ရာမညပြည်သူ့FM

Rehmonnya Pyithu FM

Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.

  1. ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၁)

    12/15/2021

    ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၁)

    ကျွန်မတိုရဲ့ ယခုပြည်ထောင်စုနိုင်ငံတော်ဟူ၍ ပေါင်းစည်းတည်ထောင်မှုမပြုရသေးခင် ရှေးယခင်ပဒေသရာဇ်ကိုလိုနီစနစ်များအတိုင်း လူမျိုးစုနိုင်ငံတော်များသည် အားကြီးရာလူမျိုးစုနိုင်ငံတော်များ၏လက်အောက်ခံဘဝသို တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ကြရပါသည်။ ခေတ်ကာလနှစ်အပိုင်းအခြားဖြင့် တင်ပြရသော် အောက်ပါလူမျိုးစုပြည်နယ်၊ ဒေသ၊ ခရိုင်၊ နိုင်ငံများသည် ဗြိတိသျှအစိုရက ဗမာပြည်မဟုခေါ်သော Ministerial Burma လက်အောက်ခံနယ်များအဖြစ်ကျရောက်ခဲ့ရသည်။ ၁။ မွန်လူမျိုးတို၏ ဩဇာအာဏာများသည် အလောင်းမင်းတရာလက်ထက် ခရစ်နှစ် ၁၅၇၅ ခုနှစ်တွင်လည်းကောင်း…….။ ၂။ ရခိုင်လူမျိုးများကို ဘိုးတော်ဘုရားက ၁၇၈၄ ခုနှစ်တွင်လည်းကောင်း အသီးသီး နယ်ချဲ့ကျူးကျော်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။ ထိုကြောင့် ဗြိတိသျှအစိုးရသည် မြန်မာနိုင်ငံကို ၁၈၈၆၊ ဇန်နဝါရီ (၁) ရက်နေ့တွေင် ဗြိတိသျှအင်ပါယာသို သွတ်သွင်းကြောင်း ကြေညာသည့်အခါ အဆိုပါ မွန်လူမျိုးတို၏ နိုင်ငံတော်၊ ရခိုင်လူမျိုးတို၏ နိုင်ငံတော်သည်လည်း Ministerial Burma ဟုခေါ်သော မြန်မာပြည်မ အဖြစ်သာ တပါတည်း ပါဝင်ခဲ့ကြရလေသည်။ ၃။ သိုသော် ချင်းလူမျိုးများကိုမူကား ဗြိတိသျှတိုသည် မြန်မာပြည်မကို သိမ်းယူနိုင်ခဲ့သည့် ၁၈၈၆ ခုနှစ်ထက် (၁၀) နှစ်နောက်ကျပြီး ၁၈၉၆ ခုနှစ်မှသာ တရားဝင်တိုက်ခိုက်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။  ၄။ ကရင်လူမျိုးများသည်လည်း ချင်းလူမျိုးကဲ့သို မြန်မာပြည််မ၏ လက်အောက်ခံအဖြစ်သိမ်းယူခဲ့ရခြင်းမဟုတ်သော်လည်း ၁၉၃၅ ခုနှစ်တွင် မြန်မာပြည်မကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီး သီးခြားဘုရင်ခံဖြင့်အုပ်ချုပ််မည့် ၁၉၃၅ ခုနှစ် အက်ဥပဒေအရ ဖွဲစည်းရမည့် ဗြိတိသျှအစိုးရ၏ အတိုင်ပင်ခံကောင်စီတွင် ကရင်လူမျိုးများ အမတ်နေရာရယူခြင်ရအားဖြင့် ကရင်လူမျိုးများ၏ စီးပွါးရေး၊ လူမှုရေး၊ ပညာရေး စသဖြင့် ပိုမိုတိုးတက်ကောင်းမွန်မည်ဟု ကြံစည်တွေးဆမိလျက် ၁၉၃၅ ခုနှစ် အက်ဥပဒေတွင် ကရင်လူမျိုးများအတွက်ပါဝင်လာရေးကြိုးပမ်းခဲ့ခြင်းမှစကာ ၁၉၄၆ ခုနှစ်တွင်ကျင်းပသော