ရုပ်ရှင်သောတဆင်

Cinema Boulevard

Cinema Boulevard က အပတ်စဥ် ထုတ်လုပ်တင်ဆက်တဲ့ နားဆင်၊​ ခံစား၊ သက်ဝင် ရုပ်ရှင် podcast

Episodes

  1. 8h ago

    ပုံမှန်မဟုတ်တဲ့ "နော်မန်"

    ရုပ်ရှင်သောတဆင် Podcast ရဲ့ Halloween အထူးအပိုင်း (၆) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က သရဲတစ္ဆေတွေကို မြင်နိုင်ပြီး စကားပြောနိုင်တဲ့ ထူးဆန်းကောင်လေး Norman အကြောင်းပြောပြထားတဲ့ Laika စတူဒီယိုရဲ့ stop-motion လက်ရာ ParaNorman (2012) ရုပ်ရှင်အကြောင်း အမှတ်တရတွေကို ပျော်ပျော်ရွှင်ရွှင် ရယ်ရယ်မောမော ဆွေးနွေးခဲ့ကြပါတယ်။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.org https://facebook.com/cinemaboulevardmm https://instagram.com/cinemaboulevardmm https://youtube.com/@cinemaboulevardmm (00:00) မိတ်ဆက် (01:47) ParaNorman ကို စကြည့်ခဲ့တုန်းက အမှတ်တရများ (04:36) သရဲမြင်ရတဲ့ Norman ရဲ့ အထီးကျန်ဘဝနဲ့ မိသားစုဆက်ဆံရေး (09:03) အကောင်းဆုံးသူငယ်ချင်း Neil နဲ့ ဦးလေးရဲ့ သတိပေးချက် (12:18) နှစ် ၃၀၀ ကျိန်စာနဲ့ Norman ခေါင်းပေါ်ကျလာတဲ့တာဝန် (14:33) နိုးထလာတဲ့ Zombie တွေနဲ့ မြို့တော်ခန်းမက အလွဲများ (22:13) Aggie ရဲ့ ဝမ်းနည်းဖွယ် နောက်ခံသမိုင်း (28:17) နားမလည်နိုင်တဲ့အရာကို တိုက်ခိုက်တတ်တဲ့ လူတွေရဲ့သဘာဝ (40:42) LAIKA ရဲ့ Stop-Motion လက်မှုအနုပညာနဲ့ AI ခေတ် (50:52) LAIKA ရုပ်ရှင်သစ် Wildwood နဲ့ Stop-Motion အနာဂတ် (58:35) ParaNorman ရဲ့ သမိုင်းမှတ်တိုင် (01:00:29) နှုတ်ဆက်

    ပုံမှန်မဟုတ်တဲ့ "နော်မန်"
  2. 2d ago

    လူသိပိုများသင့်တဲ့ Forgotten Island

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၅) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က DreamWorks Animation က အသစ်ထွက်ရှိလာတဲ့ Forgotten Island ရုပ်ရှင်အကြောင်း ဆွေးနွေးခဲ့ကြပါတယ်။ ဖိလစ်ပိုင် ဒဏ္ဍာရီအငွေ့အသက်တွေနဲ့ Alice in Wonderland၊ The Hangover နဲ့ Eternal Sunshine of the Spotless Mind ရုပ်ရှင်တို့ကို ပေါင်းစပ်ထားသလို ခံစားရတဲ့ ဒီအန်နမေးရှင်းရုပ်ရှင်ဟာ ကြည့်ပျော်ရုံထက် အများကြီးပိုတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပြီး လူသိပိုများဖို့ ဘာကြောင့်ထိုက်တန်တယ်ဆိုတဲ့အကြောင်းကို ဒီအပိုင်းမှာ နားဆင်ရမှာပါ။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.org https://facebook.com/cinemaboulevardmm https://instagram.com/cinemaboulevardmm https://youtube.com/@cinemaboulevardmm (00:00) မိတ်ဆက် (01:10) ကြည့်ပြီးပြီးချင်းခံစားချက် (02:04) ရုပ်ရှင်ထဲက ဖိလစ်ပိုင်ယဥ်ကျေးမှုများ (07:11) Jo နဲ့ Raissa ရဲ့သူငယ်ချင်းဆက်ဆံရေး (12:15) အမေ့လျော့ခံကျွန်းကို အလည်တစ်ခေါက် (14:32) အထာကျတဲ့သမန်းခွေးအပေါ်အမြင် (17:23) ရုက္ခစိုး Batiba နဲ့ မှတ်ဉာဏ်အလဲအထပ် (24:40) အမြင်ဆန်းသစ်တဲ့ ဇာတ်ပို့များ (31:18) ဖိလစ်ပိုင်ဒဏ္ဍာရီထဲက Manang (40:25) တကျော့ပြန် Batiba နဲ့ မှတ်ဉာဏ်တွေအလုပ်လုပ်ပုံ (49:20) အသက်ကြီးလာတာနဲ့အမျှ ဝေးကွာလာတဲ့ သူငယ်ချင်းများ (56:30) အန်နမေးရှင်းရုပ်ရှင်တွေထဲက အရှေ့တောင်အာရှ (01:04:50) ဒီရုပ်ရှင်က လူသိမနည်းခဲ့သင့်ဘူး (01:08:26) နှုတ်ဆက်

