Straight Forward by Shoon Naing

Burma Podcast Network

Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။ နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း သိကြပါတယ်။ လူငယ်ဘဝမှာ လူကြီးကြိုက်အောင် နေခဲ့သူတွေကတော့ ဒီအရှိန်ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ အဲ့အရှိန်ဆိုတာကြီးက မှန်တာ/မှားတာ တရားတာ/မတရားတာ မဟုတ်ဘူး ပြင်းအားသက်သက်ပါပဲ။ လူ့အဖွဲ့အစည်းရဲ့ တံတိုင်းတွေ၊ ချည်နှောင်မှုတွေ၊ သံကွန်ချာတွေကို ဒီအရှိန်နဲ့ပဲ ရုန်းထွက်ကြတယ်။ အခု Podcast မှာ ဒီအရှိန်တစ်ခုကို ကောင်းကောင်းကြီး ခံစားရမယ်လို့ အာမခံပါတယ်။

ตอน

  1. 04/10/2568

    EP 004: ခရီးသွားတဲ့မှို

    ဒီတစ်ပတ်ရွှန်းနိုင်ရဲ့အစီစဉ်က စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။ ပြည့်နေဆို စကားဝိုင်းထဲမှာ ညိုကီ FM က ကိုဗဟိန်းကလည်းပါတာကိုး။ ဒါပေမဲ့ အဓိက ဇာတ်လိုက်ကျော်ကြီးကတော့ ခရီးသည်ညိုကီတစ်ဦးပါပဲ။ သူတို့ဆွေးနွေးထားတဲ့အကြောင်းအရာက ခရီးသွားတဲ့မှို အကြောင်းပါ။ အဲ့ဒီမှိုစားပြီးနောက်မှာ ခံစားရတဲ့အခြေအနေကို ဗန်းစကားအနေနဲ့ Trip တယ်၊ ခရီးသွားတယ်လို့ သုံးကြတယ်။ ဒီအပိုင်းမှာ မှိုခရီးသည်ကြီးရဲ့ ဒေသန္တရအတွေ့အကြုံတွေ နားဆင်ရမယ့်အပြင် စနစ်တကျ စပ်စုတတ်တဲ့ ရွှန်းနိုင်၊ အာဝဇ္ဇန်းကောင်းတဲ့ညိုကီတို့ရဲ့ မူးယစ်ဆေးဝါးဆိုင်ရာ ပုဂ္ဂလဓိဋ္ဌာန်တွေ ဆွေးနွေးထားပါတယ်။ နားထောင်ကြသူမိတ်ဆွေတို့လည်း ဗဟုသုတနဲ့ စဉ်းစားစရာတွေအများကြီး ပွားကြလိမ့်မယ့်လို့ ယုံကြည်မျှဝေလိုက်ပါတယ်။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    51 นาที
  2. 09/08/2568

    EP 003: ဝိသမလောကသား

    ဝိသမလောဘနဲ့ မျက်စိမှားနေကြပြီလား။ တကယ်က ဝိလို့ခေါ်ကြတဲ့ ဆေးခြောက်ကို သမကြတဲ့ လောကအကြောင်းကို တင်ဆက်မယ့်အပိုင်းပါ။ ဒါ့အပြင် တစ်ချိန်ကမြန်မာပြည်မှာ မိတ်ဆွေတို့ ဝယ်ယူစားသုံးခဲ့ကြတဲ့ “သင့်ရဲ့ပုံမှန်မဟုတ်သောချော့ကလက်ကိတ်မုန့်” ဖြစ်လာပုံကိုလည်း အလွမ်းပြေနားဆင်ကြရမှာဖြစ်ပါတယ်။ ဒီအစီအစဉ်မှာတင်ဆက်တဲ့အကြောင်းအရာတွေက မူးယစ်ထုံထိုင်းစေတဲ့အရာတွေနဲ့ပတ်သက်ပြီး လူတစ်ဦးချင်းစီတွေရဲ့ တွေ့ကြုံခံစားရပုံတွေနဲ့ ဖြတ်သန်းမှုကို မှတ်တမ်းတင်တဲ့ ပုံစံဖြစ်ပါတယ်။ ဒါ့ကြောင့်နားဆင်ကြသူတွေအနေနဲ့ မိမိတို့ရဲ့ပုဂ္ဂလဆင်ခြင်တုံတရားနဲ့ ယှဉ်ထိုးစဉ်းစား ဆုံးဖြတ်ကြရမှာဖြစ်ကြောင်း အစီစဉ်မှူးရွှန်းနိုင်က ရှင်းလင်းထားပါတယ်။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    32 นาที
  3. 28/06/2568

