Shan Herald Agency for News (Burmese Edition)

အသက်ရှင်နေလျက် ဘဝသေနေသူများ

အသက်ရှင်နေလျက် ဘဝသေနေသူများ

နိုင်ငံတစ်ဝှမ်းမှာစစ်ရှုံးနေတဲ့ စစ်ကောင်စီဟာ စစ်အင်အားဖြည့်ဖို့အတွက် တပ်သားစုဆောင်းမှုတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်ကစပြီး ကျင့်သုံးလာခဲ့ပါတယ်။

လက်ရှိ စစ်မှုထမ်းအပတ်စဉ် ၁၄ ကြိမ်ထိရှိလာပြီ နိုင်ငံတစ်ဝှမ်း စစ်မှုထမ်းအင်အား ၇ သောင်းလောက်စုဆောင်းနိုင်ခဲ့ပြီဖြစ်ပါတယ်။

စစ်မှုထမ်းအပတ်စဉ်တတစ်ကြိမ်မှာ လူအင်အား ၅ ထောင်အထိ စစ်ကောင်စီက စုဆောင်းခဲ့တာဖြစ်ပါတယ်။

အဲဒီစစ်မှုထမ်းဥပဒေဟာ လူငယ် ၊ လူလတ်ပိုင်းတွေအတွက်တော့ အိမ်မက်ဆိုးကြီးတစ်ခုဖြစ်နေပါတယ်။ ဒါကြောင့် ပြည်ပထွက်သွားတဲ့လူငယ်တွေကလည်း အများပြားရှိလာခဲ့ပါတယ်။ Spring Revolution Database ရဲ့ ထုတ်ပြန်ချက်အရ စစ်မှုထမ်းဥပဒေထွက်လာပြီးနောက်ပိုင်း ပြည်ပထွက်လာသူ စုစုပေါင်း ၂ ထောင်နီးပါးရှိနေတယ်လို့ ဆိုပါတယ်။

တစ်ဖက်မှာလည်း ပြည်ပမထွက်နိုင်တဲ့သူတွေအတွက်တော့ “ ရှင်နေလျက် ဘဝသေနေသလိုခံစားနေရပါတယ်။

ဒါကြောင့် ဒီတစ်ပတ် Podcast ထဲမှာတော့ စစ်မှုထမ်းဖို့ ဆင့်ခေါ်စာရတဲ့ သူတစ်ယောက်အကြောင်းကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ဒါကြောင့် အဆုံးထိနားဆင်ဖို့ ဖိတ်ခေါ်ချင်ပါတယ်။

လုံခြုံရေးအရ ဆောင်းပါးအတွင်း နာမည် နဲ့ အသံကိုတော့ အစားထိုးအသုံးပြုထားပါတယ်။