တိုင်းပြုပြည်ပြုလွှတ်တော်ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့မိရာမှ မြန်မာကြားဖြတ်အစိုးရ၏ ဝန်ကြီးများဖြစ်ကုန်၍ ၁၉၃၅ ခုနှစ်အက်ဥပဒေအရ မိမိတိုလူမျိုးစုကိုယ်စား ပင်လုံစာချုပ်တွင် လက်မှတ်ထိုးခွင့်မရဘဲ ဗိုလ်ချုပ်အောင်ဆန်းကသာ ကရင်လူမျိုးများနှင့် မြန်မာလူမျိုးများပါဝင်သော ပြည်မကိုယ်စားလှယ်အဖြစ် ပင်လုံစာချုပ်တွင် ကိုယ်စားပြုလက်မှတ်ရေးထိုးခြင်းရှိခဲ့ရသည်။  ၅။ ထိုအပြင် ကချင်နှင့် ရှမ်းလူမျိုးများသည်လည်း မြန်မာပြည်မ၏ လက်အောက်ခံနယ်များအဖြစ် ဗြိတိသျှတိုက သိမ်းပိုက်နိုင်ခဲ့ခြင်း မဟုတ်ဘဲ သီးခြားနိုင်ငံ(ဝါ) နယ်မြေများအဖြစ် သိမ်းပိုက်ရယူခဲ့ခြင်းဖြစ်သည်။  ၆။ ကရင်နီခေါ် ယခုကယားပြည်နယ်ဟု ခေါ်ဆိုနေကြသည့် ကရင်နီပြည်နယ်သည် - ၁၈၇၅ ခုနှစ်တွင် ဗြိတိသျှအစိုးရနှင့် မြန်မာဘုရင် မင်းတုန်းမင်းတိုကြား ချုပ်ဆိုသော စာချုပ်အရ ဗြိတိသျှတိုကလည်းကောင်း၊ မြန်မာမင်းတိုကလည်းကောင်း ကရင်နီလူမျိုးများ၏ လွတ်လပ်ရေးကို အသိအမှတ်ပြုကာ မည်သူကမျှ ကျူးကျော်ခြင်းမပြုဘဲ ကရင်နီပြည်ကို နှစ်နိုင်ငံကြားခံနယ်အဖြစ်ထားရန် သဘောတူစာချုပ်ချုပ်ဆိုခံခဲ့ကြရခြင်းသည်လည်း တချက်အပါအဝင်ဖြစ်သည်။ ထိုကြောင့် ကရင်နီပြည်နယ်သည် ဗြိတိသျှအပါအဝင် မည်သည့်နယ်ချဲ့ကိုလိုနီများ၏ ဩဇာခံများအဖြစ် ကျရောက်ခဲ့ခြင်းမရှိသော တခုတည်းသောပြည်နယ်ဖြစ်သည်။ သိုဖြစ်ပါ၍ ကျွန်မတို့၏ ပြည်ထောင်စုဟု ဆိုအပ်သော နိုင်ငံတော်ကြီးတည်ဆောက်ခြင်းမပြုရခင် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ ၊ ရခိုင်၊ ရှမ်းတိုသည် အထက်ဖော်ပြပါခုနှစ်များမတိုင်ခင်က မိမိတို လူမျိုးစုနိုင်ငံ၊ ပြည်နယ်၊ ဒေသများအဖြစ် တည်ရှိခဲ့ကြရာမှ ၁၉၄၇ ခုနှစ် ပင်လုံစာချုပ်ရေးထိုးသောအခါ မွန်၊ ရခိုင်၊ ကရင်၊ ဗမာတိုပါဝင်သည်ဟုဆိုအပ်သော ဗမာပြည်မ ကိုယ်စားပြု ကိုယ်စားလှယ်၊ ကချင်ကိုယ်စားပြု ကိုယ်စားလှယ်၊ ချင်းကိုယ်စားပြု ကိုယ်စားလှယ်၊ ရှမ်းကိုယ်စားပြု ကိုယ်စားလှယ် စသည်အားဖြင့် သီးခြားလွတ်လပ်ရေးရယူကာ နိုင်ငံများအဖြစ် တည်ထောင်နိုင်သည့် အခွင့်အရေးများကို လက်လွှတ်ကာ တန်းတူရည်တူရှိသည့် ပြည်နယ်များပေါင်းစည်းသည့် “ပြည်ထောင်စု နိုင်ငံတော်” အဖြစ်တည်ထောင်ရန် ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ရှမ်းပြည်နယ် ပင်လုံမြို၌ ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြလေသည်…..။ ကိုးကား -  (၁) “ပင်လုံကတိကဝတ်များ” ၊ ဒေါက်တာဆလိုင်းလျန်မှုန်းဆာခေါင်း၊ ဒီဇင်ဘာ (၁၃)၊ ၂၀၁၃

