်သွယ်ရေး လမ်းကြောင်းဖောက်ဖို့အခြေအနေ - ရွှေကူမြို့က ကေအိုင်အေ တပ်ရင်းတစ်ခု စက်တင်ဘာ ၁၇ ရက် ညပိုင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရကြောင်း ကေအိုင်အိုအတည်ပြု - ဂါဇာစီတီးမြို့ကို အစ္စရေးစစ်တပ်က မကြုံစဖူး အင်အားသုံး တိုက်ခိုက်မယ်လို့ ထုတ်ဖော်ပြော - အာဖဂန်နစ္စတန်မှာ ထိန်းသိမ်းထားတဲ့ ဗြိတိသျှလူမျိုး ဇနီးမောင်နှံကို ကာတာရဲ့ ကြားဝင်စေ့စပ်မှုနဲ့ တာလီဘန်အစိုးရ ပြန်လွှတ်ပေးလိုက် - နီပေါမှာ အဂတိလိုက်စားမှု တိုက်ဖျက်ပေးမယ်၊ အလုပ်တွေ ဖန်တီးပေးမယ်လို့ ယာယီဝန်ကြီးချုပ်က ပထမဆုံးအကြိမ် မိန့်ခွန်းမှာ ထည့်သွင်းပြော - ရုရှားရဲ့ ဒုတိယအကြီးဆုံး လေဆိပ်ရဲ့ ဝက်ဆိုက် ဖောက်ထွင်းခံရ

    30 min
  3. HACE 5 D

    ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီက ပါတီဝင်တွေ တစ်သီးပုဂ္ဂလ ဒါမှမဟုတ် နီးစပ်ရာ ပါတီတွေကနေ ရွေ

    - ပြင်သစ်အစိုးရရဲ့ ဘတ်ဂျက်စီမံကိန်းကို နိုင်ငံတဝန်း ကန့်ကွက် ဆန္ဒပြ - ဖျက်သိမ်းခံရတဲ့ နိုင်ငံရေးပါတီက ပါတီဝင်တွေ တစ်သီးပုဂ္ဂလ ဒါမှမဟုတ် နီးစပ်ရာ ပါတီတွေကနေ ရွေးကောက်ပွဲဝင်ပြိုင်မယ် - ရခိုင်ပြည်နယ်ထဲက အေအေ ထိန်းချုပ်ထားရာ မြို့နယ်လေးခုမှာ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေ - ကေအိုင်အေ၊ ပူးပေါင်းတပ်တွေနဲ့ ကိုးလကျော်ကြာ တိုက်ပွဲဖြစ်ခဲ့အပြီး ဗန်းမော်မြို့ကို စစ်တပ်က အသာစီးပြန်ရနေ - မြန်မာနိုင်ငံကို လာဖို့ရှိတဲ့ အာဆီယံအလှည့်ကျ ဥက္ကဌ မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်တဲ့ လေးနိုင်ငံကိုယ်စားလှယ်အဖွဲ့ရဲ့ ခရီးစဉ် ပျက်သွား - မြန်မာနိုင်ငံက ဒုက္ခသည်အကျပ်အတည်း အခြေအနေ - အမေရိကန်သမ္မတ ထရမ့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် စတာမာ တို့အကြား နည်းပညာ သဘောတူစာချုပ် လက်မှတ်ရေးထိုး - ဂါဇာစီတီးမြို့ မြောက်ပိုင်းကို အစ္စရေးတင့်ကားတွေနဲ့ ရှေ့တိုး ထိုးစစ်ဆင်လာနေ - အာဖဂန်နစ္စတန်မှာ ဖိုင်ဘာကြိုးနဲ့ အင်တာနက် ချိတ်ဆက်အသုံးပြုမှု တနိုင်ငံလုံးနီးပါး ပိတ်ပင်

    30 min
  4. HACE 6 D

    သမ္မတထရမ့်ရဲ့ ခရီးစဉ်အတွင်း ကြိုဆိုမှု ဝင်ဆာရဲတိုက်ကနေ ဘီဘီစီ သတင်းထောက်ရဲ့ တိုက်ရိုက်သတ

