Doh Athan - Our Voice

Doh Athan - Our Voice

မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.

  1. 9 Sept

    မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး Episode: 402

    "အစ်မကောင်လေးက လာပြီးပြောတယ် ငါ့ရင်ဘတ်ထိသွားပြီတဲ့၊ သူ အဲလိုပြောပြီးတော့ စက္ကန့်ပိုင်းလောက်ပဲ ကြာလိုက်တယ်။ သူ pass out ဖြစ်သွားတယ်ပေါ့နော်။ အဲမှာ တခါတည်း အသက်ပါသွားတယ်ထင်ပါတယ်..." အာဏာသိမ်းပြီးနောက်ပိုင်း မြေပြင်မှာ ကူညီကယ်ဆယ်ရေးလုပ်နေကြတဲ့ လူမှုကူညီကယ်ဆယ်ရေး သမားတွေဟာ လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုတွေအပြင် မှားယွင်းပစ်မှတ်ထား တိုက်ခိုက်ခံရမှုတွေကိုပါ ရင်ဆိုင်နေကြရပါတယ်။ ဒီတစ်ပတ်မှာတော့ အရေးပေါ်လူမှုကူညီကယ်ဆယ်ရေးသမားတွေ ကြုံတွေ့နေရတဲ့ မြေပြင် အခြေအနေတွေ၊ အခက်အခဲတွေကို တင်ဆက်ပေးသွားပါမယ်။

    မိုင်း၊ လေကြောင်း၊ ကျည်ဆန်ရန်တွေကြားက လူမှုကယ်ဆယ်ရေး Episode: 402
  2. 2 Sept

    ထောင်တံခါးအလွန် - အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ Episode:401

    “ညဘက်အိပ်တဲ့အချိန်မှာ ထောင်ထဲကသူတွေကို အိပ်မက်မက်နေတုန်း။ မျက်လုံးပွင့်လာတဲ့အချိန် အိမ်က နံရံကိုမြင်မှ ထောင်မဟုတ်ပါလား ဆိုပြီး ပြန်သတိရရတဲ့ အချိန်ပေါ့။” အမျိုးသမီး နိုင်ငံရေးအကျဉ်းသားတွေဟာ ထောင်ဒဏ်ကျခံနေရစဉ်အတွင်း ဒုက္ခပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပါတယ်။ ဒါ့အပြင် ပြန်လည်လွတ်မြောက်လာပြီးနောက်မှာလည်း ထောင်တံခါးပြင်ပမှာ သူတို့ဘဝကို ပြန်လည်အခြေချနိုင်ဖို့အရေး စိန်ခေါ်မှုအသစ် တွေကို ဆက်ပြီး ရင်ဆိုင်ကြရပါတယ်။ အကျဉ်းထောင်တွေထဲမှာ ရခဲ့တဲ့စိတ်ဒဏ်ရာတွေ၊ စိတ်ဓာတ်ကျတာတွေနဲ့ စိတ်မလုံခြုံမှုတွေကို ဆက်ပြီးခံစားနေကြရသလို တဆက်ထဲမှာလည်း ပြင်ပကမ္ဘာမှာ ဘဝရပ်တည်ရေးအတွက် အလုပ်အကိုင်ရှာဖွေဖို့အရေး ရုန်းကန်နေကြရပါတယ်။

    ထောင်တံခါးအလွန် -  အမျိုးသမီးနိုင်ကျဥ်းဟောင်းတို့၏ ရုန်းကန်ရမှုများ  Episode:401
  3. 19 Aug

    အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် Episode: 400

    ဒီတစ်ပတ်မှာတော့ 'ဒို့အသံ' ရဲ့ 400 မြောက် Episode အဖြစ် “အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန်” ဆိုတဲ့ Story Podcast ကို တင်ဆက်ပေးမှာပါ။ 'ဒို့အသံ' အနေနဲ့ Story Podcast တွေအပြင် Interview၊ Profile၊ Discussion Podcast တွေနဲ့ ရုပ်သံဗီဒီယိုတွေကိုပါ စဉ်ဆက်မပြတ် ထုတ်လွှင့်တင်ဆက်ပေးနေပါတယ်။ Episode 400 ဆိုတဲ့ ဒီခရီးရှည်ကြီးကို ရောက်ရှိအောင် အတူတူ လျှောက်လှမ်းပေးခဲ့ကြတဲ့ နားဆင်ကြည့်ရှုသူ ပရိသတ်တစ်ယောက်ချင်းစီကိုလည်း အထူးပင် ကျေးဇူးတင်ရှိပါတယ်။ “WFP တစ်ခုပဲ ရတယ်။ အဲဒီကပေးတဲ့ ဆန်လေးနဲ့ပဲ ကျွန်မတို့ အသက်ရှင်နေကြရတာ” အာဏာသိမ်းပြီးနောက် ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ထဲကို စစ်ဘေးရှောင်လာကြသူတွေဟာ WFP ရဲ့ ထောက်ပံ့မှု ကို အဓိကမှီခိုအားထား နေရပါတယ်။ ဒေသခံတွေကိုယ်တိုင် စီးပွားရေးခက်ခဲနေပြီး ရုန်းကန်နေရချိန်မှာ စစ်ဘေးရှောင်တွေအတွက် အလုပ်အကိုင်ရရှိဖို့က ပိုလို့တောင် မလွယ်ကူပါဘူး။ စစ်ဘေးရှောင် အများစုဟာ ပန်းရံ၊ မြက်ရှင်း၊ အိမ်သာကျင်းတူး စတဲ့ ကြုံရာကျပန်း အလုပ်တွေကို လုပ်ကိုင်နေကြရပြီး အဲဒီလိုအလုပ်မျိုးတောင်မှ နေ့စဉ် ပုံမှန်မရကြပါဘူး။ ဒီလို ခက်ခဲနေတဲ့ အခြေအနေမှာ WFP ရဲ့ ထောက်ပံ့မှုတွေ ရပ်နားတော့မယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာတာကြောင့် စစ်ဘေးရှောင်တွေအတွက် စိတ်ဖိစီးမှုနဲ့ စိုးရိမ်မှုတွေ ပိုမိုမြင့်တက်လာနေပါတယ်။ ဒီတစ်ပတ်မှာတော့ ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ်ကို စစ်ဘေးရှောင်လာကြသူတွေရဲ့ ရုန်းကန်လှုပ်ရှားနေရတဲ့ ဘဝတွေကို တင်ဆက်ပေးသွားမှာပါ။

    အင်းလေးက စစ်ရှောင်တွေရဲ့ မနက်ဖြန် Episode: 400
  4. 6 Aug

    Profile Podcast: ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက

    "အသိ မရှိတော့ဘူး။ နားတွေပင်း၊ မျက်စိတွေရဲသွားတယ်။ ကြောင်သွားတယ်။ ဘာကိုင်လို့ ကိုင်ရမယ်မှန်းမသိ။ အစက ကိုယ့်မိန်းမသေသွားတာတောင် မသိသေးဘူး။ နောက်တစ်ခေါက် နောက်ထပ်တစ်လုံးချဖို့ လာတော့ ပြေးရတာပဲ။ မဟုတ်ရင် ကျွန်တော်လဲ အဲ့နားမှာ သေမှာပဲ" ပြီးခဲ့တဲ့ ဇွန်လတတိယပတ်က ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အသက် (၄)နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ပြည်သူ(၈)ဦး သေဆုံးခဲ့ပြီး (၁၉) ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ အဲဒီနေ့က စစ်တပ်က ဂျက်ဖိုက်တာနှစ်စီးနဲ့ ပထမအကြိမ် ကျောက်တော်မြို့ပေါ်ရှိ အရပ်သားပြည်သူတွေနေထိုင်ရာ နေရာငါးခုကို တိုက်ခိုက်ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ လမ်းမတော်ရွာအနီးတဝိုက်ကို ပေါင် (၅၀၀) ဗုံး (၄)လုံး၊ ပေါင် (၃၀၀) ဗုံး (၁)လုံးနဲ့ Rocket သီး ၂ လုံးဖြင့် တိုက်ခိုက်ခဲ့တယ်လို့ အာရက္ခတပ်တော် AA က ထုတ်ပြန်ပါတယ်။ လူသေဆုံးမှု၊ ဒဏ်ရာရရှိမှုတွေအပြင် လူနေအိမ်နဲ့ စျေးဆိုင်ခန်းအဆောက်အအုံ (၃၀)ခန့် မီးလောင် ပျက်စီးဆုံးရှုံးခဲ့ပါတယ်။ ဒီတစ်ပတ် ဒို့အသံ ပေါ့ကတ်စ်မှာတော့ လေကြောင်းတိုက်ခိုက်မှု ကြုံတွေ့ခံစားနေရတဲ့ ပြည်သူတွေရဲ့ဒုက္ခတွေကို တစ်ဦးတည်းသောသားငယ်လေးနဲ့ ချစ်ဇနီးကို ဆုံးရှုံးခဲ့ရတဲ့ ဘုတ်မောင်းသမား ကိုစည်သူဟိန်းရဲ့ဘဝကနေတဆင့် တင်ဆက်ပေးသွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ရခိုင် #ကျောက်တော် #လေကြောင်းတိုက်ခိုက်မှု