    6 min
  2. တော်လှန်ကဗျာကဏ္ဍ - အနာဂတ် တမ်းချင်း (နေမခ)

    09/30/2021

    တော်လှန်ကဗျာကဏ္ဍ - အနာဂတ် တမ်းချင်း (နေမခ)

    "အနာဂတ် တမ်းချင်း" ငါဟာ လပြည့်လကွယ်ဆိုရင်  ဒီရေ အထူးသတိထားတယ်.....။ ညအမှောင်မှာ မမြင်ရပေမယ့် မထွက်သေးတဲ့ နေမင်းကို ငါလှမ်းလို့ နှုတ်ဆက်ထားတယ်.....။ မိုးသံတွေညံလို့  ဖားတွေပျော်နေကြပြီဆို လယ်ထဲဆင်းဖို့ ထွန်တုံးပြင်ထားတယ်....။ အဲဒီလို မမြင်ရသေးပေမယ့် အဲဒီလို မတွေ့ရ သေးပေမယ့် အဲဒီလို မကြားရသေးပေမယ့် တစ်ခုသော တစ်နေ့အတွက် ငါဟာ ပျော်နေတယ် ငါဟာ ဝမ်းသာနေတယ် ငါဟာ မှန်းရည်ကြိုးစားနေတယ်။ ဒါတွေဟာ ဘယ်ဘုရားကမှ ပေးတာမဟုတ် ဒါဟာ ဘယ်သူကမှ တိုက်တွန်းနှိုးဆော်လို့ မဟုတ် ဒါဟာ ဘယ်သူ့ပယောဂကြောင့်မှ မဟုတ်…. ငါတို့ရဲ့ စိတ်ဝိဉာဉ် ငါတို့ရဲ့ ယုံကြည်ချက် ငါတို့ရဲ့ လုံ့လဇွဲနပဲတွေကပေးတဲ့ တော်လှန်ရေး တပ်လှန့်သံ တော်လှန်ရေး စစ်ချီသံ တော်လှန်ရေး သန္နိဒ္ဒါန် တော်လှန်ရေး အောင်ပွဲရဲ့ ကြွေးကြော်သံ ဒါဟာ ငါတို့ရဲ့ အနာဂတ်တမ်းချင်းပဲ…….။ #နေမခ

    1 min
  3. တော်လှန်ကဗျာကဏ္ဍ - ညည အိပ်ပျော်ပါစေ (နွေဦးတိမ်)

    09/13/2021

    တော်လှန်ကဗျာကဏ္ဍ - ညည အိပ်ပျော်ပါစေ (နွေဦးတိမ်)