    - စစ်တပ်က ဒုတိယဗိုလ်ချုပ်ကြီးအပါအဝင် ဗိုလ်ချုပ် ၁၀ ဦးနဲ့ အရာရှိပိုင်းတွေကို အနားပေး လိုက်ပြီး လာမယ့်ရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်ဖို့ ကြိုးစား - ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ ပြည်တွင်းပြည်ပအဖွဲ့အစည်းတွေကို စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၁၆ ရက်နေ့မှာ ဖိတ်ခေါ် - ဂါဇာမှာ မနေ့က စခဲ့တဲ့ မြေပြင်ထိုးစစ်အတွင်း ပစ်မှတ်တရာ့ငါးဆယ်ကျော်ကို ပစ်ခတ်နိုင်ခဲ့တယ်လို့ အစ္စရေး စစ်တပ်ပြော - တောင်ကိုရီးယား အလုပ်သမားတွေကို အမေရိကန်က တရားဝင် အလုပ်ဗီဇာ မရှိလို့ ဆိုပြီး ဖမ်းဆီး ပြန်ပို့မှုအတွင်း လက်ထပ်ခတ် ချိန်းကြိုးခါးမှာ အခတ်ခံရသလို စောင်မရှိဘဲ အေးတဲ့ ရာသီအောက်မှာ နေခဲ့ရကာ တိုက်တဲ့ရေကလည်း မိလ္လာနံ့နံတယ်လို့ အဖမ်းခံရသူတွေပြော - နီပေါ ဆန္ဒပြပွဲ အတွင်း သေဆုံးသူတွေကို သူရဲကောင်းအဖြစ် သတ်မှတ်ကာ တရက်တာ ဝမ်းနည်းဂုဏ်ပြုခဲ့ကြတဲ့သတင်းတွေကို တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858

    30 min
  5. 16 SEPT

    ၁၃ နှစ်ကြာ ပိတ်ထားတဲ့ မောင်တော မြို့မ ဂျာမေဗလီကြီးကို အာရက္ခတပ်တော်က ပြန်ဖွင့်ပေးလိုက်တာအ

    - မောင်တောမြို့နယ်မှာ ၁၃ နှစ်ကြာ ပိတ်ထားတဲ့ မြို့မ ဂျာမေ ဗလီကြီးကို အာရက္ခတပ်တော် အေအေက ပြန်ဖွင့်ပေးလိုက်တာအပေါ် ရိုဟင်ဂျာတွေရဲ့ တုံ့ပြန်ချက် - လာမယ့်ရွေးကောက်ပွဲမှာ ကြိုတင်မဲပေးခွင့်ရှိသူတွေ မဲပေးနိုင်ဖို့ စဆောင်ရွက်နေ - တရုတ်နိုင်ငံကို အငှားမယားအဖြစ် ပို့ဆောင်ရောင်းချမှုတွေ များလာသလို ကိုယ်သဘောနဲ့ကိုယ် သွားရောက်သူတွေလည်း ရှိနေ - ထိုင်းမြန်မာနယ်စပ် ဒုက္ခသည်စခန်းကဒုက္ခသည်တွေ ထိုင်းနိုင်ငံမှာ အောက်တိုဘာလက စလို့ အလုပ်လုပ်ခွင့်ရတော့မယ့် စီမံကိန်းအကြောင်း ဆက်သွယ်မေးမြန်းချက် - ဟားမတ် အခိုင်အမာ ထိန်းချုပ်ထားရာ ဂါဇာစီတီးမြို့လယ်ဆီ အစ္စရေးစစ်တပ် ရှေ့တိုးတိုက်ခိုက် - ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးက ပါလက်စတိုင်းတွေအပေါ် လူမျိုးတုံး သတ်ဖြတ်ခဲ့မှု ကျူးလွန်ခဲ့ကြောင်း တွေ့ရှိခဲ့တယ်လို့ ကုလသမဂ္ဂ စုံစမ်းစစ်ဆေးသူတွေ ထုတ်ပြန် - အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီယို ကာတာနိုင်ငံမှာ ရောက်ရှိနေ - ကင်ညာနိုင်ငံ မြောက်ပိုင်းမှာ အမျိုးသမီး တစ်ဦးကို သတ်ခဲ့မှုနဲ့ စွပ်စွဲခံထားရသူ ဗြိတိန်နိုင်ငံသား တစ်ဦးကို တရားရုံးက ဖမ်းဝရမ်းထုတ်ပြန် - နီပေါမှာ အရင်အစိုးရ ပြုတ်ကျသွားစေခဲ့တဲ့ ပြီး ကန့်ကွက်ဆန္ဒပြမှုတွေအတွင်း သတ်ဖြတ်မှု၊ လုယက်ဖျက်ဆီးမှုတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှု လုပ်ပေးမယ်လို့ ကြားဖြတ်ဝန်ကြီးချုပ်သစ် ကတိပြု

    30 min

Información

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

Más de BBC

Quizá también te guste