    EP 002: ဆရာကြီးပြောတဲ့ မူးယစ်ဆေးနဲ့လောင်းကစား

    ဒီတစ်ပတ် Podcast မှာတော့ အာဏာသိမ်းပြီးခါစ ဆန္ဒပြချိန်ကာလတွေနဲ့ နောက်ပိုင်းကာလ ရန်ကုန်မြို့ပြထဲ ပေါ်ပေါက်လာတဲ့ Night Life ပုံစံအသစ်၊ အဲ့ကနေမှတဆင့် လောက်ကိုင်မြို့မှာ ရှိနေတဲ့ ကာစီနိုရုံတွေ အကြောင်း၊ မူးယစ်ဆေးဝါးတွေအကြောင်းကို ကိုယ်တိုင်ကြုံတွေ့ဖြတ်သန်းခဲ့တဲ့ "ဆရာကြီး” လို့ အမည်ဝှက်ခေါ်တဲ့ လူငယ်တစ်ယောက်နဲ့ ရွှန်းနိုင်က တဲ့မေးထားတာတွေကို နားဆင်ရမှာပါ။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    47 นาที
  4. 17/05/2568

    EP 001: ဘိန်းစားတစ်ယောက်အကြောင်း

    ဘိန်းစား တယ်ဆိုတာ မူးယစ်ဆေးဝါး သုံးသူတွေထဲမှာ အတော်အဆင့်မြင့်တဲ့ အထဲပါတယ်လို့ ပြောလို့ရတယ်။ ငွေကြေးလိုအပ်ချက်ရယ်၊ အသက်အန္တရာယ်ရယ်၊ နှစ်ရှည် ထောင်ကျနိုင်တဲ့ပုဒ်မတွေရယ်၊ ဒါတွေအားလုံးကို ရင်းပြီးမှ "ဘိန်းစား" ဖြစ်ခွင့်ရှိကြတာ။ ရုပ်ရှင်တွေ၊ စာအုပ်တွေ၊ ကျန်းမာရေး ပညာပေးတွေက ပြောတဲ့ ဘိန်းစားတဲ့ ဇာတ်ကြောင်းနဲ့ ကိုယ်တိုင်ဘိန်းစားတစ်ဦးအဖြစ် ကျေနပ်ကြည်ဖြူစွာ လက်ခံထားသူ လူငယ်တစ်ဦးရဲ့ ဇာတ်ကြောင်းဟာ ဘာတွေ ကွာခြားနေမလဲ? အဆုံးထိ အချိန်ပေး နားထောင်သူတွေပဲ သိပါလိမ့်မယ်။ ဒီလိုအကြောင်းအရာတွေ တင်ဆက်နိုင်ဖို့ အချိန်အတော်ကြာ သုတေသနပြုတာ၊ အတွေ့အကြုံ ဝေမျှပေးမယ့် မိတ်ဆွေတွေနဲ့ ယုံကြည်မှု တည်ဆောက်တာ၊ တည်းဖြတ်တာ စတာတွေ အားလုံးပြီးမှ မိတ်ဆွေတို့ နားဆင်နိုင်တဲ့ Podcast တစ်ပုဒ်ဖြစ်လာပါတယ်။ Like, Subscribe, Share လုပ်ပေးခြင်းဖြင့် Burma Podcast Network မှ နောက်ထပ်အပိုင်းများ ထုတ်လုပ်နိုင်ဖို့ ကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    45 นาที
  5. 16/05/2568