    ‘’ညညအိပ်ပျော်ပါစေ’’ ငါတို့အနာဂတ်တွေပျောက် အာဏာရူးက လုတာခံလိုက်ရတယ် တရားတာ မတရားတာ မစဉ်းစား ပိုနေမြဲ ကျားနေမြဲ အာဏာရူးနေမှုက အခုထိကြီးစိုးနေဆဲ......။ လမ်းမထက်မှာ တင့်ကားတလူလူ အဲဒါငါတိုချွေးနှဲစာနဲ့  ခင်းထားတဲ့လမ်း မင်းတို သွေးရူးသွေးတမ်း လျှောက်မောင်းစမ်းနေဖို့ မဟုတ်ဘူး.....။ ကုတင်ပေါ်မှာ လူနာတွေ ပုခက်ထဲက ကလေးတွေ ကိုယ်လေးလက်ဝန် ပြည်သူတွေ မြေးမမြင်ဖူးသေးတဲ့ ရွယ်အိုတွေ ဘယ်သူတွေကို မင်းတို့ထောက်ခဲ့သလဲ...။ ထောက်ချင် ထောက်  သေနတ်နဲ့ ထောက်မပေါ့။ ဖောက်ချင် ဖောက် ဗျောက်မကတဲ့ အမြှောက်တွေ ဖောက်ကြမပေါ့...။ မှောက်ချင် မှောက်  အာဏာရူးတွေအောက်  မင်းတို့ခေါင်းတွေ မှောက်ပေးခဲ့ကြမပေါ့။ မင်းတို့ လက်ကွေးတတ်ဖို့  ငါတို့ပြည်သူတွေ မွေးထုတ်ထားပေးတာ မင်းတို့အထက် အပွင့်တွေဝေဖို့ ငါတို့ အနာဂတ်တွေ ထိုးကျွေးခံထားရတာ မင်းတို့လှမ်းတဲ့ ခြေလမ်းတိုင်းအတွက် ငါတို့ အခွန်တွေ ထမ်းပေးထားခဲ့ရတာ....။ တာဝန်ကို ဦးထိပ်ပန်ဆင် နိုင်ငံ့ဂုဏ်ကို မြှင့်မတဲ့လား အမိန့်ကို လိုသလိုဆင် ပြည်သူကို နင်းချေဖို့ပြင်ပြီး အာဏာကို လိုချင်တဲ့သူအတွက် ပြည်သူတွေကို ဘေးချ အာဏာရူးကို ဖေးမနေသရွေ့ကတော့ နိုင်ငံ့ဂုဏ်မပြောနဲ့ ပုံပြင်တစ်ပုဒ်တောင် မမျှော်နဲ့....။ စစ်သည်ကို မြတ်နိုးလိုဆိုဆို တိုင်းပြည်ကို ကာကွယ်ဖို့ဆိုဆို တာဝန်ကို အပိုလိုမဆိုချင်ပေမယ့် မင်းတို့အသိတရား မပျက်သွားဖို့ လိုတယ်...။ သွေးလေတွေ ခြောက်ခြား အာဏာရူးအနား ကပ်ပါးပြီး မတရားအမိန့်ကို ဦးတော်တင် အသိဉာဏ်ကို ခြေတော်ထား တိုင်းပြည်ကို ဖျက်မယ့်ဟန်ဆင်ရင်တော့ လက်နက်မရှိတဲ့ ငါတို့ပြည်သူတွေ မင်းတို့အတွက်  ဆုတစ်ခုတောင်းပေးလိုက်မယ် ညည အိပ်ပျော်ပါစေ.....။ နွေဦးတိမ် ၂.၂.၂၀၂၁

    2 min
  4. တော်လှန်ကဗျာကဏ္ဍ - ဝိုင်းကူတွန်းကြမယ်လေ (Myo Min)

    09/13/2021

    တော်လှန်ကဗျာကဏ္ဍ - ဝိုင်းကူတွန်းကြမယ်လေ (Myo Min)

    "ဝိုင်းကူ တွန်းကြမယ်လေ" သူငယ်ချင်းရေ မင်းဟာ ကရင် ငါ ကချင်ဖြစ်လို့ ရင်ဘတ်ချင်း မတူရဘူးလား။ သူငယ်ချင်းရေ မင်းဟာ ရခိုင် ငါ ကယားဖြစ်လို့ အမှားက အမှန်ဖြစ်ရတာလား။ သူငယ်ချင်းရေ မင်းဟာ ချင်း ငါ ရှမ်းဖြစ်လို့ ပန်းရနံ့က ယမ်းနံ့သင်းရတာလား။ သူငယ်ချင်းရေ မင်းဟာ ဗမာ ငါ မွန်ဖြစ်လို့ ခွေးဆိုးခွေးစစ်တွေကို ချစ်တတ်ရမှာလား။ သူငယ်ချင်းရေ မင်းဟာ ကုလားဖြစ်လို့ မင်းဟာ တရုတ်ဖြစ်လို့ မင်းဟာ လူမည်းဖြစ်လို့ မင်းဟာ လူဖြူဖြစ်လို့ မတူတာက အပြစ်လား။ သူငယ်ချင်းရေ လောကမှာ  လူလာဖြစ်တာမို့ မတူတာ အပစ်မဟုတ် မင်းဆိုးမင်းညစ် ခွေးဆိုး ခွေးစစ်ကို နှစ်သက်လျှင်တော့ သူငယ်ချင်းရေ မင်း...လူမဟုတ်။ သူငယ်ချင်းရေ ရှေ့မှာ...ခွေးဆိုး ခွေးစစ်တွေ တို့ကလေးရဲ့အနာဂတ်ကို နင်းဖျက်နေကြပေ...။ တို့ကလေး အနာဂတ် ခရီးဆက်ဖို့ တစ်ယောက်တစ်လက် ဝိုင်းကူ တွန်းကြမယ်လေ။ Myo Min 28.6.21 12:53AM(Monday)

