ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

BBC Burmese Radio

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

  1. 8 HR AGO

    ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းတွေ ထုတ်ပြန်၊ အရည်အချင်း သတ်မှတ်ချက် မ

    - ဂျပန်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ခန့်အပ် - ရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်း အတည်ပြုစာရင်းတွေကို ရွေးကောက်ပွဲကော်မရှင် ထုတ်ပြန်၊အရည်အချင်း သတ်မှတ်ချက် မပြည့်မီလို့ ပယ်ချခံရသူတချို့ ရှိနေ - မန္တလေးကနေ လားရှိုးအထိ ပြည်ထောင်စုလမ်းမတလျှောက် လမ်းပိုင်း ကားအသွားအလာတွေ ပြန်ရှိလာ - ဖမ်းဆီး ထောင်ချခံထားရတဲ့ အလုပ်သမားခေါင်းဆောင်တချို့ ပြန်လွတ်လာ - ဂါဇာဒေသထဲ သွားတဲ့ ဂိတ်စခန်း အားလုံး မဖွင့်တဲ့အတွက် ကယ်ဆယ်ရေးအထောက်အပံ့ အားလုံး မပို့နိုင်သေး - ယူကရိန်း မြောက်ပိုင်း ချာနီဟစ်ဗ်မြို့မှာ ရုရှားရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် လျှပ်စစ်မီးနဲ့ သောက်သုံးရေ ပြတ်လပ်နေ - ပြင်သစ်သမ္မတဟောင်း ဆာကိုးဇီး ပဲရစ်မြို့အကျဉ်းထောင်မှာ သူ့ရဲ့ ထောင်ဒဏ် ၅ နှစ် စတင်ကျခံ - ဆူဒန်မှာ နှစ်နှစ်နီးပါး ပိတ်ထားခဲ့ရတဲ့ ခါတွန်မြို့လေဆိပ် ပြန်ဖွင့်ခါနီး တစ်ရက်အလို အနားကနေရာတစ်ခုကို ဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရ

    15 min
  2. 2 DAYS AGO

    မဲဆွယ်ရင် စစ်တပ်နဲ့ အစိုးရကို ထိခိုက်တဲ့ အသုံးအနှုန်းတွေ မသုံးဖို့ ရွေးကောက်ပွဲကော်မရှင်

    အောက်တိုဘာ ၁၉ ရက်၊ တနင်္ဂနွေနေ့ည ဘီဘီစီ မြန်မာရေဒီယို အစီအစဉ် - မဲဆွယ်ရင် စစ်တပ်နဲ့ အစိုးရကို ထိခိုက်တဲ့ အသုံးအနှုန်းတွေ မသုံးဖို့ ရွေးကောက်ပွဲကော်မရှင်က သတိပေး - ကမ္ဘာကျော် လုဗ်ပြတိုက်က သမိုင်းဝင် ရတနာတွေ အခိုးခံရ ဘီဘီစီရဲ့ ရေဒီယိုအစီအစဉ်တွေကို အင်တာနက်ဝက်ဘ်ဆိုက်နဲ့ ပေါ့ဒ်ကတ်စ်တွေ ကနေလည်း နားဆင်နိုင်ပါ တယ်။ အသံလွှင့်နေစဉ် တိုက်ရိုက်နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/liveradio ----- ညပိုင်း ထုတ်လွှင့်မှု နားဆင်ရန် - https://www.bbc.com/burmese/bbc_burmese_radio/w3csxs4j ----- ညပိုင်းအစီအစဉ် ပေါ့ဒ်ကတ် နားဆင်ရန် - https://www.bbc.com/burmese/media-45625858 ဘီဘီစီ မြန်မာပိုင်း ရေဒီယိုအစီအစဉ်ကို ည ၈ နာရီကနေ ၈နာရီ ၃၀ မိနစ်အထိ လှိုင်းတိုမီတာ ၁၆ ကီလိုဟာ့တ်ဇ် ၁၇၅၁၅ လှိုင်းတိုမီတာ ၁၉ ကီလိုဟာ့တ်ဇ် ၁၅၃၂၅ တို့ကနေ ဖမ်းယူနားဆင်နိုင်ကြပါတယ်။ ဘီဘီစီရဲ့ ရေဒီယိုနဲ့ ရုပ်သံအစီအစဥ်တွေကို Thaicom 6 ဂြိုဟ်တုကနေ ထပ်ဆင့်ထုတ်လွှင့်ပေးနေပါတယ်။ ဒီထုတ်လွှင့်မှုတွေကို မြန်မာနိုင်ငံတွင်းကရော ထိုင်းနိုင်ငံနဲ့ မြန်မာ့အိမ်နီးချင်းနိုင်ငံတွေကပါ ဖမ်းယူကြည့်ရှုနိုင်ကြပါတယ်။ လူထုရဲ့ သတင်းလိုအပ်နေချိန်မှာ အရေးပေါ်အစီအစဥ်အဖြစ်နဲ့ အခုလို ထုတ်လွှင့်မှုကို လေးလကြာ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ ဖမ်းယူနိုင်မယ့် ဂြိုဟ်တုမီတာလှိုင်းနဲ့ ချိန်ရွယ်ဖမ်းယူရမယ့် အချက်အလက်တွေကတော့ Satellite Thaicom 6 Orbital position 78.5° East Frequency 12687MHz Polarisation Vertical Symbol rate 30.000Msym/s FEC 5/6 Modulation DVB-S #ဘီဘီစီမြန်မာပိုင်း #ရေဒီယို

