ရာမညပြည်သူ့FM

တော်လှန်ကဗျာကဏ္ဍ - ကာရံမဲ့ ဘဝ (မင်းသုဓမ္မ)

"ကာရံမဲ့ ဘဝ"

တချို့ကျ 

ကိုယ့်အသက်ဘေးအတွက်

လွတ်မြောက်မှုကိုရှာတယ်….။

တချို့ကျ 

သူများအသက်ဘေးအတွက်

သေရဲလိုက်ကြတယ်….။

ဘယ်အသက်က 

အပိုတခုပါခဲ့ကြတာလဲ….။

တချို့ကျ 

လွတ်မြောက်ဖို့အတွက် အချုပ်ခံလိုက်ကြတယ်။

တချို့ကျ

ရှင်ဖို့ရာအတွက် အနင်းခံခဲ့လိုက်ကြတယ်

တချို့ကျ 

နေရာရဖို့ရာအတွက် ရှင်သန်နေကြတယ်တဲ့......။

ဘဝ ဘဝ 

ဘဝအဓိပ္ပါယ်က

ဘယ်တခုများလဲ…..။ 

မင်းသုဓမ္မ

12:00AM

11.8.21