    2 min
  5. တော်လှန်ကဗျာကဏ္ဍ - ငါတို့အိမ် ငါတို့မြို့ ငါတို့တိုင်းပြည် (မင်းမွန်ဆောင်း)

    09/08/2021

    တော်လှန်ကဗျာကဏ္ဍ - ငါတို့အိမ် ငါတို့မြို့ ငါတို့တိုင်းပြည် (မင်းမွန်ဆောင်း)

    "ငါတို့အိမ်၊ ငါတို့မြို့၊ ငါတို့တိုင်းပြည်" လမ်းမကြီးထက်က မခြောက်သေးသော သွေးကွက်တွေ၊ သံတိုင်တွေနောက်က အချုပ်နှောင်ခံ ဘဝတွေ၊ လျှောက်ခဲ့တဲ့လမ်းတွေဟာ မဖြောင့်တန်း လျှောက်ကြတဲ့လမ်းတွေဟာ ကြမ်းတယ်။ နွေးထွေးတဲ့မြို့ကလေးကနေ ထွက်လာခဲ့ကြရ၊ နွေးထွေးတဲ့အိမ်ကလေးကနေ ခဏတာစွန့်ခွာခဲ့ကြရ၊ ယုံကြည်ချက်နဲ့ ယုံကြည်မှုပြင်းထန်ခြင်းက ငါတို့တော်လှန်ရေးရဲ့ အောင်နိုင်ခြင်းပဲ။ သွေးစိမ်းရှင်ရှင်ထွက်နေတဲ့ တိုင်းပြည်ရဲ့ဒဏ်ရာကိုကုသဖို့၊ နာတာရှည်ရောဂါလိုစွဲကပ်နေတဲ့ အာဏာရှင်စနစ်ဆိုးကိုအမြစ်ဖျက်ဖို့၊ ကောင်းကင်ယံအထိ ငါတို့ပျံသန်းလာခဲ့တယ်။ အာဏာရှင်တွေရဲ့နေဝင်ချိန် ငါတို့အတွက်တော့ အရုဏ်ဦးပဲ၊ ကျေးငှက်လေးတွေရဲ့ အော်မြည်သံတွေနဲ့အတူ တိုင်းပြည်သစ်တစ်ခုကိုတည်ထောင်မယ်၊ နွေးထွေးတဲ့ငါတို့မြို့လေးနဲ့ ငါတို့အိမ်ကိုပြန်မယ်။ -မင်းမွန်ဆောင်း

    1 min
  6. ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၅)

    09/06/2021

    ဖက်ဒရယ်ပြည်ထောင်စုဆီသို့ (ဆောင်းပါး) အပိုင်း(၅)

