Shan Herald Agency for News (Burmese Edition)

Shan Herald Agency for News (Burmese Edition)

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.

  1. Aug 24

    တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန်

    တုက္ကစီဒိုသခင်လေးနဲ့ ခေတ်သစ်မြို့ပြလူတွေရဲ့ အဖော်မွန် သျှမ်းသံတော်ဆင့် ၊၂၀၂၆ ဩဂုတ် ၂၃ လူတော်တော်များများက ကြောင်တွေကို အေးစက်စက်နိုင်တယ်လို့ ထင်ကြပေမဲ့ ၂၀၁၉ ခုနှစ်က Oregon State University ရဲ့ လေ့လာမှုအရ ကြောင်တွေဟာ သူတို့ပိုင်ရှင်တွေအပေါ် တကယ်ပဲ သံယောဇဉ်တွယ်တာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီနေ့ခေတ် ထိုင်းနိုင်ငံရဲ့ မြို့ပြနေထိုင်မှုပုံစံမှာ အိုက်တမ်တို့လို ကြောင်လေးတွေဟာ ကလေးငယ်တွေရဲ့ နေရာကို အစားထိုး နေရာယူလာကြပါတယ်။ ဘန်ကောက်ပို့စ် သတင်းစာရဲ့ အဆိုအရ ကလေးမွေးဖွားနှုန်းဟာ စံချိန်တင် ကျဆင်းနေပြီး၊ Deloitte ရဲ့ စစ်တမ်းတွေအရ Gen Z နဲ့ Millennials လူငယ်တွေဟာ စီးပွားရေးဖိအား တွေကြောင့် မိသားစုထူထောင်ဖို့ထက် အိမ်မွေးတိရစ္ဆာန်လေးတွေကိုပဲ ပိုမိုအားကိုးလာကြတာပါ။

  2. Aug 17

    တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ

    တအာင်းပြည် မျှော်လင့်ချက်ကို တားဆီးထားသည့်၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၁၆ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် အာဏာသိမ်းစစ်အစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) တို့အကြား ဇူလိုင် ၁၉ရက်တွင် နေပြည်တော်၌ ထူးခြားသည့် သံတမန်ရေးရာ တွေ့ဆုံဆွေးနွေးမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။ ထိုတွေ့ဆုံပွဲအတွင်း TNLA က လက်ရှိ ၎င်းတို့ထိန်းချုပ်ထားသော နယ်မြေများကို တရားဝင် အသိအမှတ်ပြုသည့် “တအာင်းပြည်နယ်” အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုခဲ့သည်။ ထိုတောင်းဆိုချက်အပေါ် NSPNC က ၎င်းတို့ စစ်တပ်ကိုယ်တိုင် ရေးဆွဲခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှ လုပ်ထုံးလုပ်နည်းများအတိုင်း ဆောင်ရွက်နိုင်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့သည်။ အဆိုပါ တုံ့ပြန်ချက်သည် တရားဥပဒေကြောင်းအရ လမ်းကြောင်းတခု ပေးလိုက်သည်ဟု ထင်ရသော်လည်း၊ အမှန်တကယ်မှာ တမြင်ဖုံးကွယ်ထားသော စနစ်ဆိုင်ရာ ထောင်ချောက်တစ်ခုဖြစ်သည်။

  3. Aug 10

    “ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့”

    “ချိန်းဆောသံတွေ တိတ်လာတဲ့ ကလောမြို့” သျှမ်းသံတော်ဆင့် ၊ ၂၀၂၆ ဩဂုတ် ၈ ကလောမြို့လေးဟာ တောင်တန်းတွေ၊ ထင်းရှူးတောတွေနဲ့ စိမ်းစိုပြီး အရမ်းကို လှပတဲ့ မြို့လေးတစ်မြို့ပါ။ ဒါပေမဲ့ မိုးရာသီရောက်ပြီဆိုရင်တော့ မြို့ခံအချို့ဟာ ရေဘေးအန္တရာယ်ကို နေ့စဉ်နဲ့အမျှ စိုးရိမ်သောကရောက်နေကြရပါတယ်။ အားလုံးပဲမင်္ဂလာပါ။ သျှမ်းသံတော်ဆင့်မှ ထုတ်လွှင့်ပေးနေတဲ့ Podcast မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ ဒီတပတ်အတွင်း Podcast မှာတော့ ချိန်းဆောသံတွေတိတ်လာတဲ့ ကလောမြို့” ဆိုတဲ့ ဆောင်းပါးကိုလာရောက်တင်ဆက်ပေးသွားပါမယ်။ ဒီဆောင်းပါးကို သျှမ်းသံတော်ဆင့်မှ ဇူလိုင်လအတွင်း ထုတ်လွှင်ခဲ့တာဖြစ်ပါတယ်။

About

The Shan Herald Agency for News (Burmese Edition) is a private, nonprofit, multi-media organization that was established in Shan State in 1991.