    Profile Podcast: ရခိုင်လမ်းမတော်ရွာလေကြောင်းတိုက်ခိုက်မှုအောက် ဖခင်တစ်ဦး၏ သောက
  5. 29 Jul

    ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ Episode: 399

    “သုံးခါဖောရင် ရှောတယ်” ဒီစကားက ထောင်ထဲမှာ မကြာခဏကြားနေကြ စကားဖြစ်ပါတယ်။ ထောင်တွင်းအကျဉ်းသားအများစုဖြစ်လေ့ရှိတဲ့ ဖောချိရောဂါနဲ့ ပတ်သက်ပြီး ပြောကြတာပါ။ ဘယ်ရီဘယ်ရီလို့ခေါ်တဲ့ ဖောချိရောဂါဟာ အစာအဟာရလုံလောက်စွာ မစားရတဲ့အခါ ဗစ်တာမင် B1 ချို့တဲ့ပြီးဖြစ်ပွားတဲ့ ရောဂါတစ်မျိုးပါ။ ဖောချိရောဂါဖြစ်ပွားရင် အကျဉ်းထောင်ထဲမှာ မတ်တပ်တောင် မရပ်နိုင်တော့တဲ့အထိ ခြေထောက်တွေ အားမရှိတော့တာ၊ ခန္ဓာကိုယ်ဖောရောင်လာတာတွေရှိပြီး အိမ်သာသွားဖို့တောင် တခြားအကျဉ်းသားရဲ့ အကူအညီကို မှီခိုရပါတယ်။ ဒီရောဂါဟာ ကုသနိုင်တဲ့ရောဂါဖြစ်ပေမယ့် အချိန်မီမကုသရင် အသက်အန္တရာယ်အထိ ဖြစ်စေနိုင်ပါတယ်။ ဒီတစ်ပတ် ဒို့အသံ Podcast မှာတော့ ဖောချိရောဂါကြုံတွေခဲ့ရတဲ့ အကျဉ်းသားတွေရှိခဲ့တဲ့ အကျဉ်းထောင်ဆီခေါ်ဆောင်သွားမှာပါ။ #ဒို့အသံ #ဖရွန်တီးယားမြန်မာ #ဖောချိရောဂါ #အကျဥ်းသား #beriberi

