Change The Map | မြေပုံကိုပြောင်းလဲပါ | အပတ်စဉ်ဆုတောင်း

Change The Map - Myanmar

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။   ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။   ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။ 

  1. 1d ago

    ဧဝံဂေလိမရောက်ဖူးသေးသော မြို့ရွာများ

    ဧဝံဂေလိမရောက်ဖူးသေးသောမြို့ရွာများ ၁။ကောင်းသောမြေ- ဗုဒ္ဓဘာသာကမ္ဘာတစ်ဝှမ်းရှိ မြို့ရွာများသည် ဧဝံဂေလိတရားအတွက် ကောင်းသောမြေဖြစ်ရန်၊ ယေရှု၏တရားဒေသနာတော်ကိုခံယူရန်နှင့် ရေရှည်တည်တံ့သောအသီးအပွင့်များရရှိရန် ဆုတောင်းပါ။ (ယေဇကျေလ ၁၇:၈) ၂။ဝိညာဉ်တော်ဦးဆောင်ခြင်းကိုဝန်ခံသောဟောပြောမည့်သူများ- ပြည်တွင်းရှိ ယုံကြည်သူများနှင့် နိုင်ငံခြားသာသနာပြုများအတွက် သန့်ရှင်းသောဝိညာဉ်တော်၏ လမ်းညွှန်မှုဖြင့် မှန်ကန်သောနေရာများနှင့် လူများဆီသို့၊ ဘုရားသခင်၏နည်းလမ်းအတိုင်း ဧဝံဂေလိတရားကို ကြေငြာရန် ဆုတောင်းပါ။ (တမန်တော် ၁၆:၆-၁၀) ၃။အဆင်သင့်ရှိသောနှလုံးသားများ- ဘုရားသခင်၏နှုတ်ကပတ်တော်ကို ပွင့်ပွင့်လင်းလင်း၊ လိုလားသော နှလုံးသားများဖြင့် လက်ခံကြရန် ပထမဆုံးအကြိမ် ဧဝံဂေလိတရားကို ကြားနာမည့်သူများ အတွက် ဆုတောင်းပါ။ (လု ၈:၁၅)

  2. Oct 4

    ဗုဒ္ဓဘာသာလောကရှိ လက်ရှိသာသနာပြုများအတွက် ဆုတောင်းချက်

    ဗုဒ္ဓဘာသာလောကရှိလက်ရှိသာသနာပြုများအတွက်ဆုတောင်းချက် ၁။ဘိသိက်နှင့်ပြည့်သောကြွေးကြော်ခြင်းများ- ဗုဒ္ဓဘာသာဝင်လူမျိုးများကြားတွင် အမှုထမ်းနေသော ကမ္ဘာလုံးဆိုင်ရာနှင့် ဒေသခံလုပ်သားများသည် ဧဝံဂေလိတရားကို သန့်ရှင်းသောဝိညာဉ်တော် ဘိသိက်ခြင်းနှင့် မျှဝေရန် ဆုတောင်းပါ။ (၁ ကောရိန္သု ၂:၄–၅) ၂။အောင်မြင်မှု- ဧဝံဂေလိတရားအတွက် တံခါးများပွင့်ပြီး သာသနာပြုများ အမှုတော်ထမ်းဆောင်ခဲ့သည့်နေရာများတွင် ဝိညာဉ်ရေးရာ အောင်မြင်မှုများ ယူဆောင်လာရန် ဘုရားသခင်ထံ ဆုတောင်းပါ။ (ကောလောသဲ ၄:၃–၄) ၃။ခံနိုင်ရည်- ဗုဒ္ဓဘာသာဝင်လူမျိုးများကြားတွင် သစ္စာရှိပြီး ဇွဲရှိရှိရှိနေရန် သာသနာပြုများအတွက် ဆုတောင်းပါ။ (ဂလာတိ ၆:၉)