    16 min
  3. 5 DAYS AGO

    ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်ဟောင်းတချို့ တစ်ခ်တော့ခ်နဲ့ ဖေ့စ်ဘွတ်ခ်

    - စစ်တပ်ကနေ အရပ်ဝတ်လဲပြီး ကြံ့ခိုင်ရေးပါတီကနေ ဝင်ပြိုင်မယ့် စစ်ဗိုလ်ချုပ်ဟောင်းတချို့ တစ်ခ်တော့ခ်နဲ့ ဖေ့စ်ဘွတ်ခ် ဆိုရှယ်မီဒီယာတွေ သုံးပြီး မဲဆွယ်လာကြ - ဒီနှစ်ထဲမှာ နိုင်ငံတကာအကူအညီတွေ ဖြတ်တောက်လိုက်တာကြောင့် ကမ္ဘာတစ်ဝန်း လူ ၁၃ သန်းကျော်အရေးပေါ် ငတ်မွတ်ခေါင်းပါးမှုနဲ့ ကြုံရနိုင်တယ်လို့ WFP ပြော - ကမ္ဘာ့ရွှေစျေးနဲ့အပြိုင် တက်လာနေတဲ့ မြန်မာပြည်တွင်း ရွှေစျေးကွက်အခြေအနေ - အစ္စရေးဓားစာခံတွေရဲ့ အလောင်းတွေ အားလုံး ဟားမတ်ဘက်က ပြန်မပေးနိုင်သေးတာနဲ့ ပတ်သက်လို့ အမေရိကန်ဘက်က အရေးမကြီးသယောင် ပြော - ပြင်သစ် အမျိုးသားလွှတ်တော်မှာ အယုံအကြည်မရှိ မဲခွဲဆုံးဖြတ်မှု နှစ်ခုစလုံးကို ဝန်ကြီးချုပ် ကျော်ဖြတ်နိုင်ခဲ့ - ဂရိနိုင်ငံတဝန်း ဆန္ဒပြမှုတွေနဲ့ အထွေထွေ သပိတ်မှောက်မှုတွေ ရှိနေတဲ့ကြားက တစ်ရက်ကို ၁၃ နာရီ အလုပ်လုပ်ခွင့် ပြုတဲ့ အငြင်းပွားစရာ ဥပဒေကြမ်းတစ်ခုကို အစိုးရက အတည်ပြုလိုက် - အာဖဂန် အစိုးရနဲ့ တင်းမာမှုတွေ ဆက်ဖြစ်နေတာကြောင့် ပါကစ္စတန်အစိုးရက ကရာချီမြို့က ဆိပ်ကမ်းတွေကို ဖြတ်ပြီး အာဖဂန်နစ္စတန်နိုင်ငံဆီ ကုန်သင်္ဘော သယ်ယူပို့ဆောင်မှုတွေကို ဆိုင်းငံ့လိုက် - ယူကရိန်းနိုင်ငံရဲ့ စွမ်းအင် အခြေခံအဆောက်အအုံတွေအပေါ် ရုရှားက တိုက်ခိုက်မှုတွေ တိုးလုပ်လာနေ - ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်ဟောင်း ရှိတ်ခ် ဟာဆီနာကို လူမဆန်တဲ့ ရာဇဝတ်မှုတွေနဲ့ သေဒဏ် ချမှတ်ဖို့ တရားလိုရှေ့နေတွေက တောင်းဆို