    လူသိပိုများသင့်တဲ့ Forgotten Island
  3. Oct 23

    The Invite: ထုတ်မပြောဖြစ်တဲ့ စကားများကို ဖိတ်ခေါ်ခြင်း

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၄) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က The Invite (2026) ရုပ်ရှင်ထဲက Joe နဲ့ Angela ဆိုတဲ့ ဇာတ်ကောင်တစ်ယောက်စီရဲ့ ရှုထောင့်ကနေတဆင့် ဇာတ်ကွက်တစ်ခုချင်းစီ အသေးစိတ် လေ့လာဆွေးနွေးခဲ့ကြပြီး ဒီနေ့ခေတ် ချစ်သူ၊ အိမ်ထောင်ဖက်တွေကြားက ထုတ်ဖော်မပြောဖြစ်ခဲ့တဲ့ စကားတွေ၊ နားထောင်မပေးခံရတဲ့ ခံစားချက်တွေနဲ့ ဆေးမြီးတိုဆက်ဆံရေးတွေအကြောင်းကို ကိုယ်ပိုင်အတွေ့အကြုံ၊ အတွေးအမြင်တွေနဲ့ ဆက်စပ်ပြီး ပြောဆိုခဲ့ကြပါတယ်။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.orghttps://facebook.com/cinemaboulevardmmhttps://instagram.com/cinemaboulevardmmhttps://youtube.com/@cinemaboulevardmm (00:00) မိတ်ဆက် (01:28) အဖွင့်စာသား အတွေးအမြင် (03:40) ရုပ်ရှင်အဖွင့် (09:34) သက်တမ်းရှည်စုံတွဲတွေ ဘာကြောင့်ကြည်နူးမှုပျောက်ဆုံး (13:05) ညစာအကြိုရန်ပွဲ (18:04) အပြင်လူတွေဆီက ရှာဖွေနေတဲ့ အသိအမှတ်ပြုမှု (24:56) ပြဿနာဖြေရှင်းပုံကွာတဲ့ အမျိုးသားနဲ့ အမျိုးသမီး (31:02) အလျှော့မပေးချင်ကြတဲ့ ဒီနေ့ခေတ်ဆက်ဆံရေးများ (38:28) အိမ်ရှင်နဲ့ ဧည့်သည်စုံတွဲ ကွာခြားချက်များ (44:53) အသက်အရွယ်အလိုက် ပြောင်းလဲမှုများ၊ ဖိအားများ၊ မျှော်လင့်ချက်များ (51:26) အိမ်နီးချင်းစုံတွဲရဲ့ လျှို့ဝှက်ချက် (55:40) စုံတွဲတွေကြားက ရုပ်ပိုင်းဆိုင်ရာ လိုအပ်ချက်များ (01:05:38) အိမ်နီးချင်းစုံတွဲက ကမ်းလှမ်းတဲ့ထွက်ပေါက် (01:10:51) ဆေးမြီးတိုဆက်ဆံရေးများ (01:26:42) အတိတ်နေ့ရက်များကို ပြန်တူးဆွတဲ့အခါ (01:32:08) ကိုယ့်မပျော်ရွှင်မှုတွေကို ဘာကြောင့်သူများလက်ညိုးထိုး (01:41:28) ဘယ်လိုပြန်စတင်ကြမလဲ (01:49:58) The Invite ရဲ့အဓိပ္ပါယ် (01:53:21) The Invite ကို ဘာကြောင့်ကြည့်သင့်သလဲ (01:57:10) နှုတ်ဆက်

    The Invite: ထုတ်မပြောဖြစ်တဲ့ စကားများကို ဖိတ်ခေါ်ခြင်း
  4. Oct 16

    မျှော်လင့်ချက်မဲ့ခဲ့တဲ့ Hope (2026)