  3. Sep 27

    မယုံကြည်သူများထံ ဘုရားသခင်သည် သူ၏ဖြစ်ခြင်းကို ပြသရန် ဆုတောင်းချက်များ

    မယုံကြည်သူများထံဘုရားသခင်သည်သူ၏ဖြစ်ခြင်းကိုပြသရန်ဆုတောင်းချက်များ ၁။ရှာဖွေသူများ- အမှန်တရားကို ရှာဖွေနေကြသော ဗုဒ္ဓဘာသာလောကရှိ လူများသည် ဘုရားသခင်ကို ယုံကြည်ခြင်းဖြင့် ရှာဖွေကာ ကိုယ်တော်သည် အမှန်တကယ် သူတို့အနီးတွင်ရှိကြောင်းကို သိရှိနိုင်ရန် ဆုတောင်းပါ။ (ဟေဗြဲ ၁၁:၆) ၂။သံသယများ- ဘုရားသခင်သည် သံသယများနှင့် မေးခွန်းများရှိနေသူများကို တွေ့ပြီး ဘုရားသခင်အား ရိုးသားစွာရှာဖွေရန်နှင့် ယေရှုနှင့်ပတ်သက်သော အမှန်တရားကို သိမြင်ရန် ယုံကြည်ခြင်းကိုပေးရန် ဆုတောင်းပါ။ (မာကု ၉:၂၄)၊ ၃။မသေချာခြင်း- ယေရှုအကြောင်း သေချာစွာမသိသောသူများသည် ခရစ်တော်၏သွန်သင်ချက်များကိုကြားနာရန်၊ နှုတ်ကပတ်တော်များကို ဆန်းစစ်ကာ၊ ခရစ်တော်၏သတင်းကောင်းသည် ဘုရားသခင်ထံမှ အမှန်တကယ်ဖြစ်ကြောင်း သိရှိနိုင်စေရန် ဆုတောင်းပါ။ (ယောဟန် ၇:၁၆-၁၈)

  4. Sep 20

    သန့်ရှင်းသော ဝိညာဉ်တော် လှုပ်ရှားနိုင်စေရန် ဆုတောင်းချက်များ

    သန့်ရှင်းသောဝိညာဉ်တော်လှုပ်ရှားနိုင်စေရန်ဆုတောင်းချက်များ ၁။သန့်ရှင်းသောဝိညာဉ်တော်သည်မယုံကြည်သူများကိုသူ၏ဖြစ်ခြင်းကိုပြသရန်ဆုတောင်းပါ- သန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုနှင့်ပတ်သက်သော သမ္မာတရားကို ဗုဒ္ဓဘာသာလောကရှိလူတို့အား ထုတ်ဖော်ပြသရန် ဆုတောင်းပါ။ (ယော ၁၆:၈-၁၁; ၁ ကောရိန္သု ၁၀:၉-၁၆) ၂။သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့နှင့်အတူလျှောက်လှမ်းပေးရန်ဆုတောင်းပါ- ဘုရားသခင်၏ဝိညာဉ်တော်သည် သတင်းကောင်းအတွက်လမ်းကိုပြင်ဆင်ပြီး ကယ်တင်ခြင်း၏အသီးအနှံကိုကြီးထွားစေမည်အကြောင်း ဆုတောင်းပါ။ (ဆာလံ ၁၃၉၊ ဟေရှာယ ၄၅) ၃။သန့်ရှင်းသောဝိညာဉ်တော်သည်ကျွန်ုပ်တို့အားစကားပြောရန်ဆုတောင်းပါ- ယုံကြည်သူများသည် သန့်ရှင်းသောဝိညာဉ်တော်၏အသံကို သိရှိနားလည်သိရှိနိုင်ပြီး သတင်းကောင်းကိုဝေမျှကာ တပည့်ဖြစ်စေခြင်းဖြင့် သူ၏လမ်းညွှန်မှုကို လိုက်နာနိုင်စေရန် ဆုတောင်းပါ။ (ယော ၁၆း၁၃-၁၅)

