ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

Spy Balloon လို့ယူဆရတဲ့ မိုးပျံပူဖောင်းတွေ တော်လှန်ရေးတပ်တွေရှိရာ မြန်မာပြည်အလယ်ပိုင်းနယ်မြေရဲ

- စစ်တပ်ရဲ့ Spy Balloon လို့ ယူဆရတဲ့ မိုးပျံပူဖောင်းတွေကို တော်လှန်ရေးတပ်တွေရှိတဲ့ မြန်မာပြည် အလယ်ပိုင်းနယ်မြေရဲ့ ဝေဟင်မှာ မကြာခဏ တွေ့လာနေရတယ်လို့ ဒေသခံတွေပြော - ထန်းရှောက်ခံကျေးရွာမှာ ၂၀၂၄ ခုနှစ်၊ မေလ ၂ ရက်နေ့တိုက်ပွဲအတွင်း ရိုဟင်ဂျာ ရာနဲ့ချီ အေအေ က သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်လို့ အခင်းဖြစ်ရာနေရာကို မြန်မာနိုင်ငံဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ကိုယ်တိုင် လာရောက် စစ်ဆေးကြည့်ဖို့ အေအေ ဖိတ်ခေါ် - မဲဆွယ်စည်းရုံးရေးလုပ်ငန်းစဉ်မှာ လိုက်နာရမဲ့စည်းကမ်းတွေ များတာကြောင့် တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်တွေ ပိုအခက်အခဲ ဖြစ်စေနိုင်တယ်လို့ ကိုယ်စားလှယ်လောင်းတွေက ဆို - မြန်မာနိုင်ငံက ကျားဖြန့်စခန်းတွေနဲ့ ဆက်နွှယ်နေတဲ့ စက်ပစ္စည်း နှစ်ထောင်ကျော်အတွက် ဆက်သွယ်ရေးဝန်ဆောင်မှုတွေ စတားလင့်ခ် ဖြတ်တောက်လိုက် - ဂါဇာအရေး ရှေ့လျှောက် ခက်ခဲတဲ့ လုပ်ငန်းတာဝန်တွေ ရှိနေကြောင်း အမေရိကန် ဒုသမ္မတပြော - ယူကရိန်းမှာ ရုရှားရဲ့ မနေ့ညက လေကြောင်းတိုက်ခိုက်မှုအတွင်း လူ ၇ ဦးသေဆုံး - ဆူဒန်အစိုးရရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို စစ်ကူပေးနေတဲ့ အိမ်နီးချင်းနိုင်ငံတွေကို တိုက်ခိုက်မယ်လို့ RSF လက်နက်ကိုင်တပ်ဖွဲ့ ခြိမ်းခြောက် - ဘေဒူး တရုတ်ကုမ္ပဏီက မောင်းသူမဲ့ တက္ကစီကားတွေကို ဆွစ်ဇာလန်နိုင်ငံမှာ ဒီဇင်ဘာလကစလို့ အစမ်းမောင်းနှင်မယ်