The Corner_podcast

The Corner

The Corner online မဂ္ဂဇင်းရဲ့ အသစ် စီစဥ်မှု တစ်ခုအဖြစ် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို Podcast သဏ္ဍန် ဆွေးနွေး စကားပြောဝိုင်းများ၊ လတ်တလော နိုင်ငံတကာ အဖြစ်အပျက် စကားဝိုင်းများကို မကြာခင် The Corner YouTube channel မှ တင်ဆက်လိုက်ပါတယ်။ နားဆင်ကြည့်ရှုသူများ စိတ်ဝင်စားကြမယ့် အကြောင်းအရာများကို စီစဥ် တင်ဆက်သွားမှာပါ။ The Corner Podcast Team

單集

  1. 2日前

    EP3_Planet Myanmar Channel တည်ထောင်သူ ကိုချမ်းနဲ့ စကားစမြည်

    ကျွန်တော် ကိုချမ်းနဲ့ သိကျွမ်းရင်းနှီးခဲ့တာတော့ ကြာပါပြီ။ ဒါပေမဲ့ နောက်ပိုင်းမှာ အလုပ်တာဝန်တွေနဲ့ အခြေအနေအမျိုးမျိုးကြောင့် တစ်ယောက်နဲ့တစ်ယောက် လူချင်းမတွေ့ဖြစ်တာ ၇ နှစ်နီးပါးလောက်တောင် ရှိသွားခဲ့ပါပြီ။ ကိုချမ်း အင်္ဂလန်ကို ရောက်ပြီး သူ့ဆေးပညာနဲ့ပဲ အသက်မွေးဝမ်းကျောင်း ဆက်လုပ်နေတာကို သိရတော့ နိုင်ငံရပ်ခြားမှာ ကိုယ်တတ်မြောက်ထားတဲ့ပညာနဲ့ အသက်မွေး၀မ်းကျောင်း အလုပ်ဆက်လုပ်နိုင်ခြင်းဟာ နည်းသည့် ကုသိုလ်ကံ မဟုတ်လို့ သူ့ကို မုဒိတာ ပွားမိတယ်။ ကိုချမ်းကိုကြည့်ရင် တည်တည်ငြိမ်ငြိမ်နှင့် မျက်နှာသွင်ပြင်က ရှင်းလင်း နေတတ်တာကို သတိပြုမိတယ်။ သို့သော်လည်း သူဟာ အမှတ်တမဲ့နေတတ်သူ တစ်ယောက်မဟုတ်။ မြန်မာနိုင်ငံမှာ သူရှိစဥ်ကတည်းက လူပင် ငယ်သော်လည်း စာပေ အသိုင်းအဝိုင်းတွင် လူချစ်လူခင်များသူ၊ လူမှုဆက်ဆံရေး ကောင်းမွန်သူတစ်ဦးလည်း ဖြစ်ပါတယ်။ စာပေ၊ ရုပ်ရှင်နှင့်ဂီတ ကို စိတ်ဝင်စားသူ တစ်ယောက်ဖြစ်လို့ အကြောင်းအရာ တော်တော်များများကို သူပါဝင် ဆွေးနွေးနိုင်တာကြောင့်လည်း ဖြစ်မည်။ လူငယ်ပေမယ့်လည်း လူကြီးဆန်ဆန် တွေးခေါ်နိုင်သူတစ်ယောက်ဖြစ်တာကြောင့်လည်း ဖြစ်မည်။ သေချာတာတစ်ခုကတော့ စာပေမျိုးဆက်ကနေ ပေါက်ဖွားလာသူတစ်ယောက်မို့ အလိုအလျောက် စာပေတာဝန်ကို ယူရင်း ဆရာဝန်အလုပ်ကိုလည်း အသက်မွေးဝမ်းကြောင်းအဖြစ် လုပ်ကိုင်နေသူ တစ်ဦးဖြစ်လို့မြင်မိပါတယ်။ အခု ပေါ့ကတ်စ် အစီအစဥ်က သူနဲ့ကျွန်တော် စကားအကြာဆုံး ပြောဖြစ်ကြခြင်းဖြစ်ပါတယ်။ ကြာရုံသာမက အကြောင်းအရာတော်တော်များများကိုလည်း ပြောဖြစ်ခဲ့ကြတာဖြစ်လို့ မှတ်မှတ်ရရ တွေ့ဆုံမှု တစ်ခုလို့လဲ ပြောမယ်ဆိုရနိုင်ပါတယ်။ ကိုချမ်းနဲ့ စကားပြောထားတာတွေကို နားထောင်ကြည့်ပါ။ ကိုတင် (The Corner)