    တဲ့တိုးပြောမယ့် ရွှန်းနိုင် မိတ်ဆက်

    နားထောင်နေကြတဲ့ မိတ်ဆွေတွေ မင်္ဂလာပါ။ ကျွန်မ ရွှန်းနိုင်ပါ။ မူးယစ်ဆေးဝါးလို့ ပြောလိုက်ရင် ငယ်ငယ်က ပညာပေး အစီအစဉ်ပေါင်းများစွာကို ကျွန်မလိုပဲ အသိအာရုံထဲ စွဲနေကြမယ့်သူတွေ များမယ်ထင်တယ်။ မူးယစ်ဆေးဝါး တစ်ခုတည်းမှ မဟုတ်ပါဘူး။ နိုင်ငံပိုင် ရုပ်သံတွေကနေလွှင့်တဲ့ ခေါက်ရိုးကျိုး ပညာပေး အစီအစဉ်တွေ၊ ပြီးတော့ တက်တူးထိုး၍ လက်ဖြတ်လိုက်ရသူ အကြောင်းတို့၊ ငရဲမင်းကြီးနဲ့ တွေ့ခဲ့သူတို့ ဘာညာစတဲ့ ယုတ္တိမရှိတဲ့ ဝါဒဖြန့် ခပ်ပေါပေါ ရုပ်ရှင်တွေနဲ့ ပညာပေးဇာတ်လမ်း အမည်ခံတွေဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းထဲ ပြန့်နှံ့ခဲ့တော့ ကျွန်မတို့မျိုးဆက်နဲ့ ရှေ့မျိုးဆက်အဆက်ဆက်ရဲ့ သိမှုတွေဟာ အကန့်အသတ်တွေနဲ့ ဖြစ်ခဲ့ကြရတယ်။ ကျွန်မရဲ့ ဒီပေါ့ဒ်ကတ်စ်ဟာ ပညာပေးအစီအစဉ် မဟုတ်ပါဘူး။ မူးယစ်ဆေးဝါးရဲ့ တကယ့် အကျိုး၊အပြစ် တွေကို ပြန်ပြီးမျှဝေပေးမယ့် လူပုဂ္ဂိုလ်တွေရဲ့ တကယ့် ဘဝအဖြစ်အပျက်တွေ အကြောင်းကို အတူတူစကားပြောကြည့်ကြရင်း အတွေးတစ်ခုခုရဖို့သာ ရည်ရွယ်ပါတယ်။ ဒီပေါ့ဒ်ကတ်စ်မှာ မူးယစ်ဆေးဝါးကို နှစ်ခြိုက်စွာ သုံးစွဲသူတွေ၊ ရောင်းဝယ်သူတွေရဲ့ တွေ့ကြုံ ဖြတ်သန်းမှုတွေ၊ ပြောစကားတွေ၊ ခံစားချက်တွေ၊ အတွေးတွေကို တင်ဆက်သွားမှာပါ။ ဒါကြောင့် မေတ္တာရပ်ခံချင်တာကတော့ ဒီအစီအစဉ်ကို စိတ်ဝိညာဉ်ရော၊ နှလုံးသားကိုရော ဖွင့်ပြီးတော့ နားထောင်ပေးစေချင်ပါတယ်။ Burma Podcast Network ဆိုတာ မြန်မာနိုင်ငံအတွင်း Podcast ယဥ်ကျေးမှုကို တိုးတက်အောင်ပြုလုပ်ရင်း ခေတ်ကြပ်ကြီးကို အတူရင်ဆိုင်ဖြတ်သန်းကြဖို့ လူမှုဘဝဆိုင်ရာ အတွေးခေါ် Podcast တွေ ထုတ်လွှင့်ပေးနေတဲ့ တစ်ခုတည်းသော Podcast Network ဖြစ်ပါတယ်။ Like, Subscribe, Share လုပ်ခြင်းဖြင့် ဆက်လက်ရပ်တည်ဖို့အတွက် ပံ့ပိုးကူညီနိုင်ပါတယ်။ Burma Podcast Network မှ ထုတ်လွှင့်ထားသော Podcast များကို နားဆင်နိုင်ရန် ⁠⁠https://linktr.ee/burmapodcastnetwork⁠

    9 นาที

เกี่ยวกับ

Straight Forward by Shoon Naing ရွှန်းနိုင် တဲ့တိုး ပြောပြီပေါ့လေ၊ ဒါမှမဟုတ်လည်း တုတ်ထိုး အိုးပေါက် ပြောတတ်သူ ရွှန်းနိုင်ပေါ့။ နာမည်မှာက အရှိန်တစ်ခုပါတယ်လို့ ခံစားမိလိမ့်မယ်။ လူငယ်တွေမှာ အရှိန်တစ်ခုရှိတယ်။ ဒါကို လူငယ်ဖြစ်ဖူးကြတဲ့သူတိုင်း သိကြပါတယ်။ လူငယ်ဘဝမှာ လူကြီးကြိုက်အောင် နေခဲ့သူတွေကတော့ ဒီအရှိန်ကို နားလည်ချင်မှ နားလည်လိမ့်မယ်။ အဲ့အရှိန်ဆိုတာကြီးက မှန်တာ/မှားတာ တရားတာ/မတရားတာ မဟုတ်ဘူး ပြင်းအားသက်သက်ပါပဲ။ လူ့အဖွဲ့အစည်းရဲ့ တံတိုင်းတွေ၊ ချည်နှောင်မှုတွေ၊ သံကွန်ချာတွေကို ဒီအရှိန်နဲ့ပဲ ရုန်းထွက်ကြတယ်။ အခု Podcast မှာ ဒီအရှိန်တစ်ခုကို ကောင်းကောင်းကြီး ခံစားရမယ်လို့ အာမခံပါတယ်။