    ဖောချိ- ထောင်နံရံနောက်က မတ်တပ်မရပ်နိုင်တော့တဲ့နေ့ Episode: 399
  6. 24 Jul

    တရားမျှတမှုမျှော်လင့်ဆဲ ကောင်းတပ်ရွာ ကြေမွသိုက်မြုံများ Episode: 398

    “အရင်တုန်းကပျော်စရာကောင်းတဲ့ ဒီပတ်ဝန်းကျင်တွေပေါ့။ အရင်လိုပျော်ပျော်ရွှင်ရွှင်နေဖို့ဆိုတာလည်း မဖြစ်နိုင်တော့ဘူး။ တချို့ကလည်းမနေချင်တော့ဘူးတဲ့၊ရွာပြောင်းမယ်၊ အဲဒီလိုမျိုးကြားရတာပေါ့နော်။” မေလ ၁ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့က ကောင်းတပ်ရွာမှာဖြစ်ခဲ့တဲ့ ပြင်းထန်တဲ့ ယမ်းသိုလှောင်ရုံပေါက်ကွဲမှုဟာ မိနစ်ပိုင်းအတွင်းမှာ တစ်ရွာလုံးကို ရွာပျက်တစ်ခုသဖွယ် ပျက်စီးစေခဲ့ပြီး လူဆယ်ချီသေဆုံးခဲ့ပါတယ်။ ပေါက်ကွဲမှုဖြစ်ရပ်ဆိုးကြီးပြီး တစ်လကျော်ကြာချိန်မှာ ပြန်လည်ထူထောင်ရေးတွေ စတင်နေပါပြီ။ ဒါပေမယ့် ဆုံးရှုံးမှုကြီးမားခဲ့တဲ့ ကျန်ရစ်သူဒေသခံတွေအတွက် အိမ်အသစ်၊ ခေါင်မိုးအသစ်တွေဟာ ပျက်စီးသွားတဲ့ လူမှုအသိုက်အဝန်းနဲ့ စိတ်ဒဏ်ရာတွေကို ပြန်ကုစားနိုင်ပါ့မလားဆိုတာ မသေချာနေပါဘူး။ ဖြစ်ရပ်ဆိုးကြီး နောက်ကွယ်က အမှန်တရားနဲ့ တရားမျှတမှုကို ဒေသခံတွေက မျှော်လင့်နေကြပါတယ်။ ရှင်သန်ကျန်ရစ်သူတွေ ပြောပြတဲ့ ကောင်းတပ်ရွာအကြောင်း ဒီတစ်ပတ်ဒို့အသံအစီအစဉ်မှာ နားဆင်နိုင်ပါပြီ။

    တရားမျှတမှုမျှော်လင့်ဆဲ ကောင်းတပ်ရွာ ကြေမွသိုက်မြုံများ Episode: 398

About

မင်္ဂလာပါ ။ Frontier Myanmar ကနေ တင်ဆက်ပေးမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ “ဒို့အသံ” Podcast အစီစဉ်ကနေ ကြိုဆိုလိုက်ပါတယ်။ ဒီအစီအစဉ်ဟာ ပြည်တွင်းရဲ့ ပထမဆုံးတင်ဆက်တဲ့ အွန်လိုင်းအသံလွှင့် အစီစဉ်တစ်ခုဖြစ်ပြီးတော့ မြန်မာတစ်နိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေနဲ့ သက်ဆိုင်တဲ့ လူ့အခွင့်ရေးအကြောင်းအရာတွေကို သိသာထင်ရှားအောင် တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ကနေ စုံစမ်းဖော်ထုတ်ထားတဲ့တင်ပြမှုတွေ နဲ့ ကျယ်ကျယ်ပြန့်ပြန့်မေးမြန်းထားတဲ့ တွေ့ဆုံမေးမြန်းမှုတွေကတဆင့် အလွယ်တကူမကြားနိုင်တဲ့ ဘက်မျှတဲ့ နိုင်ငံတွင်းက ပြည်သူ့အသံတွေကို တတ်နိုင်သမျှ ကြိုးစားတင်ပြပေးသွားမှာပါ။ ဒီအစီအစဉ်ကို Frontier Myanmarရဲ့ website နဲ့ Facebookစာမျက်နှာပေါ်မှာ အပတ်စဉ် စနေနေ့တိုင်း ဝင်ရောက်နားဆင်နိုင်မှာ ဖြစ်တဲ့အတွက် ကျွန်မတို့နဲ့ အတူတူရှိနေဖို့ ဖိတ်ခေါ်ပါရစေ။ Welcome to Doh Athan (Our Voice), an exciting new podcast from Frontier Myanmar. This online audio programme, the first of its kind in Myanmar, will help shine a spotlight on human rights issues that affect people across this beautiful country. We will leave no stone unturned in our attempts to bring unheard and moderate voices into the national dialogue through in-depth reporting and far-reaching interviews.

You Might Also Like