မြန်မာ့အရေးအတွက် အာဆီယံအထူးသံတမန်နေရာကို ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးကို ခန့်အပ်ခဲ့ရာမှာ ဒီလို မြန်မာ့အရေးအထူးသံတမန်တွေ ခန့်အပ်မှုက လက်ရှိ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုသက်ရောက်မှုရှိပါသလဲ။ - Freedom House အစီရင်ခံစာအရ မြန်မာဟာ တရုတ်နဲ့တန်းတူ အင်တာနက်လွတ်လပ်ခွင့် အဆိုးရွားဆုံးနိုင်ငံစာရင်းမှာပဲ ဆက်ရည်တည်နေတာကြောင့် စစ်ကောင်စီထိန်းချုပ်နယ်မြေတွေ တင်သာမက တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေမှာရော အင်တာနက်လွတ်လပ်ခွင့် ဘယ်လောက်အထိ ဆုံးရှုံးနေသလဲ။ - ရခိုင်ပြည်နယ်၊ ကျောက်ဖြူ၊ မင်းပြင် အရပ်မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုအပြင် စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင်းလည်း အရပ်သားတွေ ထိခိုက်သေဆုံးမှု ရှိနေပါတယ်။ - မြောက်ကိုရီးယားနဲ့ ဆွေးနွေးဖို့ တောင်ကိုရီးယား ဘက်က အဆိုပြု - တရုတ်ခရီးသွားတွေ လျော့ကျသွားလို့ ခရီးသွား ကုမ္ပဏီရှယ်ယာစျေးကျဆင်းလာတဲ့ သတင်းတွေ တင်ဆက်ပေးထားပါတယ်။ ----- ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858
Information
- Show
- FrequencyUpdated daily
- Published17 November 2025 at 14:14 UTC
- Length30 min
- RatingClean
