Z-Lann

Z-Lann

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!

  1. “ခုရေတွင်းတူး ခုရေကြည်သောက်”

    29 SEPT

    “ခုရေတွင်းတူး ခုရေကြည်သောက်”

    “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံကို သုံးပြီး လူကြီးသူမတွေ ဆုံးမစကားပြောတာကို ကြားဖူးကြမယ်လို့ ထင်ပါတယ်။ ဒီစကားပုံလေးဟာ ရေတွင်းတူးပြီးပြီးချင်း ရေကြည်ကို ချက်ချင်း သောက်ချင်သလိုမျိုးပဲ လုပ်ငန်းတစ်ခုဆောင်ရွက်ပြီးတဲ့အခါ သင့်လျော်တဲ့ကာလအထိ မစောင့်ဆိုင်းနိုင်ဘဲ ချက်ချင်းအကျိုးခံစားချင်ပုံကို ဆိုလိုတာပါ။ ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “ခုရေတွင်းတူး ခုရေကြည်သောက်” ဆိုတဲ့ စကားပုံလေးဖြစ်ပေါ်လာပုံအကြောင်းကို ပရိသတ်ကြီးအတွက် စိတ်ဝင်စားဖွယ် တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #ခုရေတွင်းတူးခုရေကြည်သောက် #Burmeseproverbs #proverbs

    5 min
  2. “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”

    27 SEPT

    “နွားပျိုသန်လှ နွားအိုပေါင်ကျိုး”

    ဒီနေ့ ဇာတ်လမ်း Z-Lann ရဲ့ “မြန်မာစကားပုံများ” အစီအစဉ်ကနေ “နွားပျိုသန်လှ နွားအိုပေါင်ကျိုး” ဆိုတဲ့ စကားပုံလေးအကြောင်းကို ပြောပြချင်ပါတယ်။ ဒီစကားပုံလေးဟာ လူငယ်တွေရဲ့ ခွန်အား၊ တက်ကြွမှုနဲ့ လူကြီးတွေရဲ့ အတွေ့အကြုံ၊ ဝါရင့်မှုတို့ကို နှိုင်းယှဉ်ပြသခြင်းပဲ ဖြစ်ပါတယ်။နွားပျိုဟာ ကိုယ်ခန္ဓာအားဖြင့် သန်မာတက်ကြွ ကြပေမယ့် အိုမင်းနေပြီဖြစ်တဲ့ နွားအိုဟာ ပေါင်ကျိုးနေရင်တောင်မှ သူ့မှာရှိတဲ့ အတွေ့အကြုံတွေကြောင့် လမ်းကြောင်းမှန်ကို သိရှိပြီး နွားပျိုထက်ပိုပြီး အသုံးဝင်နေနိုင်သေးတယ်ဆိုတဲ့ လေးနက်တဲ့ သဘောတရားကို စကားပုံလေးကနေ ပြောပြချင်တာပါ။။ ဒီစကားလေးကနေ အတွေ့အကြုံရဲ့ တန်ဖိုးကို အလေးထားဖော်ပြတာအပြင် စကားပုံလေးရဲ့ မူလရည်ရွယ်ချက်အဓိပ္ပာယ်တို့ကို အစီအစဉ်လေးကနေ ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #နွားပျိုသန်လှနွားအိုပေါင်ကျိုး #Burmeseproverbs #proverbs

    5 min
  3. "သခင်အားရ ကျွန်တန်ဝ"

    24 SEPT

    "သခင်အားရ ကျွန်တန်ဝ"

    သခင်အားရ ကျွန်တန်ဝ စကားပုံတွေဟာ စကားစုတိုလေးတွေဖြစ်ပေမယ့် နောက်ကွယ်မှာ အတွေ့အကြုံတွေ၊သင်ခန်းစာတွေ အများကြီး ပါဝင်ပါတယ်။ လူတွေဟာ နေ့စဉ်စကားပြောဆိုတဲ့အခါ ဥပမာပေးဖို့၊အကြုံပြုဖို့နဲ့ အလိမ္မာနည်းသုံးကာ သင်ခန်းစာပေးဖို့အတွက် စကားပုံတွေကို အသုံးပြုကြပါတယ်။   ဒီနေ့ပြောပြပေးချင်တဲ့ စကားပုံလေးကတော့ သခင်အားရကျွန်တန်ဝဆိုတဲ့ စကားပုံလေးပဲဖြစ်ပါတယ်။ ဒီစကားပုံလေးရဲ့ မူရင်းအဓိပ္ပါယ်နဲ့ ဖြစ်ပေါ်လာတဲ့ဇာစ်မြစ်သမိုင်းကြောင်းကို ဇာတ်လမ်း Z-Lann ရဲ့ “စကားပုံများ”အစီအစဉ်ကနေ တင်ဆက်ပေးနေပြီဖြစ်လို့ ရှုစားနားဆင်နိုင်ပါပြီ။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #သခင်အားရကျွန်တန်ဝ #Burmeseproverbs #proverbs

