Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

  1. 4d ago

    “ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား

    “ ငြိမ်းချမ်းရေးနေ့” ရဲ့ ရည်ရွယ်ချက်တွေ လက်တွေ့မှာ ဖောက်ပျက်နေပြီလား “ငြိမ်းချမ်းရေး”ဆိုတဲ့ စကားလုံးက ပြောဆိုရလွယ်ကူပေမယ့် တကယ်လက်တွေ့မှာ ဖော်ဆောင်ဖို့၊ လိုက်နာဖို့ ငြိမ်းချမ်းရေး အနှစ်သာရ ကို ခံစားရဖို့ဆိုတာ ခက်ခဲလှပါတယ်။ “ နိုင်ငံတကာ ငြိမ်းချမ်းရေးနေ့” အတွက်ဆောင်ပုဒ်ကတော့ “Investing in Peace: For Everyone, Everywhere,Every Day”-“ လူတိုင်းအတွက်၊ နေရာတိုင်း၊ နေ့စဉ်နေတိုင်း ငြိမ်းချမ်းရေးအတွက် ရင်းနှီးမြှုပ်နှံစို့” ဆိုတာပါပဲ။ မြန်မာတဝှမ်းမှာ ပြည်တွင်းစစ်ရေး ပဋိပက္ခဖြစ်ပွားလာခဲ့တာ နှစ် ၇၀ကျော်ခဲ့ပြီး လက်ရှိဆိုရင် စစ်ရေးပဋိပက္ခတွေဟာ တစ်စထက် တစ်စပိုပြီးကျယ်ပြန့်လာပြီး စစ်ဘောင်ကျယ်လာကာ “စစ်ဝါဒီ” ပိုလွှမ်းမိုးလာနေတယ်လို့ ဆိုရမယ်လို့ထင်ပါတယ်။ ဒီလိုဖြစ်ရက်တွေဟာ မြန်မာနိုင်ငံတခုတည်းမဟုတ်ပါဘူး။ ကမ္ဘာကြီးဟာ ငြိမ်းချမ်းရေးကို လိုလားနေကြပေမယ့် တကယ်လက်တွေ့မှာတော့ နိုင်ငံအချင်းချင်းကြား တင်းမာမှုတွေ၊ နယ်မြေပြိုင်ဆိုင်မှု အငြင်းပွားမှုတွေ နဲ့ စစ်ရေးပဋိပက္ခတွေ ဆက်လက်ဖြစ်ပွားနေဆဲပါ။

  2. Oct 19

    ရပ်ရွာဓလေ့ထုံးတမ်းအောက်က အကာအကွယ်မဲ့ မိန်းကလေးများ

    ရပ်ရွာဓလေ့ထုံးတမ်းအောက်က အကာအကွယ်မဲ့ မိန်းကလေးများ “ကျူးလွန်ခံရတဲ့ မိန်းကလေးဘက်က အပြောပဲရှိတယ်၊ သက်သေလည်း မရှိဘူး။ အဲဒီတော့ နှစ်ဖက်စလုံး ပြေလည်သွား‌အောင် ကျေအေးပေးလိုက်ပါဆိုပြီး လူကြီးတွေက ဆုံးဖြတ်လိုက်တာ” ဒီစကားကတော့ အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံရတယ်လို့ စွပ်စွဲထားတဲ့ အမှုမှာ လိုက်ပါကူညီပေးနေတဲ့ နန်းဟွမ်ထံ စိတ်ပျက်လက်ပျက် ပြောပြလာတဲ့ စကားပဲဖြစ်ပါတယ်။ သျှမ်းပြည်မြောက်ပိုင်း သီပေါမြို့နယ် ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ ဇွန်လတုန်းက အသက် ၁၁ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး မုဒိမ်းကျင့်ခံခဲ့ရတယ်လို့ ထွက်ဆိုခဲ့ပါတယ်။

  3. Oct 12

    “နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ

    “နင့်ကို ငါမုန်းတယ်” — ဘယ်အချိန်မှာ စကားတခွန်းက အမုန်းစကား ဖြစ်လာသလဲ “နင့်ကို ငါမုန်းတယ်…” ညသန်းခေါင်ယံအချိန်တွင် ရည်းစားဟောင်းထံမှ ရောက်လာသည့် မက်ဆေ့ချ်တစ်စောင်။ စာကို ဖတ်လိုက်သည်နှင့် နှလုံးသားထဲမှ တစ်စုံတစ်ရာ ကြေကွဲသွားသလို ခံစားရသည်။ တစ်ချိန်က ချစ်ခြင်းမေတ္တာများဖြင့် ပြည့်နှက်ခဲ့ဖူးသည့် လူတစ်ယောက်ထံမှ “မုန်းတယ်” ဆိုသည့် စကားလုံးသည် နာကျင်စေနိုင်သည်။ ဒေါသထွက်စေနိုင်သလို ဝမ်းနည်းစေနိုင်သည်။ သို့သော် ထိုနေရာတွင် မေးခွန်းတစ်ခု ပေါ်လာသည်။ “နင့်ကို ငါမုန်းတယ်” ဆိုသည့် စာကြောင်းကို အမုန်းစကား (Hate Speech) ဟု သတ်မှတ်နိုင်ပါသလား။ အမုန်းစကားဆိုတာ ဘာလဲ

  4. Aug 24

    တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

    တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန် သျှမ်းသံတော်ဆင့် ၊၂၀၂၆ ဩဂုတ် ၂၃ လူတော်တော်များများက ကြောင်တွေကို အေးစက်စက်နိုင်တယ်လို့ ထင်ကြပေမဲ့ ၂၀၁၉ ခုနှစ်က Oregon State University ရဲ့ လေ့လာမှုအရ ကြောင်တွေဟာ သူတို့ပိုင်ရှင်တွေအပေါ် တကယ်ပဲ သံယောဇဉ်တွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် ထိုင်းနိုင်ငံရဲ့ မြို့ပြနေထိုင်မှုပုံစံမှာ အိုက်တမ်တို့လို ကြောင်လေးတွေဟာ ကလေးငယ်တွေရဲ့ နေရာကို အစားထိုး နေရာယူလာကြပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာရဲ့ အဆိုအရ ကလေးမွေးဖွားနှုန်းဟာ စံချိန်တင် ကျဆင်းနေပြီး၊ Deloitte ရဲ့ စစ်တမ်းတွေအရ Gen Z နဲ့ Millennials လူငယ်တွေဟာ စီးပွားရေးဖိအား တွေကြောင့် မိသားစုထူထောင်ဖို့ထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပဲ ပိုမိုအားကိုးလာကြတာပါ။

  5. Aug 17

    တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

    တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် “တအာင်းပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က ၎င်းတို့ စစ်တပ်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။ အဆိုပါ တုံ့ပြန်ချက်သည် တရားဥပဒေကြောင်းအရ လမ်းကြောင်းတခု ပေးလိုက်သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာ တမြင်ဖုံးကွယ်ထားသော စနစ်ဆိုင်ရာ ထောင်ချောက်တစ်ခုဖြစ်သည်။

About

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.