    ၁၉၄၇ခုနှစ် ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်ခေါင်းဆောင်များသည် ပင်လုံသို့အလာ ကွတ်ခိုင်မြို့၊နမ့်ဖတ်ရွာတွင် ဦးစွာစုဆုံမိကြပြီး အောက်ပါသဘောတူညီချက်များကို ဆွေးနွေးဖြစ်ခဲ့ကြသည်။ (၁)ကချင်အမျိုးသားများအား ဗမာအမျိုးသားတွေနဲ့ တပြိုင်တည်းလွတ်လပ်ရေးပေးရန် (၂)ကချင်အမျိုးသားများရဲ့ ဆန္ဒနဲ့အညီ ကချင်သီးခြားလွတ်လပ်တဲ့နိုင်ငံထူထောင်ရန်အတွက် ကချင်အမျိုးသားပြည်နယ်ဖွဲစည်းရန်။ (၃) လွတ်လပ်တဲ့သီးခြားကချင်နိုင်ငံထဲမှာ ဗန်းမော်ခရိုင်နဲ့မြစ်ကြီးနားခရိုင်များ၊ကချင်တောင်တန်းဒေသများနဲ့ ကသာမြို့ရဲ့မြောက်ဘက်မြေပြန့်ဒေသများ ပါဝင်စေရန်။ (၄)ဗမာအမျိုးသားများနဲ့ကချင်အမျိုးသားများ နှစ်ဦးနှစ်ဘက်လက်ခံနိုင်တဲ့ နယ်နိမိတ်ချက်ချင်းသတ်မှတ်ရန်။ (၅) နယ်နိမိတ်သတ်မှတ်ပြီးပြီးချင်း ဗမာပြည်ဘုရင်ခံလက်တွင်ရှိတဲ့အခွင့်အာဏာများ၊ကချင်အမျိုးသားများလက်သို့ပေးအပ်ရန်နဲ့ ဗမာပြည်ကြားဖြတ်အစိုးရအဖွဲ့မှာ ကချင်အမျိုးသားဝန်ကြီးတဦးခန့်အပ်ရန်၊(၅-က)ယင်းကချင်ဝန်ကြီးသည် သီးခြားကချင်ပြည်နယ်တွင် ပြည်ထဲရေးဝန်ကြီးဆောင်ရွက်ရန်၊(၅-ခ)ကချင်ဝန်ကြီးမှာ နိုင်ငံခြားရေးနှင့်ဘဏ္ဍာရေးကိစ္စရပ်များတွင် ပါဝင်နိုင်ရန်(၅-ဂ) ကာကွယ်ရေးဝန်ကြီးကိုအကြံပေးရန်အတွက် ကချင်အမျိုးသားတဦး ခန့်ထားပေးရန်(၆) သီးခြားကချင်ပြည်နယ်သည် ရှမ်းသီးခြားပြည်နယ်နဲ့အတူ ဗမာတနိုင်ငံလုံး စောလျင်စွာလွတ်လပ်ရေးရရှိရေးအတွက် တိုင်းပြုပြည်ပြုလွှတ်တော်မှာချက်ချင်းပါဝင်ကြရန်(၇) အထက်မှာဖော်ပြထားတဲ့အတိုင်း ဗမာအမျိုးသားအားလုံးလွတ်လပ်ရေးရသည့်အခါ သီးခြားလွတ်လပ်တဲ့ကချင်နိုင်ငံအပါအဝင် လွတ်လပ်တဲ့ဗမာပြည်ပြည်ထောင်စုအစိုးရဖွဲစည်းရန်။ ခြင်းချက်အနေဖြင့် (က)သီးခြားကချင်နိုင်ငံက ပြည်ထောင်စုအတွင်း ပါဝင်မည်၊မပါဝင်မည်ကို သီခြားကချင်နိုင်ငံရဲ့ ပြည်သူလူထုကသာ ဆုံးဖြတ်ရမည်။ (ခ)ပြည်ထောင်စုဖွဲစည်းပြီးသည့်နောက်တွင် ကချင်အမျိုးသားများသည် လွတ်လပ်စွာခွဲထွက်ခွင့်ရှိရမည်။(ဂ)ဗမာနိုင်ငံဗဟိုအစိုးရက ကချင်ပြည်နယ်ပြန်လည်ထူထောင်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာရေးအထောက်အပံ့ပေးရမည်။အထက်ပါဆုံးဖြတ်ချက်များကို နယ်ခြားဒေသလူမျိုးများအားလုံး၏ သဘောတူညီမှုကိုရယူရန် စသည့်အချက်တို့ကို သဘောတူဆွေးနွေးညှိနှိုင်းခဲ့ကြလေသည်။ ထိုသို့ဖေဖော်ဝါရီ(၁)ရက်နေ့တွင် ကချင်ကိုယ်စားလှယ်များဆွေးနွေးပြီး၍ ဖေဖော်ဝါရီ(၆)ရက်နေ့ရောက်သောအခါ ပင်လုံမြို့၌ ရှမ်းစော်ဘွားကိုယ်စားလှယ်များ၊ရှမ်းလူထုကိုယ်စားလှယ်များ၊ကချင်ခေါင်းဆောင်များပါဝင်သော အစည်းအဝေးတခုပြုလုပ်ကာ အောက်ပါအတိုင်း ဆုံးဖြတ်ခဲ့ကြသည်။(၁)၁၉၄၇ခုနှစ်၊ ဖေဖော်ဝါရီ(၃)ရက်မှ (၁၃)ရက်အထိကျင်းပသော ဒုတိယပင်လုံညီလာခံတွင် နယ်စပ်ဒေသခေါင်းဆောင်များသည် အနာဂတ်ပြည်ထောင်စုတည်ထောင်ရေးနှင့်ပတ်သက်၍ တိုင်းပြုပြည်ပြုလွှတ်တော်သို့ တက်ရောက်ရန် သဘောတူကြသည်။(၂)ရှမ်းနဲ့ကချင်ကော်မတီက ဗမာပြည်မနှင့်ပူးပေါင်းဆောင်ရွက်ခြင်းအားဖြင့် ဆောလျင်စွာလွတ်လပ်ရေးရမည်ကို ယုံကြည်သည့်အလျောက် ဗမာပြည်မအစိုးရအမှုဆောင်ကောင်စီတွင် ပါဝင်ဆောင်ရွက်နိုင်ရန်အတွက် မိမိတို့လူမျိုးအသီးသီးကိုယ်စားလှယ်များကို အောက်ပါအချက်အလက်များအရ ပို့လွှတ်မည်။(က)ဗမာတို့နှင့်အဆင့်အတန်းတူ၊ အခွင့်အရေးတူ၊ ရပိုင်ခွင့်တူ၊ ဒီမိုကရေစီကျကျခံစားခွင့်ရှိရမည်။(ခ)အမှုဆောင်ကော်မတီတွင် ပါဝင်ဆောင်ရွက်နေကြသော ရှမ်းနှင့် ကချင်ကိုယ်စားလှယ်တို့သည် မိမိတို့လူမျိုးအသီးသီး၏ ပြည်တွင်းရေးရာအားလုံးအတွက် တာဝန်ယူဆောင်ရွက်ရမည်။ထို့အပြင် ကာကွယ်ရေး၊နိုင်ငံခြားရေး၊မီးရထား၊အကောက်ခွန်အစရှိသော အားလုံးနှင့်သက်ဆိုင်သည့်ကိစ္စများအတွက် အားလုံးစုပေါင်းတာဝန်ယူဆောင်ရွက်ကြရမည်။(ဂ)ကချင်တို့က သီးခြားကချင်ပြည်အလိုရှိကြောင်း တောင်းဆိုချက်ကို ဤကော်မတီက ထောက်ခံသည်။(ဃ)ဗမာပြည်အစိုးရနှင့် ဗြိတိသျှအစိုးရ၏ အောင်ဆန်း-အက်တလီစာချုပ် သဘောတူညီချက်များသည် ရှမ်း၊ကချင်တို့နှင့်ပတ်သက်ခြင်း မရှိစေရ။(င)လွတ်လပ်ရေး ရပြီးသည့်နောက် "ဗမာပြည်ထောင်စု” မှ ရှမ်းနဲ့ကချင်တို့သဘောကျသည့်အချိန်တွင် ခွဲထွက်လိုက ခွဲထွက်ခွင့် ရှိစေမည်တို့ကိုသဘောတူဆုံးဖြတ်ခဲ့ကြလေသည်။ထိုဆုံးဖြတ်ချက်ကို ဖေဖော်ဝါရီ(၇)ရက်တွင် ထပ်မံရောက်ရှိလာသောချင်းကိုယ်စားလှယ်များပါဝင်သည့် နယ်စပ်ဒေသကိုယ်စားလှယ်စုံညီအစည်းအဝေးမှ အောက်ပါအတိုင်း ထပ်မံအတည်ပြုသည်။ (က)ဗဟိုအခွန်ငွေကိစ္စနှင့်ပတ်သက်၍ ရှမ်းတို့ခံစားရသောအခွ

    8 min

Ratings & Reviews

5
out of 5
2 Ratings

About

Students fighting against dictatorship in Mon State will be able to present the radio program in sections. There are voices from four different ethnicities, namely Pa - O, Karen, Mon and Burmese lived in Mon State.