    15 min
  4. 12 OCT

    ဂါဇာအပစ်ရပ်အစီအစဉ်အရ အထင်ကရ ပါလက်စတိုင်းအကျဉ်းသား ခုနှစ်ဦးထဲက အနည်းဆုံး နှစ်ဦး ပြန်လွှတ်

    - ဂါဇာအပစ်ရပ်အစီအစဉ်အရ စာရင်းပေးထားတဲ့ အထင်ကရ ပါလက်စတိုင်းအကျဉ်းသား ခုနှစ်ဦးထဲက အနည်းဆုံး နှစ်ဦး ပြန်လွှတ်ပေးဖို့ အစ္စရေးကို ဟားမတ်တောင်းဆို - မြန်မာနိုင်ငံက လူငယ် ဆယ်ဦးမှာ လေးဦးဟာ စိတ်လုံခြုံမှု မရှိတဲ့အခြေအနေနဲ့ ကြုံတွေ့နေရတယ်လို့ ကုလသမဂ္ဂ UNDP က အစီရင်ခံစာထုတ်ပြန် - လူငယ်တွေ ပြည်ပထွက် အလုပ်လုပ်ခွင့် ကန့်သတ်လိုက်တဲ့နောက်ပိုင်း အလုပ်သမားအေဂျင်စီတွေမှာပါ ကန့်သတ်မှုတွေနဲ့ ရင်ဆိုင်နေရ - ထားဝယ်မြို့နယ်ထဲက ထားဝယ် အထူးစီးပွားရေးဇုန် စီမံကိန်းနေရာကို စစ်တပ်က အင်အား အများအပြား တိုးချထား - ရုရှားရဲ့ ဗုံးကြဲတိုက်ခိုက်မှုအတွင်း ယူကရိန်း စွမ်းအင်အခြေခံအဆောက်အအုံတွေ ထပ်မံပျက်စီးခဲ့ - တရားမဝင် နိုင်ငံထဲ ဝင်လာမှု တားဆီးဖို့ အီးယူနိုင်ငံတွေမှာ ဒစ်ဂျစ်တယ် ခြေရာခံစနစ်သစ်တစ်ခု စတင်ကျင့်သုံး - တရုတ်ပို့ကုန်တွေအပေါ် အမေရိကန်က ၁၀၀ ရာခိုင်နှုန်း အခွန် ထပ်ဆောင်း ချမှတ်မယ်ဆိုတဲ့ ခြိမ်းခြောက်မှုကို တုန့်ပြန်လက်စားချေမယ်လို့ တရုတ်ပြော - ဘင်္ဂလားဒေ့ရှ်မှာ ဆေးယဉ်ပါးမှုတွေ တိုးလာနေတဲ့ တိုက်ဖွိုက်ရောဂါကနေ ကလေးငယ် သန်းပေါင်းများစွာကို ကာကွယ်ဖို့ နိုင်ငံတဝန်း ကာကွယ်ဆေး ထိုးမှုတွေ စတင်လုပ်ဆောင်

    16 min

About

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

More From BBC

You Might Also Like