    ရုပ်ရှင်သောတဆင် Podcast ရဲ့ အပိုင်း (၃) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က ဒါရိုက်တာ Na Hong-jin ရဲ့ ၁၀ နှစ်အကြာ တကျော့ပြန် Hope (2026) ရုပ်ရှင်အပေါ် စိတ်မကျေမနပ်ဖြစ်ရတဲ့အကြောင်းအရင်းတွေကို ဆွေးနွေးခဲ့ကြသလို ရုပ်ရှင်ထဲမှာ အဖြေမပေးဘဲ ချန်ထားခဲ့တဲ့ မေးခွန်းတွေကိုလည်း ကြိုးစားအဖြေရှာကြည့်ခဲ့ကြပါတယ်။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.org https://facebook.com/cinemaboulevardmm https://instagram.com/cinemaboulevardmm https://youtube.com/@cinemaboulevardmm (00:00) မိတ်ဆက် (00:33) ကြည့်ပြီးပြီးချင်း ခံစားချက် (01:13) မြို့နာမည်ရဲ့ထူးခြားချက် (03:12) ရုပ်ရှင်ရဲ့ ပထမ ၁ နာရီအကြောင်း (09:05) ဂြိုလ်သား CGI အပေါ်အမြင် (14:35) ဂြိုလ်သားကလေးလေးမိတ်ဆက် (21:03) ဂြိုလ်သားတစ်ယောက်စီရဲ့ အခန်းကဏ္ဍ (29:54) အဖြေမရှိသွားတဲ့မေးခွန်းများ (37:41) လူတွေ၊ ဂြိုလ်သားတွေနဲ့ ဒါရိုက်တာအမြင်တွေ (50:48) ဇာတ်ကောင်ချဥ်းကပ်မှု (53:43) မတင်မကျအက်ရှင်ဇာတ်ဝင်ခန်းများ (01:03:19) ပျက်ကျလာတဲ့ ယာဥ်ပျံကြီးနဲ့ မေးခွန်းတွေ ပိုများလာတဲ့ ဇာတ်သိမ်း (01:13:14) အဆက်ထွက်မလား (01:22:38) ရှားရှားပါးပါး အားသာချက်များ (01:30:43) အဆုံးသတ်အတွေးနဲ့ မားကတ်တင်းအလံနီများ (01:36:50) နှုတ်ဆက်

    မျှော်လင့်ချက်မဲ့ခဲ့တဲ့ Hope (2026)
  5. Oct 14

    စိတ်ကျေနပ်ရတဲ့ Spider-Man: Brand New Day

    ရုပ်ရှင်သောတဆင် ပေါ့ဒ်ကတ်စ်ရဲ့ အပိုင်း (၂) မှာ ငွေယံသွန်းနဲ့ ပြည့်တို့က မကြာသေးခင်က ဒစ်ဂျစ်တယ်ထွက်ရှိလာခဲ့တဲ့ Spider-Man: Brand New Day ရုပ်ရှင်အပေါ် အတွေးအမြင်တွေနဲ့ အနာဂတ် Spider-Man ရုပ်ရှင်တွေအတွက် မျှော်လင့်ချက်တွေကို ဆွေးနွေးခဲ့ကြသလို နောက်ဆုံးမှာ ကိုယ်အကြိုက်ဆုံး Live-Action Spider-Man သရုပ်ဆောင်ကိုလည်း ကိုယ်စီရွေးချယ်ခဲ့ကြပါတယ်။ Cinema Boulevard က ဒီနေရာတွေမှာ ရှိနေပါတယ်။ https://cinemaboulevard.org https://facebook.com/cinemaboulevardmm https://instagram.com/cinemaboulevardmm https://youtube.com/@cinemaboulevardmm (00:00) ကြည့်ပြီးပြီးချင်းခံစားချက် (01:28) Peter Parker ရဲ့ အထီးကျန်ဆန်မှု (05:25) Tom Holland ရဲ့ ရင့်ကျက်လာတဲ့ သရုပ်ဆောင်ပုံ (08:08) Peter နှင့် MJ တို့ရဲ့ ဆက်ဆံရေး (18:44) Ned နှင့် ပြန်လည်ဆုံတွေ့ခြင်း (21:44) Street-Level ရန်သူများ (23:33) Bruce Banner / The Hulk ရဲ့ အခန်းကဏ္ဍ (26:31) အမိုက်စား Action အခန်းများ (33:28) MCU ထဲက Jean Grey (35:06) Jean Grey ရဲ့ ရည်ရွယ်ချက်နှင့် လုပ်ရပ်များ (41:18) Spider-Man ရဲ့ ရန်သူများ (47:24) အထက်တန်းကျောင်းသားဘဝကို ကျော်လွန်ပြီး ရင့်ကျက်လာပုံ (51:41) New York မြို့ပြမြင်ကွင်းများနှင့် ဒါရိုက်တာရဲ့ ရိုက်ကူးတင်ဆက်မှု (57:24) Post-Credits Scene အပေါ်အမြင် (01:01:05) Spider-Man ရဲ့ အနာဂတ်နှင့် Miles Morales ပါဝင်လာနိုင်ခြေ (01:06:55) ဘယ်သူက အကောင်းဆုံး Live Action Spider-Man လဲ (01:13:26) နှုတ်ဆက်

    စိတ်ကျေနပ်ရတဲ့ Spider-Man: Brand New Day

About

Cinema Boulevard က အပတ်စဥ် ထုတ်လုပ်တင်ဆက်တဲ့ နားဆင်၊​ ခံစား၊ သက်ဝင် ရုပ်ရှင် podcast