    7 min
  4. "ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်"

    22 SEPT

    "ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်"

    "ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက်" ဆိုတဲ့ စကားပုံကတော့ ဘယ်အလုပ်ကိုမဆို လုပ်ဆောင်တဲ့အခါမှာ အောင်မြင်ပြီးဆုံးတဲ့အထိ ရောက်အောင် လုပ်ဆောင်ဖို့ အသိပေးတဲ့ စကားပုံတစ်ခု ဖြစ်ပါတယ်။ ရေငုပ်တဲ့အခါမှာ ရေအောက်ကြမ်းပြင်က သဲပြင်ထိတိုင်အောင် ငုပ်သင့်သလို၊ သစ်ပင်တို့၊ တောင်တန်းတို့ကို တက်ရောက်တဲ့အခါမှာလည်း ထိပ်ဖျားထိရောက်အောင် တက်သင့်တယ်ဆိုပြီး ကြိုးစားအားထုတ်မှုကို အားပေးထားတဲ့ စကားပုံလေးဖြစ်ပါတယ်။ဒီစကားပုံလေးဟာ လုပ်ငန်းတစ်ခုကို စတင်တဲ့အခါ အလယ်မှာ စိတ်ဓာတ်မကျဘဲ၊ ဇွဲ၊ လုံ့လ၊ ဝီရိယနဲ့ အောင်မြင်မှုပန်းတိုင်ရောက်တဲ့အထိ လုပ်ဆောင်သင့်တယ်ဆိုတာကို အားပေးတဲ့ စကားပုံဖြစ်ပါတယ်။ ဒါဆိုရင် ဒီစကားပုံကို ဘယ်သူက စတင်ပြောခဲ့တာလဲ၊ ဘာကြောင့် ဒီစကားပုံလေး ပေါ်ပေါက်လာတာလဲဆိုတာကို ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ ကြည့်လိုက်ကြရအောင်။#ZLann #ZLann_Podcast #မြန်မာစကားပုံများ #ငုပ်မိသဲတိုင်တက်နိုင်ဖျားရောက် #Burmeseproverbs #proverbs

    5 min
  5. အသံသာရှိ အဆန်မရှိ

    21 SEPT

    အသံသာရှိ အဆန်မရှိ

    လူမျိုးတစ်မျိုးရဲ့ ဓလေ့၊ ယဉ်ကျေးမှုနဲ့ အတွေ့အကြုံတွေကို ထင်ဟပ်နေတဲ့ အမွေအနှစ်တစ်ခုကို ဖော်ပြပါဆိုရင် မြန်မာ့စကားပုံလို့ ပြောလို့ရပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် "အသံသာရှိ အဆန်မရှိ" ဆိုတဲ့ စကားပုံလေးဟာ အပြောအဆိုကောင်းပြီး ဟိတ်ဟန်များစွာနဲ့ ကြွားလုံးထုတ်နေပေမဲ့၊ တကယ်တမ်း လက်တွေ့မှာ ဘာမှ ထိထိရောက်ရောက် လုပ်ဆောင်နိုင်စွမ်းမရှိပုံကို ဖော်ပြချင်တာပဲ ဖြစ်ပါတယ်။ဒီစကားပုံလေးကို လက်တွေ့ဘဝရဲ့ ဘယ်လိုအခြေအနေမျိုးမှာ အသုံးပြုနိုင်လဲ၊ ဒီစကားပုံကနေ ဘယ်လိုသင်ခန်းစာတွေ ရရှိနိုင်လဲဆိုတာကို ပုံပြင်လေးနဲ့တကွ ဇာတ်လမ်း Z-Lann ရဲ့ "မြန်မာစကားပုံများ" အစီအစဉ်ကနေ စိတ်ဝင်စားဖွယ် ပြောပြပေးသွားမှာဖြစ်ပါတယ်။ #ZLann #ZLann_Podcast #မြန်မာစကားပုံများ #အသံသာရှိအဆန်မရှိ #Burmeseproverbs #proverbs

    6 min

About

Welcome to Z-Lann, your number one stop for quality audio stories, all in the Myanmar language. Find your latest local and international entertainment, educational and drama audio stories right here on Z-Lann!