  5. Sep 13

    ဘုရားသခင်သည် သာမန်လူများကို အသုံးပြုရန် ဆုတောင်းခြင်း

    ဘုရားသခင်သည်သာမန်လူများကိုအသုံးပြုရန်ဆုတောင်းခြင်း ၁။ဘုရားသခင်သည်သာမန်လူများကိုအသုံးပြုသည်- ဘုရားသခင်သည် ဗုဒ္ဓဘာသာလောကရှိ သာမန်ယုံကြည်သူများကို သတင်းကောင်းဝေငှရန်နှင့် တပည့်တော်မွေးထုတ်သူများဖြစ်စေရန် ဆုတောင်းပါ၊ ကိုယ်တော်၏တန်ခိုးသည် လူ့အစွမ်းအစ သို့မဟုတ် အဆင့်အတန်းဖြင့် ကန့်သတ်မထားကြောင်း ပြသရန် ဆုတောင်းပါ။ (၁ ကောရိန္သု ၁:၂၆–၃၁) ၂။ဘုရားသခင်သည်ကျွန်ုပ်တို့အားအမှုတော်ထမ်းဆောင်ရန်အတွက်ယုံကြည်မှုရှိစေပြီးအရည်အချင်းပြည့်မီစေသည်- ယုံကြည်သူများသည် အရည်အချင်းမပြည့်မီဟု ခံစားရသည့်အခါ ဘုရားသခင်အား သစ္စာရှိစွာ ဝတ်ပြုကိုးကွယ်ပြီး လိုအပ်သမျှကို ဘုရားသခင်ကို ပေးနိုင်ကြောင်း ယုံကြည်ကြရန် ဆုတောင်းပါ။ (၂ ကောရိန္သု ၃:၄–၆) ၃။လူများအံ့အားသင့်ကြမည်- ဘုရားသခင်သည် လူတို့အား သူ့တန်ခိုးတော်ကို မြင်တွေ့စေပြီး ယေရှုခရစ်တော်ကို သတိပြုမိစေမည့် နည်းလမ်းများအားဖြင့် သာမန်ယုံကြည်သူများကို အသုံးပြုပြီး လုပ်ဆောင်တော်မူမည်အကြောင်း ဆုတောင်းပါ။ (တမန်တော်ဝတ္ထု ၄:၁၃)

  6. Sep 6

    ဘုရားသခင်နှင့် ပိုမိုနက်ရှိုင်းသောဆက်ဆံရေးအတွက် ဆုတောင်းခြင်း

    ဘုရားသခင်နှင့်ပိုမိုနက်ရှိုင်းသောဆက်ဆံရေးအတွက်ဆုတောင်းခြင်း ၁။ဘုရားသခင်အတွက်ဆာငတ်ခြင်း- ကမ္ဘာတစ်ဝှမ်းရှိ ယုံကြည်သူများသည် ဘုရားသခင်ကို သိကျွမ်းလိုသော ဆာငတ်ခြင်း ပိုမိုနက်ရှိုင်းလာစေရန်နှင့် စိတ်နှလုံးအကြွင်းမဲ့ဖြင့် ကိုယ်တော်ကို ရှာဖွေလိုသောဆန္ဒ ပိုမိုနက်ရှိုင်းလာစေရန် ဆုတောင်းပါ။ (ဆာလံ ၄၂:၁) ၂။ပိုမိုနက်ရှိုင်းသောဆုတောင်းခြင်းအသက်တာ- မယုံကြည်သူတိုင်းနိုင်ငံအတွက် ကြားဝင်ဆုတောင်းသူများသည် ၎င်းတို့၏ ဆုတောင်းခြင်းအသက်တာ ကြီးထွားလာစေရန် ဆုတောင်းပါ။ (ဆာလံ ၈၆:၁၁) ၃။ဘုရားသခင်၏အသံကိုကြားခြင်း- ယုံကြည်သူများသည် ဘုရားသခင်၏ အသံကို ကြားရန်၊ ကိုယ်တော်၏ နှုတ်ကပတ်တော်ကို နားလည်ရန်နှင့် ကိုယ်တော်နောက်သို့ လိုက်လျှောက်သောအခါ ကိုယ်တော်၏ လမ်းညွှန်မှုကို သိရှိရန် ဆုတောင်းပါ။ (ယေရမိ ၃၃:၃)

