တခန်းရပ်ပေါ့ဒ်ကတ်စ်များ

Burma Podcast Network

ယခုအစီအစဥ်သည် ခေတ်ပေါ်အိမ်စီးကားတွေကြား ရံဖန်ရံခါ ပြည်လမ်းမပေါ် တက်လာတတ်သော လိပ်ခုံးကားကလေးနှင့်တူနေနိုင်ပါသည်။ တစ်နေ့တာလုပ်ငန်းပြီးလို့ ညအချိန်ရောက်တဲ့အခါ ဟိုတစ်ချိန်က ရေဒီယိုဇာတ်လမ်းတွေလို လူသားများစွာရဲ့ဘဝတွေထဲက ရယ်စရာ၊ မောစရာ၊ သံဝေဂရစရာ အဖြစ်တွေကို ခံစားနိုင်ဖို့ဖြစ်ပါတယ်။ ပလာတာဆရာကြီးတွေ မိုင်လိုတို့ ချောကလက်တို့နဲ့ အဟောင်းကို အားပြုပြီး အသစ်ထွင်သလို ခေတ်ပေါ် လူအဖွဲ့အစည်းနဲ့ ကိုက်ညီသင့်တော်တဲ့ စကားလုံးတွေ၊ စံတန်ဖိုးသတ်မှတ်ချက်တွေ၊ ထုတ်လုပ်ရေးစနစ် နဲ့ အသံပံ့ပိုးမှုတွေပါဝင်ဖို့ အချိန်လုပ်အား​၊ ဉာဏ်အင်အားတွေနဲ့ ပူးပေါင်းဖန်တီးထားတဲ့ အစီစဥ်တစ်ခုဖြစ်ပါတယ်။

Episodes

  1. EP 002: အွန်လိုင်း အော်ပရာ

    5D AGO

    EP 002: အွန်လိုင်း အော်ပရာ

    ထမင်းစား My Day တင်၊ ခြင်ကိုက်တဲ့အကြောင်း ပို့စ်အရှည်ကြီးတင်၊ အိပ်မပျော် Live လွှင့် ဆိုတဲ့ မိတ်ဆွေတွေရှိသလို ပါရဂူဘွဲ့ရရ၊ ဟိမဝန္တာတောင်တက်တက်၊ ဂင်္ဂါမြစ်ထဲဖုန်းပြုတ်ပဲကျကျ ဘယ်သူမှသိစရာမလိုဘူးဆိုတဲ့ မိတ်ဆွေတွေလည်း အများကြီးရှိပါတယ်။ အခု အွန်လိုင်းအော်ပရာ ဆိုတဲ့ Radio အသံဇာတ်လမ်းက Social Media ပေါ်ငွေကြေးနဲ့ လူမှုသြဇာတည်ဆောက်တဲ့ ရေစီးကြောင်းမှာ အလုံးစုံ စီးမြောသူတွေနဲ့ ချင့်ချိန်သူတွေကြား အတွန်းအတိုက်ဖြစ်စဥ်တွေကို စိတ်ကူးပုံဖော်တင်ဆက်ထားခြင်းဖြစ်ပါတယ်။ မဝါဆိုအဖြစ် မြတ် ကြေးမုံအဖြစ် Tohn နောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦး Produced by ©Burma Podcast Network In collaboration with Doh Hlay. Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    8 min
  2. EP 001: ကုန်စုံဆိုင် အော်ပရာ

    12/06/2025

    EP 001: ကုန်စုံဆိုင် အော်ပရာ

    တခန်းရပ်ပေါ့ကတ်စ်များရဲ့ ပထမဆုံးအပိုင်းဖြစ်တဲ့ “ကုန်စုံဆိုင်အော်ပရာ” ကို နားဆင်သူတွေလက်အပ်လိုက်မှာမို့ ကောင်း၊ မကောင်း ဝေဘင်စောကြောပေးလို့ရပါပြီ။ မိုးခါးရွာတဲ့ကာလမှာ ကိုယ်ကောင်းရင်ခေါင်းမရွေ့ဘူးလို့ တင်းမာတောင့်ခံကြသူတွေရဲ့ အဖြစ်အပျက်တချို့ကို BPN က ကောက်နုတ်ဇာတ်လမ်းဆင်ထားပါတယ်။ ကိုယ့်ရဲ့အပြုအမူသေးသေးလေးတွေဟာ ကိုယ့်ဝန်းကျင်ကို ဘယ်လိုအကျိုးဆက်အနေနဲ့ တုန့်ပြန်ထောက်ကူလည်ပတ်နေလဲဆိုတာ ဒီဇာတ်လမ်းမှာ ကွက်ကွင်းစွာ ပုံဖော်ထားပါတယ်။ ဇာတ်လမ်းကိုလည်း ဟိုးတုန်းက အသံဇာတ်လမ်းတွေခေတ်စားခဲ့တဲ့ကာလက ဖန်တီးခဲ့ကြတဲ့ ပုံစံတချို့ကို မှီးပြီးတော့ ပေါင်းစပ်ဖန်တီးထားပါတယ်။ နားဆင်ကြရင်း တစ်ခေတ်တစ်ခါနဲ့ ကိုယ့်ပတ်ဝန်းကျင်ကို အလွမ်းဖြေနိုင်ပါလိမ့်မယ်။ ဒါ့ပြင် အခုအခါမှာကြုံနေရတဲ့ အသေးစိတ်ပြဿနာလေးတွေကို ဆင်ခြင်ဖေးမ ကျော်လွှားနိုင်ကြဖို့၊ ပတ်ဝန်းကျင်ကောင်းတွေ ဖန်တီးနိုင်ကြဖို့ ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။ ကုန်စုံဆိုင်ပိုင်ရှင် ကိုတရုတ် အဖြစ် ဦးချမ်းအေး စျေးဝယ်သူ အန်တီ အဖြစ် အန်တီအေး မိုးငယ် အဖြစ် ယွန်းမြတ်သွယ် ကိုလူငယ် အဖြစ် ကိုစိုးထက်ဦး ကိုတင်အောင် အဖြစ် ကိုစနေ နောက်ခံစကားပြောသူ BPN ဝိုင်းတော်သား တစ်ဦး Produced by ©Burma Podcast Network In collaboration with Doh Hlay. Executive Producer - Ariel Maung Creative Lead - Ba Hein Art Direction - Saw Chit Piano (Myanmar Tune) - Lin Lett Visual & Audio Expert - Kevin Production Assistant - Mookie Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    14 min

About