    36 分鐘
  2. 5月28日

    The Corner_Global Geopolitics Review EP1_260528

    မကြာခင် ရက်ပိုင်းတွေအထိ ကမ္ဘာ့ဖြစ်ရပ်များကို စုစည်းသုံးသပ်ထားပါတယ်။ The Corner ကနေ စီစဥ်တင်ဆက်တဲ့ "နိုင်ငံတကာရေးရာ သုံးသပ်ချက်" ပေါ့ကတ်စ်အစီအစဥ်မှာ The Corner ရဲ့ Host ကိုတင်နဲ့ အတူ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ ဆရာ ချစ်ဝင်းမောင် (ဆရာချစ်) တို့က ဆွေးနွေးထားကြပါတယ်။ ဒီတစ်ပတ် အစီအစဥ်မှာ အမေရိကန်-အီရန် စစ်ပွဲ နောက်ဆုံးအရေးအမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ တရုတ်နိုင်ငံ ချစ်ကြည်ရေးခရီး အလွန် ရလာဒ်များ နှင့်အတူအမေရိကန် နိုင်ငံရေး အပြောင်းအလဲ များကို ပြည့်ပြည့်စုံစုံတင်ပြထားပါတယ်။ ဒီလို နိုင်ငံတကာ ရေးရာသုံးသပ်ချက်များကို အပတ်စဥ် တင်ဆက်သွားနိုင်အောင် ကြိုးစားနေပါတယ်။ လိုအပ်ချက်များ၊ အကြံပြုချက်များရှိရင်လည်း ရေးသားထားခဲ့နိုင်ပါတယ်။ The Corner Podcast team

    31 分鐘
  3. 5月22日

    EP1_တစ်ချိန်က မြန်မာမဂ္ဂဇင်းများ

    ယခုခေတ်တွင် ရှားပါးလာပြီဖြစ်သော ဆွတ်ပျံ့တမ်းတဖွယ်၊ အမှတ်တရ ဖြစ်ဖွယ်၊ ဗဟုသုတရှာမှီးကြရာ "တစ်ချိန်က မြန်မာ မဂ္ဂဇင်းများ" အကြောင်းကို စာပေ ဝါသနာရှင်နှင့် စာရေးသူ မဂ္ဂဇင်း ထုတ်ဝေသူတို့နှင့်အတူ ဤ ပေါ့ကတ်စ်တွင် ဆွေးနွေးထားကြပါသည်။ The Corner စီစဥ်သူ ကိုတင်နှင့်အတူ စာပေဝါသနာရှင် ဆရာ အောင်ကြီး (KIDD)၊ စာရေးဆရာ နှင့် မဂ္ဂဇင်းများကို စီစဥ်ခဲ့သူ ဆရာ ချစ်ဝင်းမောင်တို့ ဤ Podcast တွင် ပါဝင်ထားကြသည်။ စာပေကို ချစ်မြတ်နိုးသူများနှင့် တစ်ချိန်က မဂ္ဂဇင်းလောက အကြောင်းကို စိတ်ဝင်စားသူများ ကြိုက်နှစ်သက်ကြလိမ့်မယ်လို့ ယုံကြည်ပါသည်။ ဤ podcast ကဲသို့ အခြားစိတ်ဝင်စားစရာ ခေါင်းစဥ်ဆွေးနွေးခန်းများကို ကြည့်ရှုနားဆင်လို့ပါက The Corner Podcast channel ကို Like and Subscribe လုပ်ထားခြင်းဖြင့် ခေါင်းစဥ်အသစ်များ မလွတ်စေရန် လုပ်ထားနိုင်ပါသည်။ The Corner podcast team

    34 分鐘

關於

The Corner online မဂ္ဂဇင်းရဲ့ အသစ် စီစဥ်မှု တစ်ခုအဖြစ် စိတ်ဝင်စားဖွယ်၊ ဗဟုသုတဖြစ်ဖွယ် အကြောင်းအရာများကို Podcast သဏ္ဍန် ဆွေးနွေး စကားပြောဝိုင်းများ၊ လတ်တလော နိုင်ငံတကာ အဖြစ်အပျက် စကားဝိုင်းများကို မကြာခင် The Corner YouTube channel မှ တင်ဆက်လိုက်ပါတယ်။ နားဆင်ကြည့်ရှုသူများ စိတ်ဝင်စားကြမယ့် အကြောင်းအရာများကို စီစဥ် တင်ဆက်သွားမှာပါ။ The Corner Podcast Team