  7. Aug 30

    မယုံကြည်သူများအတွက် ကိုယ်စားတိုက်ပွဲဝင်ရန် ဆုတောင်းချက်များ

    မယုံကြည်သူများအတွက်ကိုယ်စားတိုက်ပွဲဝင်ရန်ဆုတောင်းချက်များ ၁။မယုံကြည်သူများ၏ဘဝထဲရှိရန်သူစာတန်၏အလုပ်လုပ်ခြင်းကိုကျော်လွှားအောင်မြင်ရန်- ယေရှုကိုသိခြင်းဉာဏ်ပညာမှ လူများကို ဆီးတားနေတဲ့ အဆီးအတားအားလုံးကို ဖယ်ရှားပေးရန် ဆုတောင်းပါ။  (၂ ကော ၄:၄) ၂။ဝိညာဉ်တိုက်ပွဲဝင်ခြင်းကိုဘယ်တော့မှလက်မလျှော့ရန်- ယုံကြည်သူများသည် မယုံကြည်သူများအတွက် ဆုတောင်းခြင်း၊ သာသနာပြုခြင်းမှာ ဘယ်တော့မှ လက်မလျှော့ဖို့ ဆုတောင်းပါ။ (၂ ကောရိန္သု ၁၀:၃-၅) ၃။သူတို့အပေါ်ထားသောကျွန်ုပ်တို့၏နှလုံးသားကြောင့်မေတ္တာဂရုဏာကိုမြင်တွေ့ခံစားလာရစေရန်- ယုံကြည်သူများရဲ့ သစ္စာရှိစွာ ပေးဆပ်ခြင်းကိုမြင်ပြီး မယုံကြည်သူများဟာ ခရစ်တော်ရဲ့မေတ္တာကို ခံစားလာရစေရန် ဆုတောင်းပါ။ (သုတ္တံ ၁၈:၂၄)

  8. Aug 23

    ယုံကြည်သူများသည်ဗုဒ္ဓဘာသာဝင်များကိုကျွေးမွေးပြုစုကြရန်ဆုတောင်းချက်များ

    ယုံကြည်သူများသည်ဗုဒ္ဓဘာသာဝင်များကိုကျွေးမွေးပြုစုကြရန်ဆုတောင်းချက်များ ၁။ဘုရားသခင်၏သိုးများကိုကျွေးမွေးပါ- ယုံကြည်သူများသည် ယေရှု၏တပည့်တော်အသစ်များကို သစ္စာရှိရှိ ပြုစုစောင့်ရှောက်ကြရန်နှင့် ဘုရားသခင့်နှုတ်ကပတ်တော်အားဖြင့် ယုံကြည်ခြင်းခိုင်ခံ့လာစေရန် ဆုတောင်းပါ။ (ယော ၂၁:၁၅-၁၇) ၂။စစ်မှန်သောချစ်ခြင်း- ခရစ်ယာန်များသည် အခြားသူများကိုအစေခံရန် သူတို့၏အချိန်၊ သူတို့ရှိသောအရာများနှင့် သူတို့အသက်တာကို တလိုတလားပေးဆပ်ခြင်းဖြင့် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို ပြသနိုင်ရန် ဆုတောင်းပါ။ (ယော ၁၅:၁၃)၊ ၃။တည်တံ့ခိုင်မြဲသောဆက်ဆံရေးနှင့်တပည့်တော်မွေးထုတ်ခြင်း- ယုံကြည်သူများသည် ဝိညာဉ်ရေးကြီးထွားမှုကို အားပေးပြီး ခိုင်ခံ့မြဲမြံသော၊ သစ္စာရှိသော၊ တည်မြဲသော ရင်းနှီးမှုများကို တည်ဆောက်နိုင်ရန် ဆုတောင်းပါ။ (သုတ္တံ ၁၇:၁၇)

About

အပတ်စဉ်ဆုတောင်းခြင်းအစီအစဉ်များအား နားထောင်ပြီး လမ်းညွှန်ထားသော ဆုတောင်းချက်များအတိုင်း ဗုဒ္ဓဘာသာကိုးကွယ်သောတိုင်းနိုင်ငံများအတွက် ဆုတောင်းပါ။ အပတ်စဉ်တိုင်းတွင် မတူညီသောဦးတည်ချက်တစ်ခုစီအတွက် ဆုတောင်းကြမည်ဖြစ်သည်။ သင့်မိတ်ဆွေများ၊ မိသားစုဝင်များသာမက အသင်းတော်နှင့်အတူလည်း ပါဝင်နိုင်ပါသည်။   ဆုတောင်းခြင်းအစီအစဉ်အပိုင်းသစ် ထုတ်လွှင့်သည့်အချိန်တိုင်း ဤနေရာတွင် တင်ပေးမည်ဖြစ်ပါသည်။ အပိုင်းသစ်များ လွတ်သွားမည်ကို စိတ်ပူစရာမလိုအပ်ပါ။   ကျွန်ုပ်တို့နှင့်အတူ ဆုတောင်းခြင်း၌ ပါဝင်မှုအတွက် အထူးကျေးဇူးတင်ရှိပါသည်။ သင့်ဆုတောင်းချက်အလွန်အရေးပါကြောင်း ကျွန်ုပ်တို့ ယုံကြည်ပါသည်။